Channel Myanmar

Nushrat Bharucha

Dream Girl (2019) 7.5
Dream Girl (2019) (Unicode)"ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်"ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ ...
movie

Dream Girl (2019)

2019
Marjaavaan (2019) 3.9
Marjaavaan (2019) (Unicode)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ တော်တော်များများ တောင်းဆိုကြတဲ့ ၂၀၁၉နှောင်းပိုင်းထွက် ဘောလိဝုဒ်ကားတစ်ကားကို ဒီနေ့ထွက်ထွက်ချင်း တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လူဆိုးလူမိုက် ရာဂူးနဲ့ စကားမပြောတတ်တဲ့ ဇိုယာတို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့။ရာဂူးကတော့ အန်နာဘိုင်ရဲ့ မွေးစားသားတစ်ယောက်၊ အန်နာဘိုင်ရဲ့ လက်ရုံးဆိုရင် ပိုမှန်တယ်။တစ်ဖက်မှာတော့ အန်နာဘိုင်ရဲ့ သားအရင်ဖြစ်သူကလည်း ရာဂူးနဲ့ မျက်နှာကြောမတည့်ဘူး။အခွင့်အရေးရရင် ရသလို လုပ်ကြံဖို့ အဆင်သင့်ဖြစ်နေတယ်။တစ်ဖက်ကလည်း လူသတ်မှုတွေအတွက် ရဲတွေဟာ အန်နာဘိုင်နဲ့ ရာဂူးကို ဖမ်းဖို့အဆင်သင့်စောင့်တယ်။ဒီလိုအဖြစ်အပျက်တွေကြားမှာ ဘဝကြမ်းကြမ်းနဲ့ နူးညံ့တဲ့ချစ်ခရီးလမ်း ဖြောင့်ဖြူးကြမလား၊ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြမလဲဆိုတာကိုတော့ CM ပရိသတ်တွေကိုယ်တိုင် ခံစားကြည့်ကြပါဦး။ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။(Zawgyi)မကြာသေးခင်က ရုံတင်ခဲ့ပြီး CM ပရိသတ်တွေ ...
movie

Marjaavaan (2019)

Sonu Ke Titu Ki Sweety (2018) 7.7
Sonu Ke Titu Ki Sweety (2018) ဒီတစ်ခါတော့အိန္ဒိယလူငယ်ဟာသကားပေါ့ပေါ့ပါးပါးလေးတင်ပေးချင်ပါတယ်။ဒီဇာတ်ကားဟာ Rating ကောင်းကောင်းရရှိထားရုံသာမက ပေါ့ပေါ့ပါးပါးနဲ့ရယ်ရယ်မောမောကြည့်ရမယ့် ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ တီတူးနဲ့ဆွန်နူးတို့ဆိုတာက မူကြိုအရွယ်လောက်ကတည်းက ပေါင်းလာတဲ့သူငယ်ချင်းတွေဖြစ်ပြီး တီတူးတို့အိမ်နဲ့ ဆွန်နူးတို့အိမ်ဆိုတာကလည်း အလွန်ရင်းနှီးကြပါတယ်။ငယ်ကတည်းတစ်ပူးတွဲတွဲ လည်ပင်းဖက်ပေါင်းလာကြတဲ့ သူငယ်ချင်း၂ယောက်မှာ တစ်ယောက်ကတော့ လည်လည်ဝယ်ဝယ် သွက်သွက်လက်လက်ရှိသလောက် နောက်တစ်ယောက်က အူတူတူ ရိုးရိုးစင်းစင်းနေတတ်တဲ့သူဖြစ်နေပါတယ်။ဒါပေမယ့် နှစ်ဦးသားအရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အမြဲဘာလုပ်လုပ် တပူးတွဲတွဲပါပဲ။တီတူးဟာ အမြဲရည်းစားထားရင် အဆင်မပြောတာတွေပဲဖြစ်တတ်ပြီး ဆွန်နူးကတော့ အမြဲနောက်ကနေလိုက်ရှင်းပေးရတတ်ပါတယ်။တစ်နေ့ အိမ်က လက်ထပ်ပေးဖို့စီစဉ်ပေးတဲ့အခါမှာ တီတူးတစ်ယောက် ဆွီတီဆိုတဲ့မိန်းကလေးသဘောကျပြီးနောက် ဆွန်နူးအလုပ်ရှုပ်ရပြန်ပါပြီ။ဒါပေမယ့် ဒီတစ်ခါသူရှင်းရမယ့်ကိစ္စက အရင်တစ်ခေါက်တွေလိုလွယ်ကူပါ့မလား။ဘယ်လိုကမောက်ကမလေးတွေဖြစ်လာမလဲ ဆိုတာကိုဟာသလေးတွေနဲ့ အူနှိပ်ပြီးကြည့်ရမယ့်ဇာတ်ကားလည်းဖြစ်ပါတယ်။အိန္ဒိယကားကြိုက်တဲ့သူတွေရော မကြည့်ဖြစ်တဲ့သူတွေအတွက်ပါ Comdey ဇာတ်ကားကောင်းဖြစ်တာကြောင့် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။Rating အနေနဲ့ 7. 6 ထိရှိပြီး ဝင်ငွေအရလည်းအောင်မြင်တဲ့ဇာတ်ကားလေးပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (999 MB) and (450 MB) Quality : WEB-DL 720p Running Time : 2hr 18min Format ...
movie

Sonu Ke Titu Ki Sweety (2018)

2018