Channel Myanmar

Naveen Chandra

Jigarthanda DoubleX (2023) 8.4
Jigarthanda DoubleX (2023) Jigarthanda DoubleX (2023) IMDb-8.4/10တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size....2.57GB / 1.74GB Quality…1080p WEB DL /720p Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Jigarthanda DoubleX (2023)

2023
Month of Madhu(2023) 8.4
Month of Madhu(2023) Month Of Madhu (မာဒူတို့ရဲ့ ဘဝ) IMDb - 8.3/10အခုတစ်ခါမှာတော့ ဒရာမာကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် မတူညီတဲ့ အခြေ‌‌အနေမှာ ရှိနေတဲ့ မာဒူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်USမှာကြီးပြင်းတဲ့ အသက်၁၉နှစ်ပဲရှိသေးတဲ့ မာဒူမာသီဆိုတဲ့ အိန္ဒိယ‌သူကောင်မလေးက သူ့ဝမ်းကွဲရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယမြေပေါ်ကို ပြန်လည်ရောက်ရှိလို့ လာခဲ့ပါတယ်။ သူမကတော့ USသူ ပီပီ ပျော်ပျော်ပါးပါးပေါ့ပေါ့လေးနဲ့ပဲ ဘဝကို ဖြတ်သန်းနေသူ တစ်ဦးပေါ့။နောက်ထပ် မာဒူဆူဒ်ဟန်ရောင်ဝ် ဆိုတဲ့ အဘိုးကြီးတစ်ယောက်။ အသက်တွေကြီးလာခါမှ မိန်းမဖြစ်သူက ကွာရှင်းခွင့်တောင်းလို့ ကြေကွဲအဘိုးကြီးဖြစ်နေရရှာသူတစ်ဦး။ပေါ့ပေါ့ပါးပါးကောင်မလေး မာဒူနဲ့ ကြေကွဲအဘိုးကြီး မာဒူတို့ တွေ့ကြတဲ့အခါမှာတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ငိုတစ်လှည့် ကြည်နူးစရာတစ်လှည့်နဲ့ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားကောင်းလးတစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie

Month of Madhu(2023)

2023
Veera Simha Reddy (2023) 5.8
Veera Simha Reddy (2023) Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie

Veera Simha Reddy (2023)

2023
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Ammu (2022) 7.6
Ammu (2022) Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB  / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Thet Ko & OeliuJ & Hay Man
movie

Ammu (2022)

2022
Ranga Ranga Vaibhavanga (2022) 5.4
Ranga Ranga Vaibhavanga (2022) Comedy, Drama, Romanceရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေသူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora
movie

Ranga Ranga Vaibhavanga (2022)

2022
Viraata Parvam (2022) 9.0
Viraata Parvam (2022) ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie

Viraata Parvam (2022)

2022
1080p HEVC
Ghani(2022) 5.7
Ghani(2022) ၁၅နှစ်အရွယ်ကောင်လေး ဂါနီ ဟာ ဖခင်ဖြစ်သူ လက်ဝှေ့ပညာရှင်ဗစ်ခရမ်ကိုလေးစားအားကျခဲ့ပြီး ငယ်စဉ်ကတည်းက လက်ဝှေ့အားကစားကို နှစ်ခြိုက်ခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ အားကစားလောကရဲ့ အရှုပ်အထွေးတွေကြားမှာ ဖခင်ဖြစ်သူရဲ့ ဂုဏ်သိက္ခာကျဆင်းသွားပြီးတဲ့နောက်ဂါနီတို့မိသားစုဟာ လူတကာရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပါတော့တယ်။အဲ့ဒီနောက် လက်ဝှေ့ကိုစိတ်နာသွားတဲ့ မိခင်ဖြစ်သူဟာ ဘ၀မှာဘယ်တော့မှလက်ဝှေ့မထိုးရဘူးဆိုတဲ့ကတိကို ဂါနီဆီကနေတောင်းခဲ့‌ပါတော့တယ်။ဒါပေမဲ့ ဖခင်ရဲ့မတရားခံရမှုကို အဖြေရှာချင်တဲ့ ဂါနီ ဟာ နိုင်ငံတော်အဆင့်လက်ဝှေ့ပြိုင်ပွဲမှာ အနိုင်ရရမယ်လို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဂါနီတစ်ယောက် မိခင်မသိအောင် လက်ဝှေ့ဘယ်လိုကစားမှာလဲ...ဖခင်ရဲ့နာမည်ကိုရော ပြန်အဖတ်ဆယ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်  File size…1.1GB /2.39Gb Quality…720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Eliza & Oeliu J
movie

Ghani(2022)

