Channel Myanmar

Nick Moran

Renegades (2022) 5.5
Renegades (2022)  ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်းဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီးနေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင်ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေးပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက်အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက်ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

Renegades (2022)

Prisoners of the Sun (2013)
Prisoners of the Sun (2013) Prisoners of the sun (2013)ဒီတစ်ခါ CM ပရိသတ်ကြီးကို တင်ဆက်ပေးချင်တာကတော့ ခုခေတ်မှာ အလွန့်အလွန်ကိုရှားပါးသွားပြီးဖြစ်တဲ့ ရတနာသိုက်ရှာတဲ့ စွန့်စားခန်းရုပ်ရှင်ပါပဲ ဒဏ္ဍာရီတွေ ဝှက်စာတွေ ပိရမစ်တွေ ထောင်ချောက်တွေ စတဲ့အရာများစွာနဲ့ ရင်တထိတ်ထိတ်နဲ့ ဖျော်ဖြေမှုအပေးနိုင်ဆုံး ရုပ်ရှင်တွေပေါ့ ခုခေတ်မှာတော့ တကယ့်ကိုရှားသွားတာပါ့ အဲ့တော့ မကြည့်ရသေးရင် အသစ်ဆိုတဲ့အတိုင်း ပရိသတ်ကြီးအတွက် ဒီကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အီဂျစ်ကိုတိုးတက်အောင်လုပ်ပေးခဲ့တာက ကောင်းကင်ကနေလာတဲ့ အရာတွေ ဂြိုလ်သားတွေပေါ့ လူသားတွေအခေါ် နတ်ဘုရားပေါ့ သူတို့က လူသားတွေကို စေတနာရှိလွန်းလို့ကူညီတာမဟုတ်ဘဲကမ္ဘာကြီးကိုသိမ်းပိုက်ချင်လို့ လာခဲ့တာပါ ဒီအိုဆိုင်းရစ်တွေကို လူသားဘုရင်ဖာရို့က ပြန်မောင်းထုတ်ခဲ့ပြီး သူတို့ကိုပြန်ခေါ်နိုင်မယ့်လျှို့ဝှက်ချက်ကို သင်္ချိုင်းဂူထဲထည့်ပိတ်ထားခဲ့ပါတယ် နှစ်ပေါင်းငါးထောင်ကြာမှ တစ်ခါရတဲ့အခွင့်အရေးကြီးမှာ မျက်မှောက်ခေတ်အချိန် အိုဆိုင်းရစ်တွေကိုပြန်ခေါ်ဖို့ ကြိုးစားကြတဲ့အခါမှာ ခေတ်ဟောင်းကားဆိုပေမဲ့ 2013 ဆိုတော့ cgi ဘာညာလဲ မဆိုးတာမို့ ပရိသတ်ကြီးတို့ lara croft အလွမ်းပြေကြည့်နိုင်မဲ့ စွန့်စားခန်းကားလေးပါပဲလို့ ညွှန်းဆိုပေးလိုက်ပါတယ်.။....အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Action, Adventure, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 743MB Format… mp4 Duration…. 1h ...
movie

Prisoners of the Sun (2013)

Boudica (2023)
Boudica (2023)  ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T ...
movie

Boudica (2023)

