Channel Myanmar

Nick Rutherford

Drugstore June (2024) 5.5
Drugstore June (2024)  ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီးတင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားလေးထဲမှာတော့ -ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန်အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန်မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန်ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန်စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန်နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ….တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင်ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင်ဝင်ရောက်​ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်….အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ..လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ.. File size…1.19GB / 536MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Comedy , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi
movie

Drugstore June (2024)

Don’t Worry, He Won’t Get Far on Foot(2018) 6.9
Don’t Worry, He Won’t Get Far on Foot(2018) Don't Worry, He Won't Get Far on Foot(2018)အညႊန္း**********************************************IMDB rating -6.9 Rotten tomato – 76%(unicode)Joker 2019 နဲ့လူသိများခဲ့တဲ့ Joaquin Phoenix ရဲ့ဇာတ်ကားသစ်ပါ... သူကတော့ John Callahan အဖြစ်သရုပ်ဆောင်ထားပါတယ်...“ကျွန်တော့်အမေနဲ့ပက်သက်တာဆိုလို့သုံးခုပဲ သိတယ် သူက အမေရိကန်အိုင်းရစ်လူမျိုး ဆံပင် အနီ နဲ့ ကျောင်းဆရာမတစ်ယောက် ဟုတ်တယ် သူ ကျွန်တော့်ကိုမလိုချင်ခဲ့ဘူး လေးခုပေါ့” အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ကာတွန်းဆရာ ဂျွန်ကလာဟန် သူ့ကိုယ်သူမိတ်ဆက်တိုင်းမှာပါနေကြစကားလေးပါ ငယ်ငယ်ကတည်းက အမေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တာငတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ...ခံစားချက်တွေဖုံးကွယ်ဖို့အသက် ၁၃နှစ်ကတည်းက အရက်ကိုနှစ်ခြိုက်စွာစသောက်ခဲ့တယ်..ဒါတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲပြောရမလားမသိ..ကားအက်ဆီးဒန့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တယ် ... မူလကထဲက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေရှိတဲ့သူ ဟာ အောက်ပိုင်းသေသွားတဲ့အတွက်ကြောင့် ပိုဆိုးလာခဲ့တယ်....တစ်နေ့တော့ သူအရက်မသောက်ပဲ ကျောင်းတက်ပြီး သူနှစ်သက်တဲ့အလုပ်တစ်ခုလုပ်ကာ သူ့ဘ၀ကိုအရှုံးမပေးဖို့စတင်ကြိုးစားပါတော့တယ်... သူဘယ်လိုကြိုးစားလဲ...အောက်ပိုင်းသေနေတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့လဲ... ဒီဇာတ်ကားက တော့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်... ကာတွန်းတွေ တစ်ချက်ထိ ဟာသ သရောကာတွန်းလေးတွေရေးတဲ့အပြင် ကာတွန်းစီးရီးတွေနဲ့အောင်မြင်မှုရခဲ့တဲ့ John Callahan အကြောင်းကို ရိုက်ပြထားတာပါ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo ...
movie

Don’t Worry, He Won’t Get Far on Foot(2018)