2022
Nenu Leni Na Premakatha (2021) 8.9
Nenu Leni Na Premakatha (2021) Nenu Leni Na Premakathaအချစ်မှာ အချိန်ဆိုတာမရှိဘူး။ ကန့်သတ်ချက်တွေမရှိပါဘူးတဲ့။ 2020ခုနှစ်က ခရစ်ရှနာဆိုတဲ့အင်ဂျင်နီယာကျောင်းပြီးထားတဲ့ ကောင်လေးတစ်​ယောက်။ အတိတ်ကအကြောင်းအရာတွေကိုသိချင်လို့ အတိတ်ကို ပြန်သွားလို့ရမယ့် စက်ပစ္စည်းတွေကို ရှာနေရင်းကနေ ဟမ်ရေဒီယိုဆိုတဲ့စက်တစ်ခုကို ရှာတွေ့သွားပြီး 1983ကို ဆက်သွယ်မိသွားပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရတဲ့ ခရစ်ရှနာဟာ လက်ရှိမှာ မတွေ့ရတော့တဲ့ မိဘနှစ်ပါးကို ပြန်ရှာဖို့အတွက် 1983ခုနှစ်ကရာဒါဆိုတဲ့ မိန်းကလေးကို အကူအညီတောင်းလိုက်တဲ့နောက်မှာ မထင်မှတ်ထားစရာ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေပေါ်ပေါက်လာခဲ့ပါတော့တယ်။"သံယောဇဉ်ဖြစ်လာတဲ့အပေါ်မှာ ပျော်တတ်တဲ့ နှလုံးသားက အဲဒီသံယောဇဉ်တွေကို ဖြတ်ပစ်ရမယ့်အချိန်မှာရလာမယ့်နာကျင်မှုအတွက် အသင့်ဖြစ်နိုင်မှာ မဟုတ်ဘူး" တဲ့အချစ်ဆိုတာ ရယူပိုင်ဆိုင်ရမှ မဟုတ်ပါဘူး။ မှတ်ဉာဏ်ဆိုတဲ့အရာလေးတစ်ခုတည်းနဲ့တင်ရင်ထဲမှာ ထာဝရရှင်သန်နေတတ်တဲ့အရာလေးတစ်ခုပါပဲ။ အနာဂတ်ကိုကြိုသိနေလို့လည်းပေးဆပ်ရမယ့်သူတစ်ယောက်ရဲ့ ကံကြမ္မာက ပြောင်းလဲမသွားတဲ့အခါ....။မင်းသားအနေနဲ့ Naveen Chandraနဲ့ Krish Siddipalli, မင်းသမီးကတော့ Gayathri Sureshတို့ပါဝင်ထားပြီး IMDb Rating 8.5 ရထားတဲ့ Nenu Leni Na Premakatha ဆိုတဲ့2021ထွက် ...
movie

Nenu Leni Na Premakatha (2021)

2021
Mosagallu (2021) 8.3
Mosagallu (2021) Mosagallu (2021)IMDb - 8.3/10အာဂျွန်ဟာ ဇာတ်လမ်းအစမှာတော့ ကောစင်တာတစ်ခုရဲ့ သာမန်ဝန်ထမ်းလေးပါ။ဒါပေမဲ့ သူ့ဆီဖုန်းဆက်သူတိုင်းရဲ့ သိရတဲ့ ဒေတာတွေကိုတော့ မှတ်သားထားတတ်တယ်။ ဒါကို သူ ပြန်ပြီး ရောင်းချတဲ့ နေရာတစ်ခုလည်း ရှိတယ်။ အာဂျွန်အနေနဲ့ သူတပါးရဲ့ ပါဆင်နယ်ဒေတာတွေကို ရောင်းတဲ့ နေရာက Dark Webတဲ့။အိန္ဒိယတွေဟာ အဲ့ဒီနယ်ပယ်တွေမှာ တော်တော် လှုပ်ရှားနေတာ သိကြမှာပါ။ဝယ်ယူသူတွေက ဘာအတွက် ဝယ်ကြမလဲ။ အဲ့ဒီUser Nameနဲ့ Passwordတွေမှာ ဘဏ်အကောင့်ဆိုင်ရာ အချက်အလက်တွေပါလာမယ်။ လူသိမခံဝံ့တဲ့ ကိစ္စတွေ ပါလာမယ်။ဒါတွေကို အသုံးချပြီး ကီးဘုတ်ပေါ် လက်တင်ရုံနဲ့ ငွေကြေးရှာဖွေနေသူတွေ အဖို့ ရွှေတွင်းပဲ။အာဂျွန်ဟာ ဒီလို အသေးအမွှား ငွေကြေးရှာဖွေရာကနေ သူအလုပ်လုပ်တဲ့ ကောစင်တာက ဘောစ့်နဲ့ ရင်းနှီးနေတော့ သူတို့ ၂ယောက်အတူ တရားမဝင် စီးပွားတစ်ခု စပ်တူလုပ်ဖို့ အကြံရခဲ့ပါတယ်။သူတို့ရဲ့ ပြစ်မှတ်က အခွန်ကို သေလောက်အောင် ကြောက်တဲ့ အမေရိကန်တွေပေါ့။"ရိုးရိုးသားသားရှာတဲ့ ငွေကပဲ ကိုယ့်ပိုက်ဆံ"တဲ့၊ မရိုးမသားနဲ့ ရတဲ့ပိုက်ဆံဟာ မြွေလှေကား ကစားပွဲထဲက လှေကား တက်ရသလိုပေါ့ဗျာ။မတော်ရင် ဘေးက မြွေပါးစပ်ထဲ အံဝင်ခွင်ကျ ရောက်သွားတတ်တာပဲမလား။သူတို့ရဲ့ ...
movie

