Channel Myanmar

Nesta Cooper

Cold Copy (2023)
Cold Copy (2023) ထွက်ထားတာမကြာသေးတဲ့ အမေရိကန်လျှို့ဝှက်သည်းဖို ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးပါရစေ။ရုပ်ရှင်ကြည့်ပရိသတ်တို့ မျက်နှာမစိမ်းလောက်တဲ့ Wonder(2017), Room(2015)ရုပ်ရှင်တွေထဲက ကလေးသရုပ်ဆောင် ဂျေကော့ဘ်တောင် ဒီထဲမှာ ဆယ်ကျော်သက်ကောင်လေး အီဂေါ်အဖြစ်ပါဝင်ထားပါတယ်။မီယာဆိုတာ အသက်ရှစ်နှစ်အရွယ်ကတည်းက အောင်မြင်တဲ့ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိတဲ့သူ။ အိပ်မက်အတိုင်းလည်း တစိုက်မက်မက်ကြိုးစားနေတဲ့သူ။ သူ့သင်တန်းဆရာမကတော့ TNRရုပ်သံလိုင်းရဲ့ နာမည်ကျော်အစီအစဉ်မှူး ဒိုင်ယန်း။ ဒိုင်ယန်းက တပည့်ဖြစ်သူတွေကို TNRရုပ်သံလိုင်းမှာလွှင့်ပေးမယ်ဆိုတဲ့ စကားနဲ့ ကျောင်းသူတွေကို ထူးခြားတဲ့ဇာတ်လမ်းတစ်ပုဒ်ရှာခိုင်းခဲ့ပါတယ်။ဒီမှာပဲ ဖုံးကွယ်ထားတဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေနဲ့ ဂျစ်ကန်ကန်ဆယ်ကျော်သက်လေး အီဂေါ်ရဲ့ဇာတ်လမ်းကို မီယာတစ်ယောက် တွေ့ခဲ့ပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ဘာမဆိုချနင်းရမယ်ဆိုတဲ့ ဒိုင်ယန်းနဲ့ ဖြစ်ချင်တဲ့အိပ်မက်နောက်ကို တကောက်ကောက် လိုက်နေတဲ့ မီယာတို့ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ယှဉ်ပြိုင်ကြရတဲ့အခါမှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(699 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Cold Copy (2023)

Bliss (2021) 5.4
Bliss (2021) Bliss (2021)==========ကိုယ့်အသွေးအသားခန္ဓာကိုယ်ကိုသုံးကုန်တစ်ခုလို အသုံးချခံနေရတဲ့ ပြည့်တန်ဆာမလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ကိုယ်ပိုင်ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့သူတို့နှစ်ယောက်ကြားမှာ သူတို့အတွက် ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာကိုသိလာရတဲ့နောက်.. ကိုယ်စီအဓိပ္ပါယ်နဲ့ပျော်ရွှင်မှုတွေနောက်ကိုရှာဖွေကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက မိသားစုနဲ့အတူ မကြည့်သင့်တဲ့အခန်းတွေပါဝင်တာမလို့ သူငယ်ချင်း အပေါင်းအဖော်(၁၈)ယောက်အရင်စုပြီးမှကြည့်ရှုကြပါလို့ သတိပေးတင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 2hr 16min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi Translator – Chit Tee Encoder – San Win Maung
movie

Bliss (2021)

