Channel Myanmar

Nicholas Woodeson

The Hustle (2019) 5.4
The Hustle (2019) 2019 ထဲမကြာသေးမီကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ the Hustle ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … Crime/Comedy ဇာတ်လမ်းအမျိုးအစား ဖြစ်ပြီးတော့ မပြုံးဘဲဝါးလုံးကွဲ ရယ်ချင်သူများနဲ့ ဂျိမ်းစ်ဘွန်းဆန်ဆန် စုံထောက်ဆန်ဆန် ရုပ်ရှင်ကားတွေကို နှစ်သက်သူတွေအတွက် ကြည့်ရမယ့်စာရင်းထဲ ထည့်ဖို့ဇာတ်ကားလေးပါ … ပန်နီ ရပ်စ်ဆိုတဲ့ ဝတုတ်တုတ်ကောင်မလေးဟာ အွန်လိုင်းမှာ ခပ်မိုက်မိုက်ကောင်မလေးတွေရဲ့ပုံတွေတင်ပြီးတော့ အပြင်မှာ ဒိတ်ချင်တဲ့ ယောက်ျားတွေကို လိမ်စားနေတဲ့ ကြုံရာကျပန်း လူလိမ်မလေးတစ်ယောက်ပေါ့ … ဂျို့စ်ဖင်း ချက်စ်တာဖီးဒ် ဆိုတဲ့ ချောမောလှပတဲ့ အမျိုးသမီးကတော့ သန်းကြွယ်သူဌေးတွေကိုမှ ပစ်မှတ်ထားလေ့ရှိတဲ့ နိုင်ငံတကာပတ်ပြီး အကွက်ချလိမ်လည်တတ်တဲ့ လူလိမ်အကြီးစားတစ်ယောက်ပေါ့ တစ်နေ့တော့ ခပ်ဝဝ လူလိမ်မလေးတစ်ယောက်နဲ့ ခပ်လှလှ လူလိမ်မကြီးတစ်ယောက်တို့ဟာ ရထားတစ်စီးပေါ်မှာ အမှတ်မထင် ဆုံတွေ့ခဲ့ကြပါတော့တယ်… ရယ်မောရင်းရင်ခုန်ရမယ့် ဒီဇာတ်ကားလေးကို နာမည်ကြီးဟောလိဝုဒ် စတားတွေဖြစ်ကြတဲ့ Anne Hathaway နဲ့ Rebel Wilson ...
5.4
IMDB: 5.4/10 8,951 votes
movie

The Hustle (2019)

2019
The Death of Stalin(2017) 7.2
The Death of Stalin(2017) The Death of Stalin(2017) IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံ၇သလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့....   File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
7.2
IMDB: 7.2/10 53,253 votes
movie

The Death of Stalin(2017)

2017
Disobedience (2017) 6.8
Disobedience (2017) စည်းကမ်းတွေ စည်းမျဉ်းတွေ အများကြီးအများကြီးကြားမှာ ကျွန်တော်တို့မွေးဖွားလာရပါတယ်။ ဟိုဟာမလုပ်နဲ့ ဒီဟာမကိုင်နဲ့ တားမြစ်ချက်တွေ အများကြီးနဲ့ကြီးပြင်းလာခဲ့ရပါတယ်။ အဲဒီတားမြစ်ချက်တွေက ကိုယ်ဖြစ်ချင်နေတာတွေ လုပ်ချင်နေတာတွေကိုမရောက်အောင်တားမြစ်ထားတယ် ဆိုရင် ခင်ဗျားတို့ဘာလုပ်ကြမှာလဲ။ ဒီဇာတ်ကားမှာတော့ တားမြစ်ချက်တွေအများကြီးကြားက ဂျူးဘာသာဝင် မိန်းကလေးနှစ်ယောက်ရဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ကြတာကို တွေ့ရမှာပါ။ ဘာသာတရားကိုင်းရှိုင်းတဲ့ အသိုင်းအဝိုင်းမှာကြီးပျင်းလာကြတဲ့ သူတို့ ဒီအသိုင်းအဝိုင်းကို ဘယ်လိုရင်ဆိုင်ကြလဲ ဘယ်လိုအင်အားမျိုးတွေက ဒီလိုဆန့်ကျင်ရဲအောင်တွန်းအားပေးလဲဆိုတာတော့ ဇာတ်ကားကိုကြည့်ရင်း ကိုယ့်ဘာသာကိုယ်ပဲအဖြေထုတ်ကြည့်လိုက်ကြပါတော့။ ခင်ဗျားတို့ရောဘယ်လိုလုပ်ကြမလဲ.. ဒီဇာတ်ကားက IMDB Rating 6.8 ရရှိထားပြီး ကျွန်တော့်အကြိုက်မင်းသမီး Rachel Weisz နဲ့ Rachel McAdam တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  d3mon ပါ)   File Size : (900 MB) and (390 MB) Quality : Blu-Ray 720p Running Time : 1hr 54min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by ...
6.8
IMDB: 6.8/10 2,358 votes
movie

