Channel Myanmar

Nikhila Vimal

Journey of Love 18+ (2023) 6.5
Journey of Love 18+ (2023) Journey of Love 18+ (2023) IMDb - 6.6/10ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်.... ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။) File size…2.37GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Journey of Love 18+ (2023)

2023
Por Thozhil (2023) 8.4
Por Thozhil (2023) Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB  / 789MB Quality…4k SONY WEB DL ...
movie

Por Thozhil (2023)

2023
4K HEVC
Bro Daddy (2022) 7.6
Bro Daddy (2022) Bro Daddy (2022) ————————————- ဒီကားလေးကတော့ Disney+က ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားနှစ်ယောက်ဖြစ်တဲ့မင်းသားကြီး Mohanlal နဲ့ Prithviraj တို့ နှစ်ယောက်တွေ့ဆုံကြမယ့် ဇာတ်ကားပဲဖြစ်ပါတယ်မိသားစုချင်းအရမ်းရင်းနှီးကြပြီး ကာယကံရှင်ချင်းလည်း ရင်းနှီးကြတဲ့ သားဖြစ်သူနဲ့ သမီးဖြစ်သူတို့ကိုလက်ထပ်ပေးဖို့ မိဘတွေက စိတ်အားထက်သန်နေကြပေမယ့် ကာယကံရှင်နှစ်ယောက်သားကဘာလို့များအပြင်းအထန်ကန့်ကွက်နေကြတာလဲ…မမျှော်လင့်ထားပဲ ကိုယ်ဝန်ရခဲ့ပြီး မိသားစုဘဝကို စတင်လိုက်ကြရတဲ့ ရယ်စရာပျော်စရာမိသားစုဘဝလေးကို ဒါရိုက်တာက ပေါ်ပေါ်လွင်လွင် သရုပ်ဖော်ထားပြီးCast တွေကလည်း အမိုက်စားပါပဲဇာတ်အေးခန်းတွေမှာတောင် အဖေနဲ့သားနေရာမှာ သရုပ်ဆောင်ထားတဲ့မင်းသားနှစ်ယောက်ရဲ့ chemistry မိလှတဲ့ bromance ကြောင့် ဇာတ်ကားကိုဇာတ်ရှိန်မကျစေဘဲ ပရိသတ်အာရုံကို ဆွဲခေါ်နိုင်တဲ့ ကားကောင်းလေး ဖြစ်တာကြောင့်ဒီကားလေးကိုလည်း မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်  File size…2.64GB / 1.3GB Quality…1080p WEBDL AAC 5.1CH / 720p Format…mp4 Duration….2h 39mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & HM & Yate & ...
movie

Bro Daddy (2022)

2022
Madhuram (2021) 7.9
Madhuram (2021) Madhuram (2021)Madhuram ဟာ အိန္ဒိယMalayalam ဘာသာစကားနဲ့ ချိုမြိန်မှုလို့ အဓိပ္ပာယ်ရပါတယ်ဟင်းပွဲတစ်ပွဲမှာလည်း ချို၊ ချဉ်၊ ငန်၊ စပ် အရသာစုံတတ်သလို အမြဲတစေ ချိုမြိန်မနေနိုင်တဲ့ဘဝဇာတ်ခုံကို ဒါရိုက်တာက ရိုးရှင်းစွာပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ကိုယ်ချစ်ရတဲ့သူတွေ အကြောင်းကြောင်းကြောင့် ဆေးရုံတက်ရတာကို ဆေးရုံစောင့်ကြရင်း တွေ့ဆုံလာကြရတဲ့ မိတ်ဆွေတွေရဲ့…အိမ်ထောင်သက်နှစ်ပေါင်း၄၀ အကြောင်း ကြွားလုံးထုတ်တတ်သူတစ်ယောက်အကြောင်း၊ရိုးသားကြိုးစားတဲ့ ဆာဘူးတစ်ယောက် ချစ်ရသူကို ပိုးပန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်း ၊ဘယ်သူကမှ အပြစ်မရှိပါဘဲ မပြေလည်ရတဲ့ ဆက်ဆံရေးတွေအကြောင်း စသည်စသည်….ချိုချဉ်ငံစပ်ခါးဘဝအစုံစုံကို ရိုက်ကူးထားတဲ့ အပြင် အိန္ဒိယရိုးရာ အစားအစာတွေကိုပါသွားရည်ကျရမယ့် ဇာတ်ကားကောင်းလေးဖြစ်တာမို့ ဘဝအတွက် သူတို့တွေဘယ်လိုအဆင်ပြေအောင်နေထိုင်သွားကြမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦးနော်  File size…461MB / 1.97GB Quality…720p HEVC Small Size  Format…Mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Go-O & Honeyey & Allena
movie

Madhuram (2021)

2021
Anjaam Pathiraa(2020) 8.0
Anjaam Pathiraa(2020) Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက  အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။  သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie

Anjaam Pathiraa(2020)

Thambi (2019) 6.9
Thambi (2019) (Unicode)ဒီတစ်ခါတော့ နာမည်ကြီးလူသိများတဲ့ တမီးလ်(Tamil)မင်းသားKarthiနဲ့ ကျောင်းအုပ်ဆရာမကြီးအဖြစ်သိကြတဲ့ မင်းသမီးJyotikaတို့ရဲ့ 'မောင်လေး' အမည်ရဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။နည်းနည်းလေး အာရုံပေးချင်ပါတယ်.... လှည့်စားချင်ပါတယ်....ဇာတ်လမ်းအကျဉ်းအရ ပထမဦးဆုံး မြင်ရတာတော့... ဆေးသမား လူငယ်တစ်ယောက် ကားပေါ်မှာ သူငယ်ချင်း အချင်းချင်း စကားများရာကနေ သံတုတ်နဲ့ ရိုက်ခံလိုက်ရတယ်။သေသလား၊သတိလစ်သွားသလာတော့ အတိအကျမသိနိုင်။ဒုတိယအနေနဲ့ မြင်ရမှာတော့ မောင်တစ်ယောက်ကို သတိရနေတဲ့ အစ်မတစ်ယောက်ရဲ့ ပူဆွေးသောကကို မြင်ရတယ်။မိသားစု လေးယောက် ရှိတယ်။ အဖေရယ်၊အမေရယ်၊မောင်လေးရယ်၊ အစ်မရယ်။အဖေဟာ ဝန်ကြီးတစ်ယောက်ပဲ။ ပျောက်နေတဲ့သား၊ အိမ်ထောင်မကျသေးတဲ့ သမီးဆိုတဲ့ နာမည်ဆိုးနဲ့ အတိုက်အခံပါတီက တိုက်ခိုက်တယ်။ပျောက်နေတဲ့သားကိုတောင် မရှာနိုင်၊မထိန်းသိမ်းနိုင်တာ ပြည်သူကို ဘယ်လို စောင့်ရှောက်မလဲဆိုတဲ့ မေးခွန်းတွေနဲ့ သူရဲ့ ဂုဏ်ပုဒ်ကို ထိခိုက်လာတယ်။ပြီးတော့ အိမ်ထောင်မကျသေးတဲ့ သမီးရှိနေတာလည်း အိန္ဒိယယဉ်ကျေးမှုအရ အားနည်းချက်တစ်ခု ဖြစ်နေတယ်။လတ်တလောမှာ ...
movie

Thambi (2019)

2019