Channel Myanmar

Nicole Byer

The American Society of Magical Negroes (2024)
The American Society of Magical Negroes (2024)  အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီးတိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းကအားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့်အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက်ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေမှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီးလူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကိုတွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာမထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက်သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကိုရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင်ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The AmericanSociety Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာသွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလိုဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်းအလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုးအမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့အစည်းရဲ့ အဓိကတာဝန်ကတော့ ...
movie

The American Society of Magical Negroes (2024)

First Time Female Director (2023)
First Time Female Director (2023) First Time Female Director (2023)Dark Comedy ပုံစံမျိုးကိုမှ သဘောကျတတ်တဲ့ ပရိတ်သတ်ကြီးအတွက် ၂၀၂၃ တုန်းကထွက်ထားတဲ့ First Time Female Director ဆိုတဲ့ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ Brooklyn Nine Nine ထဲက Gina အဖြစ်သရုပ်ဆောင်ထားတဲ့ Chelsea Peretti ကအဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဒါရိုက်တာအနေနဲ့လဲ သူပဲရိုက်ထားပြီးတော့ ဇာတ်ကားနာမည်အတိုင်း First Time Female Director ပါပဲ။ တမင်အခွက်ပြောင်ထားသလားတောင် မှတ်ရတယ်။ Dark Comedy ဆိုတဲ့အတိုင်း သူတို့နိုင်ငံကလူတွေကို ထေ့လုံးရွဲ့လုံးတွေနဲ့ ဟာသလုပ်ထားတာဆိုတော့ နဲနဲတော့ နားလည်ရခက်နေပါလိမ့်မယ် ဒါပေမဲ့ ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ပြဇာတ်ရေးပြီးအလုပ်လုပ်နေတဲ့ ဆမ်တစ်ယောက် သူ့ရဲ့ ကုထုံးဆရာဝန်ကလဲ လက်လန်စရာ ဆေးစွဲဖူးတဲ့သူ ဒီလို တလွဲလူနာနဲ့ တလွဲကုထုံးဆရာ တွေ့ပြီး ဆွေးနွေးကြတယ်ပေါ့။ ပြဇာတ်ရေးဆရာမကနေ ရုတ်တရက်ကြီး သူ့ရှေ့က ဒါရိုက်တာတစ်ယောက်က သရုပ်ဆောင်တစ်ယောက်နဲ့ အိပ်လိုက်တဲ့အတွက် အထုတ်ခံလိုက်ရပြီး နေ့ချင်းညချင်း ပြဇာတ်ရေးဆရာမကနေ ကောက်ကာငင်ကာ ဒါရိုက်တာလုပ်ဖို့ကမ်းလှမ်းလာပါတယ်။ ဒီတလွဲလူနာနဲ့ ကုထုံးဆရာ နှစ်ယောက်ပေါင်း တိုင်ပင်ပြီး ဒါရိုက်တာအလုပ်ကို ...
movie

First Time Female Director (2023)

2023
Good Burger 2 (2023)
Good Burger 2 (2023)  ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Good Burger 2 (2023)

Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
Ruby Gillman, Teenage Kraken (2023) 5.9
Ruby Gillman, Teenage Kraken (2023) Ruby Gillman, Teenage Kraken (2023) =========================== IMDb Rating - 5.9/10The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက် တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာ ပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I've Loved Before ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း - လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြား ဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသား တွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက် ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေး မှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အ ရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆို တာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက် တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှ မဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။တစ်နေ့မှာတော့ အမှတ်မထင် ...
movie

Ruby Gillman, Teenage Kraken (2023)

