Channel Myanmar
Noomi Rapace
Passion (2013) 5.3
Passion (2013) ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦးဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့်The notebooks တို့ Mean Girls တို့မှမင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှသစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကိုThriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲအကြံပေးလိုက်ပါတယ်ခင်ဗျာ File size…    1.1 GB /  657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie
Passion (2013)
What Happened to Monday (2017) 6.8
What Happened to Monday (2017) What Happened to Monday (2017) ========================= IMDb Rating - 6.8/10၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် ...
movie
What Happened to Monday (2017)
2017
Dead Man Down (2013) 6.4
Dead Man Down (2013)  “ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.  File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie
Dead Man Down (2013)
Rupture (2016)
Rupture (2016) Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie
Rupture (2016)
2016
Assassin Club (2023)
Assassin Club (2023) Assassin Club (2023)အရှေ့အနောက်တောင်မြောက် ဘယ်အရပ်ကြည့်ကြည့်ကြေးစားလူသတ်သမားတွေနဲ့ပြည့်နေတာကတော့ မင်းသား Henry Golding ရဲ့ဇာတ်ကားသစ်ပါပဲ။ Henry က ဒီကားထဲမှာ မော်ဂန်ဆိုတဲ့ကြေးစား။ မော်ဂန့်ဆရာကပြောတယ်။သူတို့လိုလူတွေ ကြေးစားလောကကထွက်ချင်တဲ့အကြောင်းအရင်းသုံးခုပဲရှိတယ်တဲ့။ ၁ ဘုရားသခင်ကိုရှာဖွေတွေ့ရှိသွားလို့ ၂ အမျိုးသမီးတစ်ယောက်ကြောင့် ၃ သေသွားလို့မော်ဂန်ကတော့ ဒုတိယအကြောင်းအရင်းနဲ့ကြေးစားအလုပ်ကို ရပ်လိုက်ချင်နေသူဆိုပါတော့။ ဖြစ်ချင်တော့အဲ့အချိန်မှာပဲ မော်ဂန့်ကိုလာအပ်တဲ့အလုပ်က လူ၆ ယောက်သတ်ပေးရမယ်။ တစ်ယောက်စီအတွက်ဒေါ်လာတစ်သန်းရမယ်။ မော်ဂန်ကသူ့ဆုံးဖြတ်ချက်ကိုမပြင်တော့ဘူး ဒီအလုပ်ကိုလဲလက်လွှတ်လိုက်မယ်တွေးပေမယ့် သူ သတ်ပေးရမယ့် ၆ယောက်က သာမန်လူတွေမဟုတ်ဘဲ သူ့လိုကြေးစားတွေဖြစ်နေတယ်။ ပြီးတော့အဲ့၆ ယောက်ကလဲ မော်ဂန့်လိုပဲအလုပ်ကမ်းလှမ်းခံထားရသူတွေဖြစ်နေတယ်။ အဲ့တော့ဒါက ကြေးစားတွေအချင်းချင်းသတ်ရမယ့် Hunger Game ကြီးပေါ့။ မော်ဂန့်အနေနဲ့ကလဲ သူကဒီအလုပ်ကိုလက်မခံချင်ပေမယ့် ကျန်တဲ့၆ယောက်က သူ့ကို လာသတ်မှာပဲဆိုတော့ သူလဲဲ ဒီကစားပွဲကို မဖြစ်မနေ ဝင်ကစားရင်း ဒီကစားပွဲကို ကြိုးဆွဲနေသူက ဘယ်သူလဲ ဘာကြောင့်လဲဆိုတာတွေကို တိုက်ခိုက်အဖြေရှာတာကို ကြည့်ရှုရမယ့် လှည့်ကွက်စုံ အက်ရှင်စုံဇာတ်ကားတစ်ကားပါပဲ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File ...