2021
Bliss (2021) 5.3
Bliss (2021) Bliss (2021) ******************(IMDb 5.3)ဇတ်လမ်းအညွှန်းBliss ဇာတ်ကားလေးက ၂၀၂၁ မှာထွက်ရှိထားတဲ့ ကားသစ်လေး ဖြစ်ပါတယ် IMDbမှာ rating 5.3 ရရှိထားပြီး နာမည်ကြီးမင်းသား Owen Wilson ပါဝင်ထားတဲ့ အချစ် Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်Bliss ဇာတ်လမ်း ကတော့ ကွာရှင်းထားခံရပြီး ဂရတ်ဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို အတွေးထဲမှာ အမြဲပေါ်နေတတ်ပြီး ရင်းနှီးနေသလို ခံစားနေရတယ်..လုပ်သမျှ အဆင်မပြေဖြစ်ကာ အလုပ်ကနေအထုပ်ခံလိုက်ရတဲ့အချိန်မှာ လမ်းပေါ်မှာနေပြီး ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံမိခဲ့တယ်... သူမ နာမည်က အစ်စဘဲလ် အစ်စဲဘဲလ်နဲ့ တွေ့ဆုံရပြီး သူမသိရသေးတဲ့ အကြောင်းအရာတွေ သူနေထိုင်ရာ ကမ္ဘာကြီးရဲ့ လှို့ဝှက်ဆန်းကျယ်မှုတွေကို သိလိုက်ရတယ်ဒါပေမဲ့ အစ်စဲဘဲလ် ပြောပြတာကကော တကယ်လား... လမ်းဘေးမှာနေတဲ့ အစ်စဲဘဲလ်ရဲ့ စကားတွေကြောင့် မရှိတာကို ရှိတယ်လို့ ထင်နေမိမလား... တကယ်သူတို့နေတဲ့ ကမ္ဘာကြီးကကော ဘယ်မှာရှိတာလဲ ... ဒီဇာတ်လမ်းထဲလေးက လောကကြီးမှာ တစ်ချိန်တည်းမှာ နောက်ကမ္ဘာကြီးကို ခံစားနိုင်တဲ့ ဖန်တီးသူ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံပြီး ...
movie

Bliss (2021)

2021
The Miracle Season (2018) 6.2
The Miracle Season (2018) ဒီရုပ်ရှင်လေးကို ဘာသာပြန်ပေးတဲ့ ကိုဝေဇင် ကတော့ ပြောရှာပါတယ် ကိုသစ်ရယ် မျက်ရည်တွေ ၀ဲတယ်ဗျာ.. တဲ့ ကျနော်လဲ ဒီရုပ်ရှင်လေးကို ကြည့်ပြီး ရင်ထဲမှာ တစ်မျိုးကြီးပဲ ခံစားရတယ်... ခံစားရဆို ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာပါ... West High School ရဲ့ ဘောလီဘော ချံပီယံ ကျောင်းသူလေးတွေ အကြောင်း ဖြစ်ရပ်မှန် ဇတ်လမ်းပါ West  ဟာ မြို့နယ် အဆင့်မှာ ချံပီယံ ဗိုလ်စွဲထားတာ ဖြစ်ပြီး နောက်တစ်ခေါက် မြို့နယ် အဆင့်ကနေ တိုင်းထိ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြသူများလဲ ဖြစ်ပါတယ် အဲ့ဒီထဲမှတော့ အတောက်ပဆုံး ကောင်မလေးက အဖွဲ့ခေါင်းဆောင် ကာရိုလိုင်း ပဲ ဖြစ်ပါတယ် ချစ်ဖို့ ကောင်းတဲ့ ရုပ်ရည်လေးနဲ့ လူတိုင်း နှစ်သက်စေမယ့် အပြုံးပိုင်ရှင်လေးပါ သူ့ကို စိတ်ဆိုးနေတဲ့သူတွေကိုဆိုရင် အတင်းကာရော ဖက်ပြီး စိတ်ဆိုးပြေအောင်လဲ လုပ်တက်သူပါ သူနဲ့ ငယ်ငယ်ထဲက အတူကြီးပြင်းလာပြီး ကျောင်းမှာရော ဘောလီဘော အဖွဲ့ထိပါ အတူတူ ရောက်ရှိနေတာကတော့ အချစ်ဆုံးသူငယ်ချင်းလေး ကယ်လီ ဆိုတော့ ကောင်မလေးပေါ့ ကယ်လီက ကယ်ရိုလိုင်း နဲ့ မတူပဲ ခပ်အေးအေး နေတက်သူလေးပါ အမြဲတမ်း ကယ်လီ အတွက် ကယ်ရိုလိုင်းက အသက်ကယ်ဆေးလိုပါပဲ သူဘာလိုအပ်နေတယ်ဆိုတာ ကယ်ရိုလိုင်းပဲ သိတာပေါ့ ဒါကို တကယ့် BFF တွေပဲ နားလည်မှာပါ... ဒီဇတ်လမ်းရဲ့ အညွှန်းကိုတော့ ...
movie


2018
The Edge of Seventeen (2016) 7.4
The Edge of Seventeen (2016)  ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာတွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝအလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်)  File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
movie

The Edge of Seventeen (2016)

2016