2018
Blood Fest (2018) 5.3
Blood Fest (2018)   ဒီကားလေးအကြောင်းစမပြောခင် Blood Fest ဆိုတဲ့နာမည်အကြောင်းကို အရင်စပြောလိုက်ရအောင်…. Blood Fest ဆိုတာ သွေးသံရဲရဲနဲ့ကစားရတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီးတော့ ဒီကစားနည်းဟာ အရမ်းကိုကျယ်ဝန်းလှတဲ့ ဧက၂၀ မြေကွက်ကြီးတစ်ခုမှာပြုလုပ်တဲ့ ဆယ်စုနှစ်ရဲ့အကောင်းဆုံးသော ” သွေးသံရဲရဲ ဧည့်ခံပွဲ ” ကစားနည်းလို့လည်းနာမည်ပေးထားပါတယ်….. အဲကွင်းကြီးထဲမှာ နာမည်ကြီး Horror ရုပ်ရှင်တွေထဲက လူသတ်သမားတွေရဲ့ ပုံစံသရုပ်ဆောင်တွေကိုထည့်သွင်းထားပြီးတော့ ပါဝင်ကစားတဲ့ လူတွေကို ခြောက်လှန့်စေတာဖြစ်ပါတယ်… Vampire , Zombie , Clown , The Arborist , Red အစရွိတဲ့ နာမည်ကျော်မကောင်းဆိုးဝါးတွေကို ဒီ Horror ကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်…. ဟောလိုဝင်းညပါတီပွဲကို ပျော်ချင်လို့ဆိုပြီး ဒီကွင်းကြီးထဲကို ဂိမ်းကစားဖို့ရောက်လာကြတဲ့ ဆယ်ကျော်သက်လေးသုံးယောက်ဟာ တကယ်တမ်း ဂိမ်းမဟုတ်ပဲ ကြမ်းတမ်းတဲ့အရာတွေနဲ့တွေ့ကြုံလာရတဲ့အခု လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်… တစ်ကွင်းလုံးမှာလည်း အတုအယောင်တွေပြုလုပ်ထားတဲ့ သရဲကားတွေထဲကလို စိတ္တဆေးရုံတွေ သချိင်္ုင်းတွေနဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက နာမည်ကျော်လူသတ်သမားတွေနဲ့ ဂိမ်းကစားနေတာမဟုတ်တော့ပဲ သေရေးရှင်ရေးအတွက် အဲကွင်းထဲကနေလွတ်မြောက်နိုင်အောင်ကြိုးစားရတော့မှာပါ…. Horror ကားဆိုပေမယ့် ဒီကားဟာ ဟာသလေးတွေနှောပြီးရိုက်ပြထားတာပါ…. ဒါပေမယ့် Horror ကားရဲ့အနှစ်အရသာကိုတော့ ပျောက်ပျက်သွားတာမျိုး မဟုတ္ပါဘူး… တချို့အခန်းတွေက ကြောက်စရာကောင်းသလို  တချို့အခန်းတွေမှာလည်း စိတ်ပေါ့ပါးစွာနဲ့ရယ်မောမိကြမှာပါ….. ဒါကြောင့် ဒီဇာတ်ကားလေးကို ကြည့်သင့်မကြည့်သင့်ကိုကတော့ သင်တို့ကိုယ်တိုင်ပဲဆုံးဖြတ်လိုက်ကြပါ…. File Size : (879 MB)  Quality : WED DL 720p Running Time : 1hr 36min Format : ...
movie

Blood Fest (2018)

2018
The Kings of Summer(2013) 7.2
The Kings of Summer(2013) The Kings of Summer(2013)IMDb....7.2မုဆိုးဖိုဖခင်ကြီး Frank နဲ့အတူတူနေရတဲ့ လူပျိုပေါက်အရွယ် Joe Toy တစ်ယောက်သူ့ရဲ့ဘဝကိုသူ့အဖေကလိုက်ပြီးစီမံနေတာကိုမနှစ်သက်သူ မြီးကောင်ပေါက်အရွယ်ပီပီ လွတ်လွတ်လပ်လပ်လုပ်ချင်ရာလုပ်နေချင်တဲ့ ကောင်လေးကသူ့ဖခင်ရဲ့လက်ကလွတ်ရင်ပြီးရော တာဝန်တွေဝတ္တရားတွေနဲ့ကင်းဝေးရင်ပြီးရောဆိုပြီး သူ့ရဲ့အခင်ဆုံးဘော်ဒါPatrick ရယ် ကြောင်တောင်တောင် Biaggio ဆိုတဲ့ကောင်လေးရယ်နဲ့ တောအုပ်ထဲကိုထွက်ပြေးကြတယ်...မိဘတွေရဲ့ချည်နှောင်မှုတွေ တာဝန်တွေနဲ့ကင်းဝေးအောင် အဲ့မှာသူတို့အိမ်ဆောင်နေကြမယ်ဆိုပြီးလုပ်ကြပါလေရောလူသူကင်းဝေးတဲ့တောအုပ်ထဲမှာ ကောင်လေး၃ယောက်က သူတို့ရဲ့နေရာထိုင်ခင်းတွေစီစဉ်ပြီးတဲ့အချိန်မှာသူတို့တွေကိုယ့်ကိုကိုယ်တွေး ဘယ်လိုတွေးမိကြလဲဆိုတော့...ငါသည်သာအရှင်သခင်...ငါသည်သာ အားလုံးရဲ့ဘုရင်ဆိုပြီး စိတ်ကြီးတွေဝင်ပြီးတဲ့နောက်မှာတော့....ကိုင်း ဒီလူရှုတ်လေးတွေ တောထဲမှာ ဘယ်လိုပေါက်ကရတွေဆက်ဖြစ်မလဲဆိုတာကိုတော့.....ဟာသကားလေးမို့ခံစားကြည့်လိုက်ပါဦးဗျ...File Size : (900 MB) and (297 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae
movie

The Kings of Summer(2013)

2013