Channel Myanmar

Nicholas Ofczarek

Nightlife (2020) 5.7
Nightlife (2020) Nightlife (2020) =============နိုက်အောက်ဆိုတာနဲ့ ညဘက်ကြီးအပြင်ထွက်မယ် သောက်မယ် စားမယ် ပျော်မယ် ကကြမယ်။ နောက်တစ်နေ့မနက်ကို နေဖင်ထိုး အထိအိပ်ကြမယ်မလား ။ အဲ့ဒီလိုပျော်ဖို့ကောင်းဖို့ များသောအား ဖြင့် သောကြာ၊ စနေပိတ်ရက်တွေပဲ သောင်းကျန်းကြတာလေ။ဒါပေမဲ့ ရန်ဇို နဲ့ မီကို သူငယ်ချင်းနှစ်ယောက်ကတော့ ညတိုင်းလိုလို နိုက်အောက်ကြတဲ့သူတွေပါ။ ပျော်လည်းနိုက်အောက် မပျော်လည်း နိုက်အောက်...အကြောင်းက သူတို့နှစ်ယောက်လုံးက ဘားဆရာတွေ ဖြစ်နေတာကိုး။ ဒါပေမဲ့ သာမာန်ရုံးသမားတွေရဲ့အလုပ်ချိန်နဲ့မတူတော့ အချစ်ရေးနဲ့လူမှုဆက်ဆံရေးမှာလည်း အဆင်မပြေဘူးပေါ့။ဒါကိုအသိဝင်သွားတဲ့ မီကိုက ဘားဆရာလုပ်နေရတဲ့နိုက်အောက်ဘဝ ကြီးကနေ ပြောင်းလဲဖို့အတွက် ရန်ဇိုကိုစည်းရုံးပါတော့တယ်။ ခြူးတစ် ပြားမှမရှိတဲ့ ဘားဆရာကြီးနှစ်ယောက်ကနေ ဘဝကြီးပြောင်းဖို့အတွက် ပိုက်ဆံရှာဖို့လုပ်ရာကနေ ဘာလင်ရဲ့လူဆိုးဂိုဏ်းနှစ်ဂိုဏ်းကြားညှပ်ပါသွား တော့တယ်။ဒီဇာတ်လမ်းမှာ သူငယ်ချင်းနှစ်ယောက် အလွဲတွေဘယ်လိုလုပ်မလဲ၊ ပြသာနာတွေဘယ်လိုရှာမလဲ၊ အချစ်ရေးတွေရော အဆင်ပြေသွားမလား ဆိုတာ ပေါ့ပေါ့ပါးပါးလေးကြည့်ရဦးမှာမို့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာ လိုက်ကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 51Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Jo Jo Va Encoder..........SWM
movie

Nightlife (2020)

2020
Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021