Channel Myanmar

Nicole Randall

Piranha 3D (2010) 5.5
Piranha 3D (2010) နွေပူပူနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးနောက်တစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးကတော့ ၂၀၁၀ မှာထွက်ထားတာဖြစ်ပြီးသွေးသံရဲရဲခန်းတွေ ရှယ်ပလန်နဲ့ပါတဲ့သဲထိတ်ရင်ဖိုကားလေးပါ။ ဂျိတ်ခ်နဲ့ဂျူလီဟာ သားအမိတွေဖြစ်ပြီးဂျူလီကတော့ ရေကန်ရဲ့ရဲမှူးပါ။ နွေရာသီပိတ်ရက်ကြောင့် လူပြည့်လာတဲ့ ဗစ်တိုးရီးယားရေကန်ကြိးကြောငိ့အလုပ်များလာတဲ့ဂျူလီဟာ သားနဲ့သမီးအငယ်နှစ်ယောက်ကိုထိန်းဖို့သားကြီးဖြစ်တဲ့ ဂျိတ်ခ်ကို တာဝန်ပေးလိုက်ပါတော့တယ်။ဂျိတ်ခ်ခဗျာလည်း သားအကြီးပီသစွာနဲ့ နှစ်တိုင်းကလေးထိန်းနေရာကနေဒီနှစ်မှာတော့ ရေကန်လမ်းပြအလုပ်နဲ့လည်ပတ်ဖို့ရာဖြစ်လာပါတော့တယ်။လူတွေအပြည့်နဲ့ကြက်ပျံမကျစည်ကားနေတဲ့ ဗစ်တိုးရီးယားရေကန်ကြီးကတော့မြေငလျင်ကြောင့် မြေအောက်ရေကန်နဲ့ လမ်းကြောင်းပွင့်သွားပြီးအသားစားငါးတွေထွက်လာတာကို ဘယ်သူမှ မသိခဲ့ပါဘူး။ ဒီလိုနဲ့ အလုပ်များနေတဲ့ ရဲမှူးမေမေနဲ့ အမေကျောခိုင်းတာနဲ့ လုပ်ချင်သလိုခိုးလုပ်ကြတဲ့ ‌ကလေးတွေရယ်၊ အသားစားငါးတွေပြည့်နေတဲ့ရေကန်ကြီးနဲ့ အပျော်ကြူးနေကြတဲ့ လူအုပ်ရယ် ...။သွေးသံတရဲရဲနဲ့ အသည်းတယားယားကြည့်ရမဲ့ကားလေးမို့ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…      1.4 GB /   578 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Aditi
movie

Piranha 3D (2010)