Lock, Stock and Two Smoking Barrels(1998) 8.2
Lock, Stock and Two Smoking Barrels(1998) Lock, Stock and Two Smoking Barrels (1998)===================================IMDB - 8.2 Rotten tomatoes - 75% Metascore - 66% ဒီတစ်ခါတင်ဆက်ပေးမှာကတော့ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့Guy Richie ရဲ့ဟာသအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။R-rated ဖြစ်တာမလို့ သွေးထွက်သံယိုတွေ၊ ကြမ်းတမ်းတဲ့စကားတွေပါပြီးdark comedy ကားမျိုးဖြစ်တာမလို့ ဒီလိုဇာတ်ကားမျိုးတွေကိုကြည့်ရှုချင်နေတဲ့သူတွေအတွက်တော့ လုံးဝကို Old but Gold ပါပဲခင်ဗျ။ဇာတ်လမ်းအကျဉ်းကတော့ မြို့ထဲကရာဇဝတ်ဂိုဏ်း‌ ခေါင်းဆောင်တစ်ဦးနဲ့အတူဖဲဆော့ရင်း တင်သွားတဲ့ ဖဲကြွေး ပေါင် ၅သိန်းကို (၇)ရက်အတွင်း ပေးရမဲ့Eddy, Tom, Bacon, Soap ဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ဒီလေးယောက်က အကြွေးပြန်ဆပ်ဖို့အတွက် ပိုက်ဆံရှာနိုင်မဲ့အလွယ်နည်းလမ်းကိုလိုက်ရှာရင်း သူတို့ဘေးအခန်းထဲမှာ နေရာတနေရာကို ဓါးပြတိုက်ဖို့လုပ်နေတဲ့Dog တို့ရဲ့လူမိုက်အဖွဲ့က ပြောနေတာကို နားထောင်မိပြီး သူခိုးလက်ကသူဝှက်လု လုပ်ဖို့ ကြံစည်ကြပါတော့တယ်။ ဒီလိုနဲ့ ဘယ်လိုတွေရှုပ်ပြီးဘယ်လိုတွေရုပ်တည်ကြီးနဲ့ လွဲကြမလဲ၊ ဘယ်လိုအရှုပ်ထုတ်တွေထဲကိုဝင်ပါမိကြမလဲ၊နောက်ဆုံးမှာရော သူတို့ရဲ့အကြွေးကိုပြန်ဆပ်နိုင်မှာလားဆိုတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ File size…2.44GB / 774MB Quality…Blu-Ray ...
movie

Lock, Stock and Two Smoking Barrels(1998)

Hounded (2022) 7.8
Hounded (2022) Hounded (2022) ============တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

Hounded (2022)

2022
Don’t Knock Twice (2016) 5.1
Don’t Knock Twice (2016) Don't Knock Twice (2016)ဇာတ်ကားနာမည်ကိုက Don't Knock Twice ..ဒီတံခါးကို နှစ်ခါခေါက်လိုက်မိတာနဲ့ သူမကမင်းတို့နောက်ကို တောက်လျှောက်လိုက်လာလိမ့်မယ် တစ်ခါခေါက်ရင် သူမအိပ်ရာကနိုးထဖို့ နှိုးတာဖြစ်ပြီး နှစ်ခါခေါက်ရင်တော့ သေခြင်းကနှိုးလိုက်တာပဲ ...Horror ကြိုက်ကြည့်ရှူသူတွေအတွက် Old But Gold သရဲဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် IMDb 5.1 ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ ကြောက်စရာလည်းကောင်းသလို မိဘမေတ္တာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်...ဂျက်စ်ဆိုတာကတော့ ကျန်းမာရေးမကောင်းလို့ သမီးဖြစ်သူခလိုဝီကိုမိဘမဲ့ဂေဟာပို့ထားရတဲ့ မိခင်တစ်ယောက်.. သမီးကိုပြန်ခေါ်ဖို့ကြိုးစားပေမယ့် တားဆီးနေသူတွေကြောင့် ၉နှစ်လောက်အဆက်အသွယ်ပြတ်သွားခဲ့သူ။ ခလိုဝီကတော့ လိုအပ်ချိန်မှာရှိမနေခဲ့တဲ့အတွက် မိခင်ဖြစ်သူကိုနာကျည်းရင်းနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသူပါ ဒီလိုနဲ့တစ်နေ့ မြို့စွန်ကအိမ်ပျက်ကြီးကို ခလိုဝီနဲ့ သူငယ်ချင်းဖြစ်သူဒန်နီတို့ သွားကြည့်ကြရင်း လူငယ်သဘာဝစူးစမ်းချင်တာကြောင့် တံခါးကိုနှစ်ခါခေါက်လိုက်မိတယ် အစပိုင်းမှာတော့ ကိစ္စတွေက အဆင်ပြေပြေရှိနေပေမယ့် သူတို့အိမ်ပြန်ရောက်ပြီးချိန်မှာတော့ ကြောက်မက်ဖွယ်ခြောက်လှန့်မှုတွေနဲ့ မိတ်ဆက်ခဲ့ရတာကြောင့် မိခင်အိမ်ကိုအားကိုးတကြီးသွားပြီး အကူအညီတောင်းခဲ့ပေမယ့် ခြောက်လှန့်မှုတွေကရပ်တန့်မသွားဘဲ ပိုဆိုးလာတဲ့အခါ...သူမမိခင်က သူမကိုဘယ်လိုကယ်တင်မလဲ ဒီခြောက်လှန့်မှုတွေကနေ သူမတို့လွတ်မြောက်ကြမှာလားဆိုတာ အသည်းယားစရာခြောက်လှန့်မှုတွေကြားထဲ စီးမြောလိုက်ကြပါဦးရှင် File size…845MB / 375MB Quality…1080p BluRay / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Don’t Knock Twice (2016)