2023
Cursed Friends (2022) 5.1
Cursed Friends (2022) Cursed Friends (2022) ================မကြာခင် ဟောလိုးဝင်းအခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်တာမို့ ဟောလိုးဝင်းကာလမှာ Horror ရုပ်ရှင်များနဲ့ Chill ကြမယ့် ရုပ်ရှင်ချစ်သူ များအတွက် အခုတလောမှ ထွက်ရှိလာတဲ့ Horror, Comedy ဇာတ်ကား ကောင်းလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။၂၀၀၂ ခုနှစ် ဟောလိုးဝင်းကာလမှာ အဲရစ်ကာတို့ သူငယ်ချင်း လေးယောက်ဟာ သကြားလုံး လိုက်တောင်းရင်း M.A.S.H ဆိုတဲ့ ကစားနည်း စာအုပ်ကို ရလာခဲ့ ပါတယ်။ အဆိုပါ ကစားနည်းစာအုပ်ဟာ အနာဂတ်ကို ကြိုတင်ခန့်မှန်းပြီး ကစား ရတာဖြစ်ပါတယ်။ အဲရစ်ကာတို့လည်း ထိုကစားနည်းကို ကစားခဲ့ပြီးတော့ မေ့မေ့ ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့ပါတယ်။ သူတို့မသိလိုက်တာက အဆိုပါစာအုပ်ဟာ ကစားသူတွေကို ကျိန်စာတိုက်တယ်ဆိုတာပါပဲ။၂၀၂၂ ခုနှစ် ဟောလိုးဝင်းကာလမှာတော့ အဲရစ်ကာလည်း သူ့မွေးရပ်မြို့ကို အလုပ် အင်တာဗျူးအတွက် ပြန်လည်ရောက်ရှိလာပြီး သူငယ်ချင်းလေးယောက် ဆုံတွေ့ ဖြစ်ကြပါတယ်။ ထိုနေ့မှာပဲ ငယ်စဉ်က ကစားခဲ့ဖူးတဲ့ စာအုပ်ကိုပြန်လည်ရှာတွေ့ပြီး ကျိန်စာအသက်ဝင်လာပါတော့တယ်။ စာအုပ်က ကျိန်စာတွေကို လွန်ဆန်ဖို့ ကြိုးစား ကြရင်း အဲရစ်ကာတို့ သူငယ်ချင်းတစ်သိုက် ...
movie

Cursed Friends (2022)

2022
Mack & Rita (2022) 5
Mack & Rita (2022) Mack & Rita ( 2022 )" ကျောက်တိုင်း အပြစ်ကလေးတော့ ရှိတယ်။ လူတိုင်း ချို့ယွင်းချက်ရှိမယ်။ သဘာဝရဲ့သဘောတရားတစ်ခုပါပဲ။ "စိုင်းခမ်းလိတ် သီချင်းစာသားလေးလိုပဲ လူတိုင်းက ခြောက်ပြစ်ကင်းနေမကြဘူး။ ဒီလိုပဲ နေလာရင်းနဲ့ တစ်ဖက်သားအလိုနဲ့ ကိုယ့်ဖြစ်တည်မှုက လွဲချော်နေတဲ့အခါတွေမှာ ကိုယ့်ဖြစ်တည်မှုကိုယ်စိတ်တိုင်းမကျဖြစ် သိမ်ငယ်ရတဲ့အဖြစ်မျိုးတွေ လူတိုင်းနဲံမကင်းတတ်ပါဘူး။ လူတွေဟာ ဒီလိုပဲလို့ သိထားလည်း လက်တွေ့ကျင့်သုံးဖို့ မလွယ်တတ်တဲ့ အခြင်းအရာပေါ့။ ဒီရုပ်ရှင်က ဒီအခြေအနေနဲ့ကြုံနေရတဲ့ အသက်၃၀ကောင်မလေးတစ်ယောက်အကြောင်းပါပဲ။ သူက အသက်တော့၃၀ ဒါပေမဲ့ အကြိုုက်တွေ နေပုံထိုင်ပုံတွေက အဘွားကြီးဆန်တယ်။ သူ့ဘဝမှာဘာဖြစ်လဲဆို သူ့အဘွားလိုဖြစ်ချင်တယ်ပဲပြောတတ်တယ်။ သို့ပေမဲ့ သူငယ်ချင်းတွေကြား လူပေါင်းဆံ့အောင် သူ့ကိုယ်သူဖုံးကွယ်ထားခဲ့တာပေါ့။ တစ်နေ့ကျ ထူးခြားစွာနဲ့ပဲ သူအဘွားကြီး တကယ်ဖြစ်သွားခဲ့တယ်။ အဲဒီကနေမှ သူတကယ်ဖြစ်ချင်တာက အသက်ကြီးတာလား သူ့ဖြစ်တည်မှုအတိုင်းသူနေချင်တာလားဆိုတာကို သူပြန်အဖြေရှာရတဲ့ ဇာတ်လမ်းပေါ့။မင်းသမီးကတော့ ဝူဒီအယ်လန်ရဲ့ Annie Hallတို့ မန်ဟက်တန်တို့ နောက် ဂေါ့ဖားသားလိုကားမျိုးတွေမှာ သရုပ်ဆောင်ဖူးပြီး အော်စကာပွဲကိန်းပွဲလို ...
movie

Mack & Rita (2022)

The Bob’s Burgers Movie(2022) 7.1
The Bob’s Burgers Movie(2022)  ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie

The Bob’s Burgers Movie(2022)

