Channel Myanmar

Nell Campbell

Great Expectations (1998) 6.8
Great Expectations (1998) ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie

Great Expectations (1998)

Seriously Red (2022) 5.1
Seriously Red (2022) Seriously Red (2022) ==============="if you don't like the road you're walking, start paving other" by Dolly Parton" သင်အခု လျှောက်လှမ်းနေရတဲ့ လမ်းကို မကြိုက်ဘူးဆိုရင် အခြားလမ်းဖောက်လိုက်ပါတဲ့" နာမည်ကြီး မင်းသမီး ဒေါ်လီပါတွန်ရဲ့ ပြောခဲ့တဲ့စကားပါ။ရေးလင်း ရက်ဒ် ဟာ အိမ်ခြံမြေတန်ဖိုးဖြတ်သူအဖြစ် လုပ်ကိုင်တဲ့သူပါ။ ကုမ္ပဏီရဲ့ ပါတီတစ်ခုမှာ ဒေါ်လီပါ တွန်လိုဝတ်ဆင်ပြီးတော့ ဖျော်ဖြေခဲ့ပါတယ်။ အဲနေ့ညမှာပဲ အမျိုးသမီးတစ်ယောက်နဲ့တွေ့ဖြစ်ပြီး နာမည်ကြီးတွေလို ဝတ်စားပြီး ဖျော်ဖြေကြတဲ့လုပ်ငန်းကို စိတ်ဝင်စားသွားပါ တယ်။ နောက်နေ့မှာပဲ သူ အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ ထို့နောက် ဒေါ်လီပါတွန်လို ဝတ်စားပြီး အတုအနေနဲ့ဖျော် ဖြေဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ငယ်စဉ်ကတည်းက ဒေါ်လီ့ပရိသတ်ဖြစ်တာမို့ ဒေါ်လီ့စကား အတိုင်းပဲ အခြားလမ်းကို ဖောက်ပါတော့တယ်။ ဒီလိုနဲ့ ဒေါ်လီ လို ဝတ်စား၊ နေထိုင်စားသောက်၊ ပြောဆိုနေရင်း ကိုယ့်ကိုယ် ကိုယ် ရှာဖွေဖို့ ကြိုးစားနေတဲ့ ရက်ဒ် တစ်ယောက် အဆင်ပြေ ပါ့မလား။ ဘာတွေကြုံတွေ့ရမယ်ဆိုတာကိုတော့ ဟာသလေး တွေရယ် ဒေါ်လီပါတွန့်ရဲ့ နာမည်ကြီး သီချင်းတွေရယ်နဲ့ တဝကြီး ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Seriously Red (2022)

2022