movie
Assassin Club (2023)
2023
You Won’t Be Alone (2022) 7
You Won’t Be Alone (2022) You Won't Be Alone (2022)~ IMDb - 7/10, RT - 92%, Meta - 79% ~၁၉ရာစု မက်ဆီဒိုးနီးယားက စုန်းမတစ်ယောက်အကြောင်း ဒဏ္ဍာရီကို အခြေခံပြီး ရိုက်ထားတဲ့ Goran Stolevski ဆိုတဲ့ ဒါရိုက်တာရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ စကီးပါတာချင်းတူလို့ တာကော့စကီးလို သိရခက်တဲ့ Narrative တွေ တစ်ပုံတစ်ထောကြီး သုံးထားပါတယ်။ ရုပ်ရှင်က စုန်းမဘက်ကနေ ကမ္ဘာကြီးအပေါ် သူမြင်တဲ့အမြင်ကို ပြထားတာဆိုတော့ Narrativeတွေက ပိုနားလည်ရခက်ပါတယ်။စုန်းမ Horror ကားပေမဲ့ သရဲကားလိုင်းဆန်တဲ့ဘက်ကိုမသွားဘဲ ရော်ဘတ်အက်ဂါလို Art ဆန်ဆန်ဘက်တော့ အတော်သွားထားပါတယ်။ သူ့လို နားလည်ရခက်တဲ့ပုံစံနဲ့ပဲပေါ့။ လူတိုင်းတော့ ကြိုက်မှာမဟုတ်ပါဘူး။ အတ်ဂါဖန်တွေ Body Horror ဖန်‌ တွေ စုန်းမကားကြိုက်တဲ့သူတွေတော့ ကြိုက်ပါလိမ့်မယ်။ Sundance ရုပ်ရှင်ပွဲတော်မှာ ဂျုရီဆုလည်း ...
movie
You Won’t Be Alone (2022)
2022
Black Crab (2022) 5.7
Black Crab (2022) Black Crab (2022)=================ဒီကားလေးက 2022 ထွက်ဆွီဒင် War,Action,Drama ကားသစ်လေးဖြစ်တဲ့ အပြင် ဆွဲဆောင်မှုရှိတဲ့ မူဗီလို့ပြောလို့ရပါတယ်၊၊ဇာတ်လမ်းအကျဥ်း စစ်ပွဲတစ်ခုရဲ့ အဆုံးသတ်ဟာ ဘယ်လိုနည်းနဲ့မဆိုမကောင်းတာတော့ သေချာပါတယ်။ ပြည်တွင်းစစ်ကစတဲ့ စစ်ပွဲတစ်ခုအတွင်းမှာ သမီးဖြစ်သူကို ဆုံးရှုံးထားတဲ့မိခင်တစ်ယောက်။ သေနတ်ပစ်လည်းကျွမ်းကျင်သလို ရေခဲပြင် စကိတ်စီးလည်းကျွမ်းကျင်တဲ့သူမကို လူအချို့နဲ့အတူ အစိုးရက ဆင့်ခေါ်ပြီး တာဝန်တစ်ခုပေးအပ်လာတဲ့အချိန်မှာတော့။ သူ့ကိုပေးအပ်တဲ့တာဝန်က ဘာလဲ။ ခက်ခဲလှတဲ့ ဒီတာဝန်ကို သူ ထမ်းဆောင်နိုင်မှာလား ဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ကြပါဦး။ တအားကြီးကြမ်းတဲ့ စစ်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းလေးမဆိုးတာကြောင့်ကြည့်ပျော်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)File Size - (1.39 GB) / (682 MB) / (438 MB) Quality – WebDL 1080p / 720p/480p Duration - 1h 54mins Subtitle – Myanmar Hardsub Format – MP4 Genre : Action, Adventure, Drama Translator ...
