Channel Myanmar

Norbert Leo Butz

Dan in Real Life (2007) 6.8
Dan in Real Life (2007) ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။Rating တွေကတော့ IMDb - 6.8/10 နဲ့Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာထူးညွှန်းစရာတော့ မလိုသ​လောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကိုရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကို ကြည့်ရသလိုဖြစ်စေတာမျိုးပါ။Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့အကြောင်းကို Thanks Giving အတွက်မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။သိရအောင် ကြည့်ကြည့်လိုက်ပါဦး။အသက်အရွယ်ကို လိုက်ပြီးတော့ရောအချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်းထည့်ရိုက်ပြထားသေးတယ်။နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရမကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။အချစ်အကြောင်းချည်းပဲလားဆိုတော့မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့သတင်းစကားလေးလည်း ပါတယ်။ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာကအဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာရေးထားသလိုနေဖို့ထက် ...
movie

Dan in Real Life (2007)

The Exorcist: Believer(2023) 6.7
The Exorcist: Believer(2023) The Exorcist: Believer(2023)************************* ဇာတ်လမ်းအကျဉ်းဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီးဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ....ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကိုကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ...
movie

The Exorcist: Believer(2023)

4K HEVC
The English Teacher (2013)
The English Teacher (2013) IMDb- 5.7ဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်ကကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမလင်ဒါစင်ကလဲရား ဖြစ်ပါတယ်။သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကိုသူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲနေထိုင်နေပါတယ်။ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်းမတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီးစာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်ကဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ဒီကိစ္စတင်ပဲလား... ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size…  1.3 GB ...
movie

The English Teacher (2013)

2013
Better Nate Than Ever (2022) 6.3
Better Nate Than Ever (2022) Better Nate than Ever (2022)IMDb - 6.1လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊ ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့် ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊ တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက် သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, ...
movie

Better Nate Than Ever (2022)

2022
Flag Day (2021) 4.9
Flag Day (2021) Flag Day (2021)============အဖေကိုချစ်တဲ့သမီး နဲ့ သမီးကိုချစ်တဲ့အဖေ ဘယ်သူ့မေတ္တာတရားပိုပြီးကြီးမားနိုင်မှာလဲ ??? ဘာပဲဖြစ်ဖြစ် ၅၂၈ မေတ္တာတရားကတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာထက် အများကြီးပိုအေးချမ်းတာတော့ ဘယ်သူမှမငြင်းနိုင်တဲ့အမှန် တရားပဲလေ.... Flag Day ရုပ်ရှင်လေးက စာရေးဆရာမ ဂျန်နီဖာရေးထားတဲ့ “The True Story of my Father” စာအုပ်ကိုပြန် လည်ရိုက်ကူးထားတာမို့ သမီးကဖခင်အပေါ်ထားတဲ့ မေတ္တာတရားတွေအများကြီးတွေ့ရမယ့် ထူးခြားတဲ့ကားလေး တစ်ကားပဲ ဖြစ်ပါတယ်။ တကယ်တော့ ဖခင်ဖြစ်ရတာခက်ခဲပါတယ်။ ချစ်သမီးလေး လေးစားရတဲ့ဖခင်ဖြစ်ဖို့ ပိုပြီး ခက်ခဲပါတယ်။ ဂျွန်လည်း ကြိုးစားနေတဲ့ကြားက လူထဲကလူဖြစ်တဲ့အတွက် အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲလေ။ ပိုပြီး အဆင်ပြေအောင် သမီးလေးကို သူ့အမေနဲ့ထားခဲ့ရာက ဇာတ်လမ်းကစတော့တာပါပဲ။ နှစ်အတော်ကြာအောင် အဆင်မပြေမှုတွေကိုထွေးပိုက်ရင်း နောက်ဆုံးတော့ အဖေချစ်သမီးဖြစ်တဲ့ ဂျန်နီဖာတစ်ယောက် ဂျွန့်ဆီကို ပြန် ရောက်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့အချိုးအကွေ့တွေ ၊ ထိုးနှက်မှုတွေကြားမှာ သားအဖနှစ်ယောက်ပေါင်းပြီး ဘဝ အသစ်စတင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ရအောင်ဗျာ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Jo Jo Va ...
movie

