Channel Myanmar

Nicolas Giraud

The Astronaut (2022) 6.7
The Astronaut (2022) The Astronaut (2022)~ IMDb rating - 6.7/10 ~ဒီကားလေးက ပြင်သစ်စကားပြော ဒရာမာအမျိုးအစားဖြစ်ပြီး Nomination နှစ်ခုလည်း၀င်ထားလောက်အောင်ကို အာကာသအကြောင်းရယ်၊ အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့လူတစ်စုအကြောင်းရယ်ကို အချိုးညီညီပေါင်းစပ်ထားတဲ့ကားပါပဲ။ဂျမ်ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာတစ်ယောက်ရဲ့အိပ်မက်က အာကာသယာဉ်မှူးဖြစ်ဖို့ပါ။ ဥရောပအာကာသအေဂျင်စီမှာ ၀င်ခွင့်ဖြေဖူးပေမဲ့ ကျခဲ့တာကြောင့် ကိုယ်ထူကိုယ်ထ ဒုံးပျံယာဉ်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲမှာ လမ်းလျှောက်ဖို့ကြံနေတာပါ။ သူနဲ့အတူ လောင်စာအတွက် ကူညီပေးတဲ့ ဓာတုပညာရှင်တစ်ယောက်ရှိပါတယ်။ နောက်ပိုင်းကျ ခရီးလမ်းကြောင်းကိုတွက်ချက်ဖို့ သင်္ချာပညာရှင်တစ်ယောက် အာကာယာဉ်မှူးဟောင်းတစ်ယောက်ပါလာပြီး သူတို့လူတစ်စု ကမ္ဘာ့ပထမဆုံး အပျော်တမ်း ခရီးသည်ပါအာကာသယာဉ်ကြီးတည်ဆောက်ပြီး ဂြိုဟ်ပတ်လမ်းထဲအာကာသလမ်းလျှောက်ဖို့လုပ်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေ အနှောင့်အယှက်မျိုးစုံကြားထဲမှာ အောင်မြင်သွားရဲ့လားဆိုတာ အားလုံးပဲကြည့်ရှုခံစားကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 870MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - ...
movie

The Astronaut (2022)

2022
The Extraordinary Adventures of Adèle Blanc-Sec (2010) 6.3
The Extraordinary Adventures of Adèle Blanc-Sec (2010) IMDb Rating (6.3/10)ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ဇာတ်လမ်းကတော့....အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်...သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie
movie

The Extraordinary Adventures of Adèle Blanc-Sec (2010)

Voir la mer (2011) 5.6
Voir la mer (2011) Voir la mer (2011) ==============ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကို နှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကို အလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲ ပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီး သူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေ ခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာ ကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိ ပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေ ပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.8 GB) / (780 MB) / (449 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Parris Encoder..........SWM 
movie

Voir la mer (2011)

2011
Close Enemies(2019) 6.5
Close Enemies(2019) Close Enemies(2018)IMDb....6.5(unicode)သူငယ်ချင်းတွေ မိတ်ဆွေတွေ မိသားစုတွေဆိုတာ Drug Dealer လောကမှာတော့ မရှိပါဘူး...ပိုက်ဆံပေးနိုင်နေသ၍ ဝယ်သူရောင်းသူ အတိုင်အဖောက်ညီနေမယ်ဆိုပေမဲ့ ပိုက်ဆံမပေးနိုင်တော့တဲ့အခါမှာတော့ ဘယ်သူနေနေ Dealer ကတော့ ခပ်တန်းတန်းပါပဲ...ဒီလိုပါပဲ...အချင်းချင်း သစ္စာစောင့်သိမှုမှာလည်း တစ်စက္ကန့်သစ္စာရှိရင် တစ်စက္ကန့်မိတ်ဆွေဖြစ်ပြီး တစ်စက္ကန့်သစ္စာမရှိတဲ့အချိန်မှာ တစ်စက္ကန့်စာရန်သူတွေပါပဲ...Driss နဲ့ Manuel ဟာ အရမ်းခင်တဲ့ ငယ်သူငယ်ချင်းတွေပါ...ဒါပေမဲ့ လုပ်ငန်းရွေးချယ်မှုမှာတော့ Driss ဟာ ရဲအရာရှိအလုပ်ကို ရွေးချယ်ခဲ့ပြီး Manuel ကတော့ Drug Dealer ဘဝကို ရွေးချယ်ခဲ့သူပါ...ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ဟာ သက်ဆိုင်ရာအသိုင်းအဝိုင်းမှာ ကျင်လည်လာပြီး ၎င်းတို့အသိုင်းအဝိုင်းနှစ်ခုတွင်း သက်ဆိုင်ရာအရှုပ်အရှင်းတွေကြားမှာ ရပ်တည်ချက်ခြင်းမတူတဲ့ သူ(၂)ယောက်ထိပ်တိုက်ရင်ဆိုင်ရချိန်မှာတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...(zawgyi)သူငယ်ချင်းတွေ မိတ်ဆွေတွေ မိသားစုတွေဆိုတာ Drug Dealer လောကမှာတော့ မရှိပါဘူး...ပိုက်ဆံပေးနိုင်နေသ၍ ဝယ်သူရောင်းသူ အတိုင်အဖောက်ညီနေမယ်ဆိုပေမဲ့ ပိုက်ဆံမပေးနိုင်တော့တဲ့အခါမှာတော့ ဘယ်သူနေနေ Dealer ကတော့ ခပ်တန်းတန်းပါပဲ...ဒီလိုပါပဲ...အချင်းချင်း သစ္စာစောင့်သိမှုမှာလည်း ...
movie

Close Enemies(2019)