movie
Black Crab (2022)
2022
Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie
Child 44 (2015)
Lamb (2021) 6.5
Lamb (2021) Lamb (2021)==========IMDb Rating - 6.5/10အသစ်ထွက်ရှိလာတဲ့ Horror/Fantasy အမျိုးအစား Lamb ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။သမားရိုးကျ Jump scare တွေ၊သွေးသံရဲရဲ ခုတ်ထစ်မှုတွေကို ရိုးအီလာပြီဖြစ်တဲ့သူတွေအနေနဲ့ဒီဇာတ်ကားက ရသတစ်ခုပေးစွမ်းစေမှာပါ။ဇာတ်လမ်းကိုတော့ Ingvar နဲ့ Maria လို့ခေါ်တဲ့ လင်မယားနှစ်ယောက်နဲ့စထားတယ်။သူတို့ နှစ်ယောက်ဟာ ရေခဲတောင်ဒေသမှာ သိုးတွေကို မွေးမြူရင်း အတူနေထိုင်ကြပါတယ်။သူတို့တွေက စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေတဲ့ သာမန်စုံတွဲတစ်တွဲ...နိစ္စဓူ၀လုပ်ငန်းတွေကိုလုပ်ရင်း နှစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀ကို နေထိုင်လျက်ပဲဒီလိုနဲ့ တစ်ရက် သူတို့လယ်ထဲမှာ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးရတနာမရှိတဲ့ လင်မယားဟာပေါက်လာတဲ့သိုးလေးကို သားသမီးသဖွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း မိသားစုဘ၀ကို ထူထောင်ရင်း ပျော်ရွှင်နေကြတာပေါ့။ ဒါပေမဲ့ အပျော်တွေကကြာရှည်မခံပါဘူး Ingvar ရဲ့အစ်ကိုဖြစ်သူ Petur ဟာ သူတို့လင်မယားဆီအလည်ရောက်လာတဲ့တစ်နေ့မှာ သူတို့ရဲ့မိသားစုဘ၀ဟာ အလှည့်အပြောင်းတွေစတင်ဖြစ်ပေါ်လာခဲ့တော့တယ်။ဒီဇာတ်ကားဟာ ကြည့်ရင်းနဲ့ ဇာတ်လမ်းရဲ့သဘောသဘာ၀ကို ပြန်စဉ်းစားရမယ့်ရုပ်ရှင်မျိုးပါ . . .မွန်းကျပ်တဲ့ဇာတ်လမ်းသဘောနဲ့အတူ သိပ်လှတဲ့ သဘာ၀ရှုခင်းတွေကို တွဲမြင်ရမှာဖြစ်ပြီး ...
movie
Lamb (2021)
2021
The Trip(2021) 7.2
The Trip(2021) The Trip (2021) ရုပ်ရှင်အညွှန်းတစ်ခါ တစ်လေကျရင် ကျွန်တော်တို့ကကိုယ် ချစ်တဲ့ သူတွေနဲ့ ကိုယ့်ခံစားချက်တွေကိုအမှန်အတိုင်း မဝေမျှကြတဲ့ အခါမျိုးတွေ ရှိကြပါတယ်"တောင်းပန်ပါတယ် ငါ မှားသွားတာပါ" ဆိုတာတွေကို ခဏခဏ ပြောနေရရင်ပြောဖို့ ခက်လာသလိုပေါ့ ။ လူဆိုတာ ကိုယ့်အမှား ကိုယ်လွယ်လွယ်နဲ့ လက်မခံဘဲ ပတ်ဝန်းကျင်ကိုပဲ လိုက်အပြစ်တင်တတ်တဲ့ သတ္တဝါ ဖြစ်တာကိုး ။အခုဇာတ်လမ်းကလည်း အဲ့လို ကိုယ်မှားတာကို လက်ခံပြီး တောင်းပန်တာမျိုးမလုပ်တတ်တဲ့ ယောက်ျား နဲ့ သူ့မိန်းမကြားက အချစ်စမ်းတာလေးတွေကို အဓိကထား ရိုက်ကူးထားပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ Mystery-Thriller ဖြစ်တာနဲ့အညီ ဇာတ်ဝင်ခန်းတိုင်းကိုကသည်းထိတ်ရင်ဖို ဖြစ်ရပြီးတော့ ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ ကြည့်နေရမှာပါ ။မင်းသားနဲ့ မင်းသမီးက နောက်ဆုံးမှာ ရှင်မယ်မှန်း သိကြပေမယ့် ဘယ်လိုရှင်ကြမှာလဲ ဆိုတာမျိုးပေါ့ ။ကဲ ကြည့်ဖို့ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ဇာတ်လမ်းအကျဥ်းကတော့အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပိတ်ရက်မှာသစ်သားအိမ်လေး ...