Disobedience (2017)

2017
Paddington 2 (2017) 8.2
Paddington 2 (2017) ဘရောင်းမိသားစုနဲ့အတူ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ၀က်ဝံလေးပက်ဒင်တန်ဟာ ဘာ လုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်ပေမယ်လို့ လူတိုင်းကိုကူညီလို စိတ်ရှိတဲ့အတွက် ချစ်ခင်သူများပါ တယ်။ ဘရောင်းမိသားစုမှာလည်း အိုလံပစ်ယာဉ်မောင်းဖြစ်ဖို့ ကြိုး ပမ်းနေတဲ့ မေရီ၊ ရာထူးမတိုးသေး တဲ့ ဟင်နရီ၊ ချစ်သူနဲ့လမ်းခွဲလိုက် တဲ့ ဂျူဒီ၊ အရွယ်ရောက်လာတဲ့ ဂျိုနသန်စတဲ့ အပြောင်းအလဲ များစွာနဲ့ပါ။ တစ်ရက်မှာတော့ အန်တီ လူစီရဲ့ အသက်ရာပြည့်မွေးနေ့မှာ အမှတ်တရ လက်ဆောင်အဖြစ် ဆင်မြူရယ်ဂရူဘာရဲ့ ရှေး ဟောင်းပစ္စည်းဆိုင်က Pop Up စာအုပ်လေးဝယ်ပေးဖို့ စိတ်ကူး ထားတာကြောင့် ပက်ဒင်တန်ဟာ အလုပ်မျိုးစုံလုပ်ရင်း ငွေစုခဲ့ပါ တယ်။ ပိုက်ဆံပြည့်တဲ့နေ့မှာ စာ အုပ်သွားဝယ်ရင်း သူဝယ်မယ့် စာအုပ်သူခိုးခိုးသွားတာ တွေ့ပေ မယ့်လို့ ပက်ဒင်တန်ဟာ စာအုပ် သူခိုးအဖြစ် မှားယွင်းစွပ်စွဲခံရပြီး သက်သေမပြနိုင်တဲ့အတွက် အ ဖမ်းခံခဲ့ရပါတယ်။ ဘရောင်းမိသားစုကလည်း ပက်ဒင်တန် ...
8.2
IMDB: 8.2/10 13,459 votes
movie

Paddington 2 (2017)

2017
Blu-Ray 720p
John Carter (2012) 6.6
John Carter (2012) ဂျွန်ကာတာဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာတာ ဟာဆိုရင် အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်ပေါ့ဗျာ။သူဟာ အခုချိန်မှာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အေးဆေး စွာနေချင်တဲ့ သူတစ်ယောက်ပေါ့။သူ့ကို စစ်မှု့ပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘ၀ကို လုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။သူဟာ အိန္ဒိယန်းလူနီတွေရဲ့ လက်က လွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် သူက အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကိုရွတ်ဆိုလိုက်တဲ့အခါမှာ.....သူဟာ မေ့မျောသွားပါတယ်။ သူပြန်သတိရတဲ့ အချိန်မှာသူဟာ သူမသိတဲ့ နေရာတစ်ခုကိုရောက်တာနေတာပါ။ ခြေစုံ ထရပ်တဲ့ အခါမှာလည်း ထူးဆန်း အံ့အားသင့်စရာတွေ တွေ့ရပြန်ပါတယ်။ ထူးဆန်းတဲ့ သတ္တ၀ါတွေ မျိုးနွယ်စုတွေ နဲ့ အတူ သူဟာ ကမ္ဘာပေါ်မှာ မဟုတ်တော့ဘူးဆိုတာသိခဲ့ရပါတယ်... ဒါဆိုသူဘယ်ရောက်နေတာလဲ..... သူရောက်နေတဲ့ နေရာ မျိုးနွယ်စုတွေ ရဲ့ အရှုပ်အထွေး ကြား ထဲမှာ ညှပ်ပါရင်း သူတို့ ကြားထဲမှာ လူထူးဆန်းဖြစ်နေတဲ့ ကာတာ တစ်ယောက် အရှုပ်အထွေးတွေကို ရင်ဆိုင် ရပါတော့မယ်။ ...
6.6
IMDB: 6.6/10 222,796 votes
movie

John Carter (2012)

2012