Unplugging (2022) 4.1
Unplugging (2022) Unplugging (2022)ဒီနေ့ခေတ်မှာ electronic devices တွေကတော့ ဘယ်သူနဲ့မှမကင်းတဲ့အရာပါပဲ။ အားလုံးထဲမှာမှ phone နဲ့ laptop ကတော့ အဆိုးဆုံးပေါ့။ ကျောင်းသားအရွယ်လူငယ်တွေကလည်း ဒီ phone တွေ laptop တွေကနေပညာရှာရတယ်။ အလုပ်လုပ်နေတဲ့ လူရွယ်တွေ လူကြီးတွေလည်း အလားတူ ဖုန်းနဲ့လူ ကွာတယ်ရယ်မရှိကြပါဘူး။ တစ်နေ့တစ်နေ့ ဒီပစ္စည်းတွေ social media ပေါ်က အကြောင်းအရာတွေနဲ့ပဲအချိန်ကုန်နေပြီး ကိုယ့်မိသားစု၊ ကိုယ့်အနီးနားက အရင်းနှီးဆုံးသူတွေကို အချိန်ပေးဖို့မေ့နေမိတယ်လို့ရော ထင်မိကြဖူးလား .. နေ့စဉ်ဘဝနဲ့ဝေးရာကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူသွားပြီး သူတို့ကိုအချိန်ပေးမယ်လို့ရော တွေးမိကြဖူးလား ..?အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတစ်ခုမှာ ဒါရိုက်တာတာဝန်ထမ်းဆောင်နေတဲ့ Jeanine က အလုပ်လောဘကြီးပြီး နေ့နေ့ညညအလုပ်မှအလုပ်ဖြစ်နေတဲ့သူပါ။ ကိစ္စတချို့ကြောင့် သူ့အရင်အလုပ်ကိုနားထားရတဲ့ ခင်ပွန်းဖြစ်သူ Dan က ဝါသနာပါရာ ဆော့စ်အစပ်လည်းလုပ်ရောင်းရင်း အိမ်မှုကိစ္စလည်းလုပ်ရင်း သမီးဖြစ်သူ Lizzy ကိုလည်းထိန်းကျောင်းရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ Dan ရဲ့ဆော့စ်အစပ်တွေကို လိုက်ပို့ပေးနေကျ Juan ဆုံးသွားရာကနေ Dan တစ်ယောက် တစ်ခုခုကိုတွေးမိသွားပါတော့တယ်။ အဲဒါကတော့ မိုးလင်းကမိုးချုပ် ဖုန်းနဲ့လူမခွာဘဲ အလုပ်ထဲမှာပဲနစ်မြောနေတဲ့သူ့မိန်းမကို ဖုန်း၊ အင်တာနက် တစ်ခုမှသုံးမရတဲ့နေရာကိုခေါ်သွားပြီး နှစ်ယောက်တည်း ...
movie

Unplugging (2022)

2022
Vivo(2021) 7.0
Vivo(2021) Vivo(2021) အညွှန်း*****************IMDb...7.0 တေးဂီတကို ချစ်မြတ်နိုးတဲ့ ဗီဗိုလေးဟာ တစ်နေ့တစ်နေ့ သူ့သခင်နဲ့အတူ လမ်းပေါ်မှာဖျော်ဖြေရင်းနဲ့နေ့စဉ်အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးခဲ့ကြတယ်...ဗီဗိုလေးအတွက်ပျော်ရတယ်ဆိုပေမဲ့ သူ့သခင်မှာတော့ နာကျင်ကြေကွဲစရာအတိတ်လေးရှိခဲ့ရှာတယ်..သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကို အကြောင်းကြောင်းကြောင့်ချစ်ခွင့်မပန်ခဲ့ရလို့ ဝေးကွာနေတာပေါ့...သခင်ဖြစ်သူမှာ ဒီကောင်မလေးကိုဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားတဲ့သီချင်းလေးရှိမှန်းလည်းသိရောဆရာတပည့်(၂)ယောက် မိုင်ယာမီမှာရှိတဲ့ ကောင်မလေးဆီကို သွားဆိုပြဖို့ ခရီးထွက်ဖို့စိုင်းပြင်ကြပါတော့တယ်...အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်... ဒီAnimation လေးဟာ Sony ကထုတ်လုပ်ထားတာမို့ ရိုက်ချက်တွေ အတော်လေးလှပါတယ်...ပြီးတော့  သာယာဖွယ် သီချင်းလေးတွေ တစ်ဝကြီးနားထောင်ရမှာဖြစ်သလို ဇာတ်လမ်းလေးကလည်းကောင်းလှပါတယ်...ဒီကာလကြီးမှာ စိတ်အပန်းပြေဖို့ အသင့်တော်ဆုံးဇာတ်ကားလေးဆိုရင်တော့ လွန်မယ်မထင်ပါဘူး..File Size :(1.9GB)(900 MB) and (380 MB) Quality :WEB-DL1080P5.1CH, 720p,480P Format…mp4 Duration…01:35:00 Genre : Animation , Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet & Zwe Zan Aung Encoded by Phyo ...
movie

Vivo(2021)