movie
The Trip(2021)
2021
The Girl with the Dragon Tattoo(2009) 7.9
The Girl with the Dragon Tattoo(2009) The Girl with the Dragon Tattoo(2009)အညွှန်း*****************************************IMDb...7.9ဇာတ်ကောင်တွေထဲမှာ သူရဲကောင်းဆန်ဆန်စရိုက်မျိုးစုံရှိပေမဲ့ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက်ဘဝနဲ့ရင်းပြီးပေးလိုက်ရလုနီးပါး အဖြစ်အပျက်တွေကို ရင်ဆိုင်ဖြတ်သန်းပြီး အတွေ့အကြုံနဲ့ လာမဲ့အနာဂတ်မှာကြိုးစားဖြတ်သန်းတဲ့ ပုံစံတွေဟာ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်....ဒီလိုပုံစံတွေထဲမှာ ဂန္တဝင်ဝတ္ထုကြီးအဖြစ်သတ်မှတ်ခံရတဲ့ဆွီဒင်နိုင်ငံသား စာရေးဆရာ Stieg Larsson ရဲ့ "Millennium"  စာအုပ်ဟာအထင်ကရဖြစ်တယ်...hacker မိန်းကလေး Lisbeth Salander နဲ့ အဓိက ဇာတ်အိမ်တည်ထားပါတယ်..အပေါ်ကပြောသလိုဇာတ်ကောင်ရဲ့ စရိုက်နဲ့ သူဖြတ်သန်းပုံတွေဟာ ကြမ်းတမ်းလွန်းတယ်....စာအုပ်ကို ပြန်လည်အသက်သွင်းပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကား(၃)ကားလုံးဟာလည်းအောင်မြင်မှုတွေရရှိခဲ့တယ်...ဒီကားတွေဟာ အစဉ်လိုက်ကြည့်ရမှာပါ ...ပြီးတော့ Scene တစ်ခုချင်းစီတိုင်းကို ကျော်ကြည့်လို့မရသလိုဂရုတစ်စိုက်မှတ်ထားဖို့လည်းလိုပါတယ်...Plot Twist တွေအများကြီးပါသလို ဇာတ်ကောင်တွေရဲ့နာမည်တွေကလည်းအရေးကြီးအစိတ်အပိုင်းဖြစ်လို့  သေချာလေးကြည့်ဖို့လိုပါတယ်...တစ်နှစ်ထဲမှာ (၃)ကားထွက်လို့ ကားနာမည်တွေနဲ့ပဲအစဉ်လိုက်မှတ်သားကြည့်စေလိုပါတယ်....(1)The Girl with the Dragon Tattoo (2009)(2)The Girl Who Played with Fire (2009)(3)The Girl Who Kicked the ...
movie
The Girl with the Dragon Tattoo(2009)
The Girl Who Kicked the Hornet’s Nest(2009) 7.5
The Girl Who Kicked the Hornet’s Nest(2009) The Girl Who Kicked the Hornet's Nest(2009) အညွှန်း*************************************************IMDb...7.5ဒီကားကတော့ Stieg Larsson ရဲ့ "Millennium"  စာအုပ်ရဲ့ နံပါတ်(၃)ကားမြောက်ပေါ့...တတိယနဲ့နောက်ဆုံး ဒီဇာတ်ကားမှာတော့ လစ်ဇ်ဘတ်သ်ဆလန်ဒဟာ လူသတ်မှုသုံးခုနဲ့တရားရင်ဆိုင်နေရပါတယ်။ ဆွီဒင်ထောက်လှမ်းရေးအဖွဲ့က သူ့ကိုနူတ်ပိတ်ဖို့ကြိုးစားခဲ့သလို သူ့အစ်ကိုဖြစ်သူကလည်းသူ့ကိုလိုက်ပြီးလုပ်ကြံသတ်ဖြတ်နေပါတယ်။ သူ့ကိုတောက်လျှောက်ကူညီနေခဲ့တဲ့ မီခယ်လ်ဘလွမ်ဗစ်စ်ကပဲ အဓိက ကူညီပေးနေတာဖြစ်ပါတယ်။ဘလွမ်ဗစ်စ်ရဲ့ အစ်မဖြစ်သူက သူ့အမှုကိုထုချေလျှောက်တင်မှာဖြစ်ပြီးတော့ ဘလွမ်ဗစ်စ်ဟာလစ်ဇ်ဘတ်သ်ရဲ့ အတိတ်က အဖိနှိပ်ခံ၊ ဓားစာခံသားကောင်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို သက်သေလိုက်လံစုဆောင်းပြီးအမှုတည်ဆောက်ဖို့ကြိုးစားနေပါပြီ။အဲ့ဒီအချိန်မှာ တစ်ဖက်ရန်သူအဖွဲ့အစည်းကလဲ အတွင်းစည်းထဲ နက်နက်ရှိုင်းရှိုင်းခြေကုပ်ရထားတဲ့လူတွေဖြစ်တာနဲ့အမျှလစ်ဇ်ဘတ် ဖက်ကရပ်တည်သူမှန်သမျှအသက်ကိုရန်ရှာတဲ့အထိ ခြေလှမ်းကြဲလာတဲ့အချိန်မှာတော့..