Channel Myanmar

Oh Ji-ho

My Wife Is a Gangster 3 (2006) 6.4
My Wife Is a Gangster 3 (2006) My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး...အက်ရှင်ဟာသဖက်ပိုသွားပါတယ်။Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီး  ...
movie

My Wife Is a Gangster 3 (2006)

2006
In Dream (2023) 6
In Dream (2023) In Dream (2023)လူတွေရဲ့သဘာဝကတော့ အိပ်မက်ဆိုတာ မက်ပြီးရင် မနက်ကျ မေ့သွားတတ်ကြတာများပါတယ် မနက်ထိ သတိရရင်တောင် တစ်နေကုန် မှတ်မိနေဖို့က ခဲယဉ်းပါတယ်ဒါပေမဲ့ ကိုယ့်အိပ်မက်ထဲတောင်မဟုတ်ဘဲ သူများအိပ်မက်ထဲထိပါ ဝင်ပြီး ထိန်းချုပ်လို့ရမယ်.. ကိုယ်လုပ်ချင်တာတွေလုပ်လို့ရမယ်ဆိုရင်တော့ တကယ်ကို ဆန်းကြယ်သွားပါပြီဒီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်ဖြင့် ဟုန်းဟွာဆိုတဲ့မိန်းကလေးက သူများအိပ်မက်ထဲမှာ ဝင်ပြီးဆက်သွယ်နိုင်နေတာပါ.. ဒါပေမဲ့ အရာရာက သူငယ်ချင်း ပျောက်ဆုံးတဲ့နေရာမှာ စတင်လာခဲ့တယ်ဟုန်းဟွာရဲ့ သူငယ်ချင်းကို ပြန်ပေးဆွဲသွားတဲ့ လူသတ်သမားဟာ ရက်စက်လွန်းတဲ့အတွက် ရဲတွေကလည်း အသေရရအရှင်ရရ ဖမ်းချင်နေတာပါ.. အဲလိုနဲ့ ဟုန်းဟွာလည်း အဲအမှုမှာပတ်သက်ခဲ့ရပြီးတော့ လူသတ်သမားနဲ့ စိတ်နဲ့ စီးချင်းထိုးရမယ့်အဖြစ်တွေနဲ့ ကြုံရပါတော့တယ်နောက်ဆုံးမှာ အဲလိုတွေသဘာဝလွန်ဖြစ်ရပ်တွေကြုံနေရတဲ့ ဟုန်းဟွာတစ်ယောက် လူသတ်သမားကို ဖမ်းတဲ့နေရာမှာကူညီနိုင်မလား... နောက်ဆက်တွဲကြုံလာရမယ့်အဖြစ်တွေကိုရော ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရမှာဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Crime, Thriller Quality…. 1080p | 720p File size… 889MB | 419MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar ...
movie

In Dream (2023)

2023
Duel: Final Round (2016) 5.5
Duel: Final Round (2016) ဒီတစ်ခါ CM Fan တွေ အတွက် ကိုရီးယား ဟာသအက်ရှင်ကားကောင်လေးတစ်ကား တင်ဆက်ပေးပါ့မယ်ဖွန်းဟို ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကိုယ်ခံပညာကိုကောင်းစွာ တက်မြောက်ထားပြီး အပိုမုန့်ဖိုးရှာတဲ့အနေဖြင့်အွန်လိုင်းက တရားမဝင်ချယ်နယ်တွေကနေ ပြိုင်ဘက်ရှာပြီးစိန်ခေါ် ထိုးလေ့ ရှိပါတယ်...ဖွန်းဟို ရဲ့ အပျော်တမ်း စိန်ခေါ်ပွဲထက် ကြမ်းတဲ့ ထိုးသတ်ပွဲတွေလဲသပ်သပ်ထက်ရှိနေပါသေးတယ်ထိုပွဲတွေကတော့ အနိုင်အရှုံး ဆိုတာထက် ပြိုင်ဘက်ကို သေဆုံးသည်အထိသို့မဟုတ် ဒုက္ခိတ ဖြစ်သွားသည် အထိ ထိုးသတ်တဲ့ ပြိုင်ပွဲတွေပါထိုပြိုင်ပွဲတွေကနေ လူသေမှုတွေ ဖြစ်လာတဲ့အခါမှာတော့ဖွန်းဟို ရဲ့ အကိုဖြစ်သူ ရဲအရာရှိမှ လိုက်လံ စုံစမ်းရင်းယုန်ထောင်ကြောင်မိ အပျော်တမ်း ထိုးပြီး မုန့်ဖိုးရှာတဲ့ညီဖြစ်သူကိုသာ ဖမ်းမိသွားပါတော့တယ်....အကိုရဲ့ ဆုံးမ ဒဏ်ပေးမှု အောက်မှာ ပြစ်မှု မှတ်တမ်းမဝင်ဖို့ဖွန်းဟိုတစ်ယောက် သက်ကြီးရွယ်အိုတွေကို ပရဟိတ လိုက်ပြီးကူညီပေးရပါတော့တယ်...တစ်ရက်မှာတော့ ဖွန်းဟိုရဲ့ အကို ရဲအရာရှိဟာ တရားမဝင်သတ်ကွင်းတစ်ခုကို စုံစမ်းရင်းသေလုဆဲဆဲ အခြေအနေကို ရောက်ရှိလာခဲ့သောအခါမှာတော့ ဖွန်းဟို တစ်ယောက် ...
movie

