Channel Myanmar

Noah Lomax

The SpongeBob Movie: Sponge Out of Water (2015) 6.0
The SpongeBob Movie: Sponge Out of Water (2015)  SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ File size…(2.3 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Family, Adventure, Comedy, Fantasy, Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The SpongeBob Movie: Sponge Out of Water (2015)

Playing for Keeps (2012) 6.0
Playing for Keeps (2012) Playing for Keeps (2012)***********************ဇာတ်လမ်းအကျဥ်းကတော့ ‌ဂျော့ဒရိုင်ယာဆိုတာ ဘောလုံးလောကမှအနားယူပြီး စီးပွားရေးအဆင်မပြေ၊အိမ်ထောင်လည်းကွဲ၊သားဖြစ်သူအတွက်ပါ အချိန်ပြည့်ရှိနေမပေးနိုင်တဲ့ နာမည်ကြီးဘောလုံးကစားသမားပေါ့။အလုပ်ရှာနေရင်းနဲ့ပဲ သားဖြစ်သူနဲ့တွေ့ဖို့ နယ်မြို့လေးရောက်လာရင်းကအခြေအနေအရ သားဖြစ်သူရဲ့ဘောလုံးနည်းပြ ဖြစ်သွားပါတယ်။ဘောလုံးသမားပီပီ ရောက်လေရာမှာနာမည်ကြီး လူကြိုက်များပြီးခုလည်း ကလေးအမေသုံးယောက်ကိုလိမ်ရင်းခေါက်ရင်းဖခင်တစ်ယောက်တာဝန်ကျေအောင်ဘယ်လိုစွမ်းဆောင်သွားမလဲ ဆိုတာကို မိသားစုရသလေး ခံစားရင်းပေါ့ပေါ့ပါးပါးကြည့်လို့‌ရမယ့် ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2GB),(901.5 MB) Quality : Blu-Ray 1080P,720p Format :mp4 Duration : 01:45:00 Genre : Romance , Comedy , Sports Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by HYAN
movie

Playing for Keeps (2012)

2012
Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)

Trial by Fire (2019) 6.4
Trial by Fire (2019) တကယ်ပဲကလေးတွေကိုမီးရှို့သတ်ခဲ့တာလား၊လွတ်မြောက်ဖို့မျှော်လင့်ချက်တွေထားရင်းတကယ်ပဲသေဒဏ်မှလွတ်မြောက်မှာလားဆိုတာရယ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကရောတကယ်ပဲမျှတရဲ့လား၊အဆိုးရွားဆုံးပြစ်မှုကျ ူးလွန်တဲ့သူတွေကရောလူသားတွေဖြစ်တဲ့အတွက်သေဒဏ်ပေးသင့်လား၊အပြင်လောကမှာရောမှားယွင်းပြီးသေဒဏ်ပေးခံရတဲ့လူဘယ်လောက်များရှိနေမလဲဆိုတာတွေကိုဖော်ပြရိုက်ကူးထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ကြည့်သင့်တဲ့ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။IMDb rating 6.3 Rotten Tomatoesမှာ 61%နှင့်တခြားဝေဖန်မှုကောင်းတွေလည်းရထားပြီးနာမည်ကြီးမင်းသမီးကြီး Laura Dernလည်းပါဝင်ထားပါတယ်။(ရေဒီယိုမှလာတဲ့အမေရိကန်soccerအသုံးအနှုန်းအချို့ကိုအနီးစပ်ဆုံးဘာသာပြန်ထားပါတယ်)File Size : (1 GB) & ( 372 MB)Quality : Web-DL 720pRunning Time : 2 hr 07 minFormat : Mp4Genre : Biography , DramaSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin
movie

Trial by Fire (2019)

2018
The Tale(2018) 7.3
The Tale(2018)  The Tale (2018)IMDb....7.3ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်...File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie

The Tale(2018)

2018
Safe Haven (2013) 6.7
Safe Haven (2013) Safe Haven (2013)_____IMDb - 6.7/10   ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ...
movie

Safe Haven (2013)

2013