။(1)The Girl with the Dragon Tattoo (2009)(2)The Girl Who Played with Fire (2009)အထက်ပါ(၂)ကားကိုကြည့်ပြီးမှ ဒီကားကိုကြည့်ပါနော်... File Size :(2.78GB)(1.4GB) and (484MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:32:00 Genre : Crime , Drama,Mystery Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Girl Who Kicked the Hornet’s Nest(2009)
The Secrets We Keep(2020) 6.5
The Secrets We Keep(2020) The Secrets We Keep(2020)************************** IMDb Rating             ........ 6.5/10Rotten Tomatoes    ......... 63%(Drama / Thriller) အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ... အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်.... ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ် ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် ..... ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး...လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ...အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်.... ဇာတ်လမ်းနာမည်ဖြစ်တဲ့ "The secrets we keep"ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ....လူစိမ်းတစ်ယောက်နဲ့ မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့...ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie
The Secrets We Keep(2020)
The Drop 2014 7.1
The Drop 2014 ဘော့ပ်ဟာ ဘားတစ်ခုမှာ သူ့ရဲ့ အစ်ကိုတစ်၀မ်းကွဲဖြစ်သူနဲ့အတူ အလုပ်လုပ်သူဖြစ်တယ်။ တစ်နေ့ သူတို့ရဲ့ ဘားကို ဓားပြတိုက်ခံလိုက်ရပြီး သူဌေးကို အပ်ရမယ့်ငွေတွေအကုန်ပါသွားတယ်။ တစ်နေ့ အိမ်အပြန်လမ်းမှာ အမှိုက်ပုံးထဲက ခွေးလေးတစ်ကောင်ကို အကြောင်းပြပြီး နာဒီယာဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ခင်မင်သွားကြတယ်။ တိုက်ဆိုင်ချင်တော့ သူမွေးစားလိုက်တဲ့ ခွေးလေးဟာ နာဒီယာရဲ့ ရည်းစားဟောင်း အဲရစ်ဆိုတဲ့ လူရမ်းကားရဲ့ခွေးဖြစ်နေပြီး ဘော့ပ်ကို ခွေးဗန်းပြပြီး ခြိမ်းခြောက်မှုတွေလုပ်တော့တယ်။ အဲရစ်ဟာ လူသတ်တရားခံလို့ ကိုယ့်ကိုယ်ကို ကြွေးကြော်ထားသူလဲဖြစ်တယကြွေးကြော်ထားသူလဲဖြစ်တယ် ဘော့ပ်တစ်ယောက် ဓားပြတိုက်ခံလိုက်ရတဲ့ ငွေတွေကိုရှာရင်း အဲရစ်နဲ့ငြိတဲ့ ပြဿနာတွေဖြေရှင်းရင်း ဘာတွေဆက်ဖြစ်မလဲ ဒီဇာတ်လမ်းက မယုံနိုင်လောက်အောင် လှည့်ကွက်တွေများလှပါတယ် File Size : 750 Mb / 350 Mb Quality :WEB-DL 720p Format…mp4 Duration…01:46:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
