Channel Myanmar
Nathalie Cox
La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie
La Vie en Rose (2007)
Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie
Kingdom of Heaven (2005) Director’s Cut Roadshow Version
2005
4K HEVC
Christmas in Paradise (2022) 4.6
Christmas in Paradise (2022) Christmas in Paradise (2022) =====================ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 MB) / (450 MB) Quality............Web-DL 1080p / 720p / 480p Duration.........2Hr 09mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Fiona Gillen Encoder..........SWM
movie
Christmas in Paradise (2022)
2022
The Double (2013) 6.5
The Double (2013) The Double (2013) ဇာတ်လမ်းအညွှန်း*****************************Psycho/ Mystery ဆန်ဆန်ဇာတ်ကားမျိုးကို နှစ်သက်ရင်တော့ ဒီဇာတ်ကားလေးကိုကြည့်ရှုဖို့ recommend ပေးပါတယ်နော်။ကုမ္ပဏီတစ်ခုမှာ ၇ နှစ်တာအလုပ်လုပ်ခဲ့ပေမယ့် လူရေးလူတာမသိသေးတဲ့ ဆိုင်မွန်ဂျိမ်းစ် …သူ့စကားဆိုရင် ဘယ်သူကမှ အဖက်မလုပ်ကြသလို လူရာလည်းမသွင်းကြတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးပြီး ရဲရဲဝံ့ဝံ့မပြောရဲမဆိုရဲရှာသူပေါ့။ စိတ်ဝင်စားနေတဲ့ကောင်မလေးကိုလည်း ချောင်းကြည့်ရုံကလွဲပြီး ဘာမှမလုပ်ရဲတဲ့ လူပျော့လူညံ့ကလေးပေါ့။ တစ်နေ့မှာတော့ သူတို့ကုမ္ပဏီကို သူနဲ့ချွတ်စွပ်တူတဲ့လူတစ်ယောက် ရောက်လာခဲ့တယ်။ ရုပ်ရည်က ချွတ်စွပ်ပေမယ့် အကျင့်စရိုက်တွေအားလုံးက ဆန့်ကျင်ဘက်ဖြစ်နေတဲ့အခါ ...အဲဒီလူက ဘယ်သူလဲဆိုတာကို ဆိုင်မွန်နဲ့အတူ အဖြေရှာကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ) File Size          :  (2.6GB), (788MB) & (400MB) Quality            : 1080p BluRay, 720p ...
movie
The Double (2013)
Miss Willoughby and the Haunted Bookshop (2022) 5.1
Miss Willoughby and the Haunted Bookshop (2022) Miss Willoughby and the Haunted Bookshop (2022) ဇာတ်လမ်းအညွှန်း****************************************လောကမှာ သရဲတစ္ဆေဆိုတာ တကယ်ပဲရှိသလားဒါမှမဟုတ် လူတွေရဲ့ စိတ္တအာရုံ သက်သက်ပဲလားမမြင်အပ်တဲ့အရာတွေ မြင်လာရတဲ့အခါမကြားသင့်တာတွေကြားလာရတဲ့အခါတကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်လာတာလားလူတွေရဲ့ ကောက်ကျစ်တဲ့စနက်လားဆိုတာ သိနိုင်ဖို့ ခဲယဥ်းလှပါတယ်။ဒီဇာတ်လမ်းလေးထဲမှာလည်း စာအုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ဟာအသက်ကြီးလာတော့မှပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ကြုံလာရပါတယ်။ဒီလိုဖြစ်လာလို့ သူရဲ့ မိတ်ဆွေဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။သူ့မိတ်ဆွေ ခေတ်ပညာတတ်မိန်းမပျိုလေးက ဒီလို ဝိဉာဥ်လောကကို အယုံအကြည်မရှိပါဘူး။ဒါပေမယ့် ကြုံရတဲ့သူကလည်း လိမ်လည်ပြီးပြောနေတာမဟုတ်လို့ဒီနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာဆက်လက် ရှာဖွေဖော်ထုတ်ကြတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးကို ကြည့်ရင်းနဲ့ ငယ်ငယ်ကကြည့်ဖူးတဲ့ စကူဘီဒူကာတွန်းလေးကိုတောင် သတိရမိပါတယ်။မကောင်းဆိုးဝါးတွေဆိုတာ လက်တွေ့ဘဝမှာ တကယ်ရှိမလားဆိုတာကို စုံထောက်ဆန်ဆန်ရှာဖွေကြပုံကိုရိုက်ကူးပုံဖော်ပေးထားတာမို့လို့ တစ်ခါလောက်ဖြစ်ဖြစ် ကြည့်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်။ဇာတ်လမ်းလေးထဲမှာ Miss Willoughby အဖြစ် မင်းသမီးချော Nathalie Coxက ပါဝင်သရုပ်ဆောင်ထားပြီး Helen Deakin အဖြစ် Louise Bangay က သရုပ်ဆောင်ထားသလို တခြား အနုပညာရှင်များစွာလည်း ...