2016
Accident Man (2018) 6.0
Accident Man (2018) Accident Man ဆိုတာလူတစ်ယောက်ပေါ့။ဘယ်လိုလူတစ်ယောက်လဲဆိုတော့ အခကြေးငွေယူပြီး လူသတ်ပေးရတဲ့ အလုပ်ကိုလုပ်ရတဲ့လူ။လူသတ်ကုန်သည်လို့လည်းခေါ်ကြတယ်။သူတို့လောကမှာ အဲ့ဒီဈေးကွက်က တော်တော်ဖြစ်ထွန်းနေသလို ကိုယ့်အလုပ်ကိုကိုယ် ဂရုစိုက်ကြရတယ်။အလုပ်အပ်တဲ့လူကပွဲစားကတစ်ဆင့် သတ်ရမယ့်လူရဲ့အချက်အလက်နဲ့ငွေကိုပေးတယ်။ပွဲစားကနေပြီးတော့မှ သတ်ရမယ့်ပုံစံကိုလိုက်ပြီး လုတ်ကြံသတ်ဖြတ်သူတွေကို တာဝန်တွေပြန်ခွဲပေးတယ်။သတ်ရမယ့်ပုံစံဆိုတာ အဆိပ်ခတ်သတ်ရမလား၊လမ်းဘေးလူသတ်မှုပုံစံလား၊မီးရှို့သတ်မလား၊မတော်တဆပုံစံလားစသဖြင့်ပေါ့။Accident Man ဆိုတာက မတော်တဆပုံစံသတ်ရတဲ့အခါ တာဝန်ယူပေးရတဲ့လူ။ဇာတ်လမ်းကတော့ ပြောမပြတော့ဘူး။အထိုးအကြိတ်အသတ်အပုတ်ကားကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ပဲပေါ့။မင်းသားကလည်း ဘွိုင်ကာလက်ဝှေ့ကားထဲက နာမည်ကျော်ဆိုတော့ ကိုယ်တိုင်သာကြည့်ကြည့်လိုက်ပါတော့။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ဆရာဇွဲခန့်သွင်ပါ) File Size : (850 MB) and (344 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-NODLABS Translated by Zuel Khant Thwin Encoded by Thanhtike Zaw
movie

Accident Man (2018)

2018
Harry Potter and The Deathly Hallows: Part 2 (2011) 8.1
Harry Potter and The Deathly Hallows: Part 2 (2011) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Deathly Hallows: Part 2 (2011)

2011
4K HEVC
Harry Potter and The Deathly Hallows: Part 1 (2010) 7.7
Harry Potter and The Deathly Hallows: Part 1 (2010) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Deathly Hallows: Part 1 (2010)