The Drop 2014
Angel of Mine (2019) 6.9
Angel of Mine (2019) ဒီဇာတ်ကား​လေးက​တော့မိသားစုဒရမ်မာလျှို့ဝှက်ဆန်းကြယ်တဲ့ဇာတ်ကား​ကောင်းလေးပါလစ်ဇီဆိုတဲ့အမျိုးသမီးဟာ​ယောက်ျားနဲ့ကွာရှင်းထားပြီး​​သောမက်စ်ဆိုတဲ့သား​လေးတစ်​ယောက်ခဲ့ရှိတယ်တကယ်​တော့သူတို့မိသားစု​လေးမှာသမီး​လေးတစ်​ယောက်ရှိခဲ့တာ​​ပေါ့ဒါ​ပေမယ့်စိတ်မ​ကောင်းစရာအဖြစ်က​တော့​မွေးပြီးမကြာခင်မှာမ​တော်တဆမှုဖြစ်ပြီး​သေဆုံးသွားခဲ့ပါတယ်သူမဟာသမီး​လေးဆုံးရှုံးခဲ့တဲ့အတွက်စိတ်​ဝေဒနာခံစားရပြီး​တော့​ဆေးကုသမှုခံယူ​နေခဲ့တာ​ပေါ့တ​နေ့​တော့​ သောမက်စ်သူငယ်ချင်း​မွေး​နေ့ပွဲမှာလိုလာလို့​ခေါ်တဲ့က​လေးမ​လေးတစ်​ယောက်နဲ့​တွေ့ဆုံမိပြီးသူမရဲ့စိတ်​တွေလှုပ်ရှားခဲ့တယ်လိုလာ​လေးဟာ​သောမက်စ်သူငယ်ချင်းရဲ့ညီမ​လေးဖြစ်​နေခဲ့တယ်လိုလာတို့မိသားစု​နောက်ကိုတိတ်တဆိတ်လိုက်ကြည့်ရင်းသူမတို့အိမ်ဟာ​ရောင်းဖို့လုပ်​နေ​တော့လစ်ဇီအတွက်​အခွင့်အ​ရေးတခုဖြစ်ခဲ့တာ​ပေါ့ဒီလိုနဲ့ လိုလာတို့မိသားစုကိုချင်းကပ်ခဲ့တာ​ပေါ့​သောမက်စ်သူငယ်ချင်းရဲ့မိသားစုလည်းဖြစ်​တော့ပိုပြီးလွယ်ကူသွားတာ​တော့​နောက်ပိုင်းမှာလစ်ဇီဟာသူမတို့မိသားစုနဲ့မိတ်​ဆွေလိုဖြစ်ခဲ့ပြီးသူမ​နောက်ကိုမသိမသာလိုက်​စောင့်ကြည့်ခဲ့တာ​ပေါ့သူ့သမီး​လေးလို့ထင်ပြီး​တော့​လေဒါကိုလိုလာအ​မေကလယ်ရာကရိပ်မိလာခဲ့တယ်ဒါနဲ့ပဲ လစ်ဇီနဲ့ကလယ်ရာတို့နှစ်​ယောက်သမီး​လေးကိစ္စနဲ့စကားများခဲ့ကြတာ​ပေါ့လစ်ဇီဟာမ​တော်တဆမှုမှာသူ့သမီး​လေးမ​သေခဲ့ဘူးအသက်ရှင်ခဲ့တယ်လို့ကိုယုံကြည်​နေတာ​ပေါ့ ဒီကိစ္စ​တွေနဲ့ပဲသူမရဲ့မိသားစုနဲ့ပါစကားများခဲ့တာ​ပေါ့တကယ်ပဲလိုလာ​လေးဟာ လစ်ဇီထင်တဲ့အတိုင်းမ​သေခဲ့ဘဲအသက်ရှင်​နေခဲ့တဲ့သမီး​လေးဖြစ်​နေမလားကလယ်ရာရဲ့သမီး​လေးပဲဖြစ်​နေမလားဆိုတာကို​တော့လျှို့ဝှက်ဆန်းကြယ်စွာကြည့်ရှု့ရမှာပါ File Size : (921 MB , 336 MB)Quality :  WEB-DL 720pRunning Time : 2 hr 09 minFormat : Mp4Genre : Drama , Mystery , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by  Hsu LeiEncoded by Moe Myint Lwin
movie
Angel of Mine (2019)
2019
Stockholm (2018) 6.3