Flag Day (2021)

2021
Luce (2019) 6.9
Luce (2019) လုစ် ဆိုတဲ့လူမဲကောင်လေးက အထက်တန်းကျောင်းမှာဘက်စုံတော်ပြီး စံပြ ကျောင်းသားအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့လူငယ်လေးတစ်ယောက်ပေါ့။သူငယ်စဥ်က စစ်ဘေးသင့်ဒေသကနေ ကယ်ဆယ်ခံရပြီးတော့ လူဖြူလင်မယား ၂ ယောက်ကသူ့ကို မွေးစားထားတာ။မွေးစားမိဘတွေရော၊ ဆရာ၊ ဆရာမတွေရောက ဂုဏ်ယူရတဲ့လုစ်ရဲ့ဘဝမှာ သူ့ကျောင်းက ဆရာမတစ်ယောက်ကအနှောက်အယှက်ဖြစ်လာတဲ့အခါ...အများအမြင်မှာ အားကျရတဲ့ လုစ်ရဲ့ဘဝက တကယ်ရောအဲလောက်သာယာပျော်ရွှင်ဖို့ကောင်းပြီး စင်းလုံးချောဖြစ်ရဲ့လား...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 1 GB , 389 MB)Quality :  WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

Luce (2019)

2019
Wonder Park (2019) 5.7
Wonder Park (2019) ဒီကာတွန်းကားလေးကတော့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ ၀မ်းဒါးလန်းဆိုတဲ့ပန်းခြံလေးအကြောင်း တင်ဆက်ထားတာပဲဖြစ်ပါတယ်ဂျွန်ဘယ်လီဆိုတဲ့ကလေးမလေးက စိတ်ကူးပုံဖော်တဲ့နေရာမှာအရမ်းကို ဥာဏ်ကောင်းပြီး အိုင်ဒီယာအသစ်အဆန်းတွေထွက်တတ်ပါတယ်သူ့အမေရယ် သူ့မျောက်ကလေး ပီးနပ်ရယ်နဲ့ ကစားကွင်းကြီးဖန်တီးတိုင်း တူတူဆော့နေကြပါပဲကစားကွင်းပုံစံငယ်လေးတောင် အိမ်မှာဆောက်ထားတဲ့အထိ ခိုင်ခိုင်မာမာစွဲနစ်ဆော့ခဲ့တာပါဒါပေမယ့်တစ်နေ့မှာတော့ သူ့မိခင်နေမကောင်းတဲ့အတွက် အဝေးမှာ ဆေးကုသမှုခံယူရပါတော့တယ်အဲဒီအခါမှာပဲ သူ့အမေကိုဆုံးရှုံးရမှာကြောက်စိတ်နဲ့ ပန်းခြံကိုလည်းဂရုမစိုက်နိုင်မဆော့နိုင်ဘဲ ပစ်ထားလိုက်မိပါတော့တယ်စိတ်ကူးထဲကကစားကွင်းလေးဆိုပေမယ့် အမှတ်မထင် အဲဒီကစားကွင်းက အပြင်မှာရှိနေခဲ့မှန်း..သူ့အရုပ်လေးတွေ အသက်ရှိနေခဲ့မှန်းကို သူသိသွားခဲ့ရပြီး ကစားကွင်းကြီးပျက်စီးတော့မယ့်ကိန်းသူ့အရုပ်လေးတွေ သေရတော့မယ့်ကိန်း ဆိုက်နေတာကိုလည်း သူမြင်တွေ့လိုက်ရပါတော့မယ်ဘာတွေဖြစ်နေမှန်းမသိဘဲ ဒီကစားကွင်းကြီးတစ်ခုလုံးကိုသူ့အနေနဲ့ ပြန်လည်ကယ်တင်ရပုံကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိနဲ့ သူငယ်ချင်းသံယောဇဉ်တွေယုံကြည်မှုတွေ ချစ်ခြင်းမေတ္တာတွေကိုပါ ထည့်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် File Size : (864 MB) and (417 MB) Quality : WebDL 720p ...
movie

Wonder Park (2019)

2019