Mosagallu (2021)

2021
Super Over (2021) 7.0
Super Over (2021) Super Over ဆိုတဲ့ကားလေးက 2021 မှာထွက်ရှိပြီးRating 7.1တောင် ရရှိထားတာပါဇာတ်လမ်း အကျဉ်းကတော့ကာစီ ဗာဆူနဲ့ မာဒူဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငယ်တည်းက အတူတူကြီးပြင်းလာပြီးတော့ အမြဲတမ်း အတူတူရှိနေကြတဲ့သူတွေပါကာစီတစ်ယောက် အိမ်က အကြွေးတွေဆပ်ဖို့ အခက်အခဲဖြစ်နေတဲ့ချိန် အမေရိကန်သွားဖို့ ဗီဇာလုပ်ထားတဲ့ ပိုက်ဆံကလည်းပြန်တောင်းမရ လက်ထဲလည်းပိုက်ဆံမရှိ အလုပ်မရှိတော့ နှစ်လအတွင်း အကြွေးဆပ်ဖို့နည်းလမ်း စဉ်းစားရင်းနဲ့ခရစ်ကတ်လောင်းမိတဲ့အခါ မမျှော်လင့်ပဲ ကာစီတစ်ယောက် ပိုက်ဆံများစွာ နိုင်သွားတဲ့အခါမှာ......မူလီရာက ခရစ်ကတ်ဒိုင်တစ်ယောက်ဖြစ်ပြီးတော့ ကာစီတို့သူငယ်ချင်းအုပ်စုက ခရစ်ကတ်ကို ခုမှစဆော့တော့ မနိုင်လောက်ဘူးထင်ပြီးသူဌေးကိုလှည့်စားပြီး သူအတွက်သူ ပိုက်ဆံရအောင်လုပ်တဲ့အခါမှာ...ရဲအေဂျေဟာ ပိုက်ဆံနဲ့ပတ်သတ်ရင်ဘာမဆိုလုပ်တဲ့သူတစ်ယောက် တရားမဝင်ငွေလွှဲတဲ့သူတိုင်းနဲ့သူသိပြီးတော့အဲ့ကနေပိုက်ဆံရယူဖို့ ကြိုးစားတဲ့အခါ...ကာစီတစ်ယောက် ပိုက်ဆံထုတ်တဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဒိုင်နဲ့ရဲ ကြားမှာ ကာစီတစ်ယောက် သူငွေတွေကို အကုန်ရအောင်ယူနိုင်မလားဆိုတာကြည့်ရှုသင့်တဲ့ဟာသအက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်  Translated by : Shwe Pwint Encoded by ; YKQuality  : 1080p TRUE WEB ...
movie

Super Over (2021)