Stockholm (2018) Stockholm Syndrom ဆိုတာဟာ ကိုယ့်ကိုဖမ်းချုပ်ထားတဲ့သူကို ခင်မင်ယုံကြည်လာပြီးသဘောကျလာမိတာမျိုးကိုခေါ်ပါတယ်များသောအားဖြင့်သော ပြန်ပေးဆွဲခံရသူများနဲ့ ပြန်ပေးဆွဲသူတို့အကြားမှာ ဖြစ်တတ်ပါတယ်ပြန်ပေးဆွဲခံရတဲ့သူတွေက ပြန်ပေးဆွဲတဲ့သူက သူတို့အပေါ်ကိုနည်းနည်းလေးကောင်းတာလေးလုပ်ပေးလိုက်ရင်သူတို့ရဲ့ကျေးဇူးရှင်ကြီးအလားသတ်မှတ်မိပြီး အကောင်းမြင်လာကြပါတော့တယ်ဒီ "Stockholm" ဆိုတဲ့ဇာတ်ကားကို Stockholm Syndrom အစပျိုးစေခဲ့တဲ့၁၉၇၃ခုနှစ်က Stockholm မြို့မှာဖြစ်ပွားခဲ့တဲ့ဘဏ်ဓားပြတိုက်သည့်ဖြစ်ရပ်ကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းထဲမှာ လားစ်ဟာ ဘဏ်ကိုဓားပြ၀င်တိုက်လိုက်ပြီးလူအချို့ကိုရဲတွေနဲ့ညှိနှိုင်းရာမှာအသုံးချဖို့အတွက် ဓားစာခံတွေအဖြစ်ဖမ်းထားခဲ့ပါတယ်အဲ့လိုနဲ့ပဲ Stockholm Syndrom ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာနဲ့အဲ့ Syndrom ကဘယ်လိုဘယ်ပုံဆိုတာကို ဒီဇာတ်ကားလေးကြည့်ရှုရင်းနဲ့ပဲ... File Size : (859 MB) and (314 MB) Quality : WebDL 720p , 480p Running Time : 1hr 32min Format : Mp4 Genre : Comedy , Crime ...
movie
Stockholm (2018)
2018
Alien: Covenant (2017) 6.4
Alien: Covenant (2017) ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။ Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။ အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယ ာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။ အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီး နောက်ဆုံးမှာ ...
movie
Alien: Covenant (2017)
2017
Prometheus (2012) 7.0
movie
Prometheus (2012)
2012
Close (2019) 5.6
Close (2019) Action Thriller ပရိတ်သတ်တွေအတွက် Jacquie Davis ဆိုတဲ့သက်တော်စောင့်အမျိုးသမီးကိုအခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်အတိတ်တွေကနေ ရှောင်ပုန်းနေတဲ့ အမျိုးသမီးသက်တော်စောင့်ဆမ်ဖခင်ဖြစ်သူသေဆုံးသွားပြီးနောက် အမွေတွေအားလုံးကိုပိုင်ဆိုင်ရမယ့် ခပ်ဆိုးဆိုးသူဌေးသမီးလေးဇိုဝီကို ပြန်ပေးဆွဲဖို့ကြိုးစားကြတဲ့အခါဇိုဝီအမွေအားလုံးရသွားတာကြောင့် မကျေမနပ်ဖြစ်နေတဲ့ မိထွေးရီမာရဲ့လက်ချက်လားပြိုင်ဘက်လုပ်ငန်းရှင်တွေကြားက အရှုပ်တော်ပုံတွေနဲ့အတူကြမ်းကြမ်းရမ်းရမ်း Action Scenes တွေကိုဝေဝေဆာဆာကြည့်ရှုရမှာမို့ အကြိုက်တွေ့စေမှာအမှန်ပါပဲIMDB ၅.၆ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ) File Size : (700 MB) and (340 MB) Quality : NF WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEBRip.DDP5.1.x264-CM Translated by May Myat Thu Encoded by Thanhtike Zaw
movie
Close (2019)
2019