2010
4K HEVC
Avengement (2019) 6.8
Avengement (2019) Action ကားကောင်းကြိုက်သူတွေအတွက် 2019 ထွက် Action ကားအသစ်စက်စက်ကြမ်းကြမ်းရမ်းရမ်းဇာတ်ကားလေးတစ်ခုပါ။ဇာတ်လမ်းအစမှာတစ်မျိုးပေမဲ့ ဇာတ်လမ်းကဆွဲခေါ်သွားပုံလေးကစိတ်ဝင်စားစရာကောင်းပါတယ်။ကိန်းဆိုတဲ့ထောင်သားတစ်ယောက် ဆေးရုံကအမေဖြစ်သူကို အစောင့်အရှောက်တွေနဲ့ လာတွေ့တာကနေစပါတယ်။ဆေးရုံအဝင်ဝမှာပဲ မိခင်ဖြစ်သူဆုံးသွားပြီဆိုတာ သိလိုက်ရတော့ မိခင်ရဲ့နောက်ဆုံးအချိန်ကိုမမှီလိုက်သူတစ်ယောက်အနေနဲ့မျှော်လင့်ထားတဲ့အတိုင်း လုံခြုံရေးတွေကိုလှဲသိပ်ပြီး ပြေးပါလေရော။ဒီထိမထူးခြားပေမဲ့ ကိန်းဆိုသူရဲ့နောက်ကြောင်းကို ဖြေးဖြေးစီ ထိုးပြလာတဲ့အခါမှာတော့ကိန်းဟာဘယ်လိုလူမျိုးဆိုတာ သိလာရပြီး ဇာတ်ရည်လည်လာသလို ဘာကြောင့်လဲဆိုတဲ့အဖြေတွေကိုဖြေးဖြေးချင်းတွေ့ရမှာပါ။တိုက်ခိုက်ပုံအကြမ်းစားအလန်းစားတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။Rating ကလည်း 6.7 နဲ့ ဇာတ်ဆောင်မင်းသားကလည်း လူသိများပြီး မင်းသားပဲဖြစ်တဲ့အတွက် အကြောင်းသိပရိသတ်တွေကျေနပ်စေမဲ့ကားပါ(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Thura Zarni Aung ပါ)File Size : (1.50 GB) , (750 MB) and (380 MB) Quality : WEB-DL (1080p 5.1,720p,480p) Running Time : 1hr 30min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle (Hard ...
movie

Avengement (2019)

2019
Terminal (2018) 5.2
Terminal (2018) ဒီကားလေးကတော့ Crime/Action ကားသစ်လေးဖြစ်ပြီး Herlay Quinn မင်းသမီး Margot Robbie ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်ကြောင်းလေးကတော့ မြို့လေးတစ်မြို့က mission တစ်ခုအတွက်လုပ်ဆောင်နေတဲ့ Assasin နှစ်ယောက်ကိုအခြေပြုထားတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့စိတ်ဝင်စားဖွယ်ဘဝအခြေအနေကိုတွေ့မြင်ရမှာပါ။လျို့ဝှက်ဆန်းကြယ်လှတဲ့ ဒုစရိုက်မှုတွေကိုအဓိကကြိုးကိုင်နေတဲ့ ဒုစရိုက်ခေါင်းဆောင်ကြီးနဲ့တွေ့ချိန်မှာတော့ သူတို့ဘဝဟာအကျဉ်းအကြပ်ထဲရောက်သွားပါတော့တယ်။ဒီတော့ Assasin နှစ်ယောက်ဘာဖြစ်မလဲ၊ဘယ်လိုမြုပ်ကွက်တွေရှိမလဲဆိုတာကိုတော့ Margot Robbie ရဲ့ မထီမဲ့မြင်သရုပ်ဆောင်ချက်တွေနဲအတူကြည့်ရှုလိုက်ပါဦး။(ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူပါ)File Size : (750 MB) and (360 MB) Quality : AMZN WEB-DL 720pRunning Time : 1hr 30minFormat : Mp4 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by May Myat Thu Encoded by Thanhtike Zaw
movie

Terminal (2018)

2018