2021
Miss India 2020 4
Miss India 2020 ဘ၀မှာယောကျာ်းသားတွေရဲ့အကူအညီမပါပဲအောင်မြင်မှုကိုအရယူချင်တဲ့မိန်းကလေးတွေအတွက် အကြီးအကျယ် motivateဖြစ်စေမဲ့ ဇာတ်ကား Miss India ဟာ အရမ်းကောင်းတဲ့အိန္ဒိယဇာတ်ကားလေးတစ်ကားပါ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မာနာဆာဆမ်မျူ့သာဟာ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်လေးတစ်ခုက သာမန်လူတန်းစားမိသားစုလေးကပါ ငယ်စဥ္ကတည်းကစီးပွားရေးကို၀ါသနာပါပီး ချစ်ရတဲ့အဘိုးရဲ့ဆုံးမစကားတွေအောက် မှာကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ် နောက်ပိုင်းမှာ ဆမ်မျူ့သာရဲ့အဖေက အယ်ဇိုင်းမားရောဂါရပီးအိမ်စီးပွားရေးအခြေအနေအလှည့်အပြောင်းဖြစ်ပီး USကို ရွှေ့ပြောင်းရပါတော့တယ် USရောက်ပီး နေယာနာနဲ့ ပရီတီဆိုတဲ့သူငယ်ချင်း၂ယောက်နဲ့စနောက်ရင်း ဗီဂျေးလို့ခေါ်တဲ့ကောင်လေးနဲ့စတင်တွေ့ဆုံခဲ့ပေမဲ့ ဘ၀မှာအောင်မြင်မှုမရှိသေးပဲလက် မထပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်လမ်းခွဲခဲ့ရပါတယ် စီးပွားရေးလုပ်ချင်တဲ့အိပ်မက ်ကြောင့်အိမ်ကနေထွက်ပီး ဘ၀ကိုတစ်ယောက်ထဲရုန်းကန်ပီးနောက်ဆုံးမှာ Miss Indiaဆိုတဲ့ လက်ဖက်ရည်brandကို USမှာအခြေချနိုင်ခဲ့ပါတယ် အရင်ကတည်းကနာမည်ကြီးခဲ့တဲ့ KSK ကော်ဖီကုမ္ပဏီပိုင်ရှင်သူဌေးကိုင်လက်ရှ်နဲ့စီးပွားပြိုင်တွေဖြစ်လာပီး နောက်ဆုံး ကိုင်လက်ရှ်က သူမရဲ့သူငယ်ချင်းနေယာနာနဲ့ပေါင်းပီး စီးပွားကျဆင်းအောင်ကြံစည်ကြပါတယ် ဒါပေမဲ့ သူဒီအခက်အခဲကရုန်းထွက်နိုင်အောင်ဘယ်လိုကြိုးစားပီးအောင်မြင်မှုကိုထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1.4 Gb / 700 Mb Quality… webrip 720p Format…mp4 Duration….02:16:00 Genre … Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie

Miss India 2020

Evaru (2019) 8.6
Evaru (2019) (Unicode)၂၀၁၈ ခုနှစ်မှာ တေလဂူးအက်ရှင်ကားကောင်းတစ်ကားကို မှတ်မိကြမှာပါ။ဘာအိုဗာအက်ရှင်မှ မပါတဲ့ Goodachari ပါ။ဒီမင်းသားကို ထပ်ပြီးပြောပြရမယ်ဆို ဟင်ဒီမင်းသားချော တိုက်ဂါး နှစ်ကြိမ်နှစ်ခါ ပြန်ရိုက်ခဲ့ပြီး Remakeများစွာပြုခဲ့ကြတဲ့ Baaghi ရဲ့ မူရင်း သရုပ်ဆောင်ပါ။IMDb Rating - 8.6/10Google Users - 96%အညွန်း-----------ဒီမင်းသားနာမည်က Adivi Seshတဲ့။ဒီဇာတ်ကားထဲမှာတော့ ရဲအရာရှိဗစ်ကရမ်နေရာက မြင်တွေ့ရမှာပါ။ရဲအရာရှိ ဗစ်ကရမ် အဖြစ်မြင်ရမယ့် မင်းသားဟာ ငွေအတွက်ဆို ဘာမဆို လုပ်မယ့်သူမျိုး၊ရှေ့နေတစ်ယောက် မဟုတ်ပေမဲ့ လူသတ်သမားကိုလည်း သူ အကြံကောင်းတစ်ချို့နဲ့ ကာကွယ်ပေးနိုင်တဲ့ ရဲအရှိမျိုး။အတွေးဉာဏ်၊ဖြတ်ထိုးဉာဏ် ကောင်းကောင်းနဲ့ သူဟာ လူသတ်သမား ဆမ်မီရာဖက်က သူဟာ အကြံပေးအဖြစ် ရှိနေမှာပါ။အသတ်ခံရတဲ့ ရဲအရာရှိ(တရားလို)ဖက်ကတော့ သက်သေတွေ၊သဲလွန်စတွေကို လုပ်ကြံတတ်တဲ့ ရှေ့နေနဲ့ပါ။နှစ်ပေါင်း၂၀အတွင်း အိန္ဒိယတောင်ပိုင်းမှာ သူလိုက်ခဲ့ဖူးတဲ့ အမှု မှန်သမျှ ရှုံးနိမ့်ဖူးတာမရှိသေးဘူး။တရားခံဖက်ကလည်း လူသတ်မှုကို ဥပဒေကို ချိုးဖောက်တဲ့ ရဲအရာရှိရဲ့မုဒိမ်းမှုအဖြစ် ပြောချင်နေတယ်။မုဒိမ်းမှုကောင်ရဲအရှိတစ်ယောက်ကို ...
movie

Evaru (2019)

2019
Aravindha Sametha Veera Raghava (2018) 8.2
Aravindha Sametha Veera Raghava (2018) IMDb ratings:8.1/10 Google Users:91%"Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း"ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့.....တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro ...
movie


2018