movie
Miss Willoughby and the Haunted Bookshop (2022)
2022
Clash of the Titans (2010) 5.8
Clash of the Titans (2010) မြွေခေါင်းတွေနဲ့မယ်ဒူဆာကို အကြည့်ချင်းဆုံမိတာနဲ့ ကျောက်ရုပ်ဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီကို ကြားဖူးရင် ဒီဇာတ်ကားကို အတော်များများသိကြမှာပါ...ဒီရုပ်ရှင်ကားကို မင်းသားမင်းသမီး A list တွေနဲ့ရိုက်ကူးထားပါတယ်...Avator မင်းသား Sam Worthington ,Taken မင်းသားကြီး Liam Neeson,ဟယ်ရီပေါ်တာရဲ့ဗိုဒီမော့ Ralph Fiennes,Hansel and Gretel မင်းသမီး Gemma Arterton တို့အပြင် ဇာတ်ရံပေါင်းများစွာပါဝင်ပါတယ်။ဇာတ်လမ်းကတော့...သိကြတဲ့အတိုင်းပါပဲ...ဂရိဒဏ္ဍာရီလာ နတ်ဘုရားတွေအကြောင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။လူသားတွေကိုဖန်ဆင်းထားတဲ့ နတ်ဘုရားတွေ...တန်ခိုးပါဝါအာဏာတွေတပ်မက်ရင်း လူသားတွေလိုစိတ်ဆိုးပြီး...နေရာလု ရန်ဖြစ်ကြပါတော့တယ်...ဒီပြသနာက လူ့ပြည်ထိ ရိုက်ခတ်လာတဲ့အခါမှာတော့...လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း ပါးစီးရပ်စ်နဲ့...ဘာတန်ခိုးမှမရှိတဲ့လူသားတို့ အခက်အခဲတွေကို လူသားဆန်ဆန် ရင်ဆိုင်ဖြေရှင်းကြတဲ့အကြောင်းပါ။Clash of the Titans ကိုကြည့်ထားမှ သူ့ရဲ့အဆက် Wrath of The Titans(2012) ကို ဆက်ကြည့်ကြပါ။ File size…(3.1 GB) and (1 GB) Quality….BluRay 1080p & 720p Format…mp4 Duration….01:46:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Clash of the Titans (2010)
Father Christmas Is Back (2021) 5.0
Father Christmas Is Back (2021) Father Christmas Is Back (2021)=======================ခရစ်စမတ်ကာလနီးလာတာနဲ့အမျှ ခရစ်စမတ်ဇာတ်လမ်းလေးတွေအလျှိုလျှိုထွက်လာပါတယ်။ မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးတွေ ခရစ်စမတ်စွန့်စားခန်းကားလေးတွေထွက်လာပါတယ်။ ဒီကားလေးကလည်း မိသားစုဇာတ်အိမ်တည်ထားတဲ့ခရစ်စမတ်ဟာသကားလေးတစ်ကားပါ။ ခရစ်စမတ်နေ့ကြီးမှာ ဖခင်ဖြစ်သူရဲ့ထားခြင်းခံသွားရတဲ့Caroline Chirstmas Hopes က ခရစ်စမတ်ရဲ့အနှစ်သာရထက် ခရစ်စမတ်ပွဲကိုပြီးပြည့်စုံဖို့ကိုပဲဦးတည်နေခဲ့ပါတယ်။ဒါပေမယ့်အမြဲတမ်းအလွဲလွဲအချော်ချော်ဖြစ်ပြီး မှန်းထားသလိုဖြစ်မလာလို့ ဒီနှစ်ခရစ်စမတ်ကိုသေချာလုပ်မယ်ဆိုပြီးခြောက်လလောက်အချိန်ယူလုပ်ခဲ့ပါတယ်။ Carolineမှာ ညီမသုံးယောက်ရှိပြီး သူတို့ညီအစ်မတွေက Spitfire နဲ့ Messerschmittလို အပြိုင်ကြဲပြီးချနေကြပါ။ ဒီလိုညီအစ်မတွေနောက်တစ်ကြိမ်ပြန်ဆုံပြီးလုပ်ကြမယ့်ခရစ်စမတ်ပွဲလေးဆီ မထင်မှတ်ထားတဲ့လူတစ်ယောက်ကရောက်ချလာတဲ့အခါမှာတော့.....မိသားစုဇာတ်အိမ်တည်ခရစ်စမတ်ဟာသကားလေးပီပီ မြူးကြွတဲ့ဇာတ်အိမ်လေးနဲ့ကြည်နူးဖွယ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး . ဘာသာပြန်ပေးသူများကတော့Chit Tee, Thiha Yan Naing တို့ပဲဖြစ်ပါတယ်။)File size… (1.7GB)/ (1 GB) / (500 MB) Quality…..WEBRIP 1080p/720p/480p Format…mp4 Duration….1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee, Thiha Yan Naing Encoder ..... SWM 
movie
Father Christmas Is Back (2021)
2021
Exam (2009) 6.9
Exam (2009)  2010 ကထွက်တဲ့ Deadpoolမင်းသား Ryan Reynolds သရုပ်ဆောင်ထားတဲ့ Buriedဆိုတဲ့ကားလေးကိုလဲ ကြည့်ဖူးကြမှာပေါ့ပြသချိန် ၁နာရီခွဲခန့်ရှိတဲ့ ဇာတ်ကားတစ်ကားလုံးကို အခေါင်းလေးတစ်လုံးထဲမှာပဲ လှည့်ပတ်ရိုက်ပြသွားတယ် အခုဒီ Exam ဆိုတဲ့ကားလေးလဲ အဲ့လိုမျိုးပါပဲ အခန်းလေးတစ်ခန်းထဲမှာပဲ တစ်ကားလုံးပြီးသွားတာပါ 2009 ကထွက်ခဲ့တဲ့ ဒီindieကားလေးဟာ 600,000 USD သာ ကုန်ကျခဲ့ပါတယ် တစ်ကားလုံးကို အခန်းလေးတစ်ခန်းထဲမှာပဲပြီးသွားခဲ့ပေမဲ့ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ဒီကားလေးဟာ ဆုတွေလဲ ဆွတ်ခူးခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်...... တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါတစ်မျိုး ကပ်ရောဂါအသွင်ဖြစ်ပွားနေချိန် လူတွေက ရောဂါအကူးမခံရဖို့ကိုသာ အာရုံစိုက်နေရပြီး အလုပ်အကိုင်တွေလဲရှားပါးလာတဲ့အခြေအနေမျိုးမှာ ကုမ္ပဏီတစ်ခုက အလုပ်ခေါ်တဲ့အကြောင်းလေးပါ အလုပ်လိုချင်တဲ့လူပေါင်းမြောက်များစွာထဲကမှ နောက်ဆုံးစကာတင် ရှစ်ယောက်ပဲကျန်တယ်အဲ့ရှစ်ယောက်ကို နောက်ဆုံးစမ်းသပ်မှုတစ်ခုထပ်ဖြေခိုင်းတယ် သတ်မှတ်ထားတဲ့စည်းကမ်းချက် ၃ချက်ထဲရှိတယ် စည်းကမ်းဖောက်ရင် အထုတ်ခံရမယ် ဖြေဖို့သတ်မှတ်ချိန် မိနစ် ၈၀ပေးထားတယ် သူတို့အတွက်စားပွဲပေါ်မှာပေးထားတာက ခဲတံလေးတစ်ချောင်းစီနဲ့ စာရွက်တစ်ရွက်စီ အားလုံးက မေးခွန်းစာရွက်လို့ထင်နေပေမဲ့ တကယ်တမ်း စဖြေလို့ရပါပြီဆိုတဲ့အချိန်မှာ ကြည့်လိုက်တော့ စာရွက်က အလွတ်ကြီး!အဲ့တော့ ဘာကိုဖြေခိုင်းတာလဲ?သာမန်စာမေးပွဲလို စာရေးရမှာမဟုတ်ရင် ဘာတွေလုပ်ရမှာလဲ?ဘာလို့ဒီကုမ္ပဏီက အလုပ်လေးတစ်ခုခန့်ဖို့ကို အဲ့လောက်ထိရှုပ်ထွေးနေရတာလဲ?သာမန်ရွေးချယ်မှုလေးမဟုတ်ရင် ဒီအလုပ်က ဘယ်လောက်အထိတောင် အရေးကြီးနေလို့လဲ?အဲ့ကုမ္ပဏီကလဲ အမှန်တကယ်က ဘာကုမ္ပဏီလဲ?ရှစ်ယောက်ထဲကဘယ်သူက လျှို့ဝှက်ချက်တွေကိုဖော်နိုင်ပြီး အလုပ်ရသွားမလဲ?ပြသချိန် ...
movie
Exam (2009)
2009
Jumper (2008) 6.1
movie
Jumper (2008)