Duel: Final Round (2016)

2016
Sector 7 (2011) 4.6
Sector 7 (2011) Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie

Sector 7 (2011)

2011
La Belle (2000) 5.4
La Belle (2000) La Belle (2000)ကျွန်တော်တို့ချင်းတွေ့ချိန်တွင် သူမသည် ခရမ်းရောင်ဒဏ်ရာတစ်ပွင့်ကို ပန်ဆင်ထားခဲ့၏။ အရာရာ အကောင်းတိုင်းဖြစ်စေဖို့ငှာလည်း ကျွန်တော့်အချစ်တို့က မစေ့ငနိုင်ခဲ့ပါပြီ။ လုံလောက်သော ချစ်ခြင်းတို့ရှိသည်မှအပ ကျွန်တော်သူမကို နားမလည်နိုင်ခဲ့ပါ။ သူမသည် ဖြေရှင်းရခက်သော အဝါရောင်ပဟေဠိလေးဖြစ်လိမ့်မည်။ ကျွန်တော့်အတွေ့ကမ္ဘာအသစ်တွင် သူမစိတ်တို့က ကမ္ဘာဟောင်းထံ ရစ်ဝဲနေကြ၏။ သူမ၏ မပြယ့်တပြယ် လူသင်းရနံ့တို့ထဲ တွင်းအဟောင်းတို့ မွှေးမြနေသေးသည် ထင်ပါသည်။ ကျွန်တော်ကတော့ ပင်လယ်အဟောင်းကိုမှ ခပ်သောက်ချင်နေတုန်းပင်။ဒီလိုနဲ့... တင်းမာလုံး၀န်းသော ဣန္ဒြေတို့က ပကတိလင်းထင်းနေကြသည်။ ဖြုဝင်းနွဲ့ပျောင်းသော ခြေချောင်းများတွင် တစ်စုံတရာသော ရနံ့မရှိထင်ရ၏။ ဒီတာရိုးလွန်လျှင် နှင်းဆီပွင့်ဖတ်များ ဆီးနှင်းဝေတော့မည်။ နှင်းဆီအပွင့် ဖူးတံဝင့်တွင် နီရဲပြင်းရှသော အသံတို့ လွင့်နေကြပြီ။ သူမမျက်နှာတွင်ဘာကိုမှ မမြင်ခဲ့ရပါ။ ကွေ့ကောက်ဖွေးလျသော အသရေတစ်သန်းတို့ လှစ်ဟလှပနေကြသည်။ အပြာရောင်မြည်သံတို့ အနီရောင်သဏ္ဍာန်တို့နောက်တွင် လောကသည် အရှိမဲ့........
movie

La Belle (2000)

The Legendary Tazza’s Tap (2022) 4.5
The Legendary Tazza’s Tap (2022) The Legendary Tazza's Tap (2022)ဖဲဝိဇ္ဇာတွေအများကြီးထဲမှာ ၂၀၂၂ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ မင်းသားကြီးအိုဂျီဟိုလည်းပါဝင်လာပါပြီ အွန်လိုင်းဂိမ်းကနေပဲ လောင်းကစားလုပ်တဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလိုခင်တဲ့ ဂယောင်းဂျို ရှုံးသွားတဲ့ ပိုက်ဆံတွေကိုလိုက်ပေးဖို့ ကိုယ်တိုင် ဝင်ပါရာမှ တကယ့်ဖဲလောကရဲ့ လှည့်ဖြားမှုတွေကို သိသွားလိုက်ရပါတော့တယ်ပိုက်ဆံတွေပြန်ရဖို့ကို ဘယ်လိုတွေလိုက်လဲ ဘယ်လိုတွေ အချီကြီးတွေဆော့လဲ ဘာတွေရင်းလိုက်ရလဲ ဘယ်လိုတွေဉာဏ်ဆင်ပြီး ရအောင်လိုက်သလဲဖဲဝိဇ္ဇာဆိုတဲ့အတိုင်း ကတ်တွေကို ပါးပါးနပ်နပ်နဲ့ဆော့သွားတာကို ကြည့်ရမှာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ "ဘာဒုဂီ" လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီးဆော့သွားမှာပါဖဲဝိဇ္ဇာတွေရဲ့ ဉာဏ်သုံးပုံတွေကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Action Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 703MB and 273 MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Legendary Tazza’s Tap (2022)

2022
The Therapist : Fist of Tae-baek 2020
The Therapist : Fist of Tae-baek 2020 The Therapist Fist of Tae Baek(2020) ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူက ကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီး ကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်နောက်ဆုံး အတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့ လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင် ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကို လိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူ လေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ Translator :Moe Pwint Encoder :Thit San Khant File Size :1.09GB and 538MB Quality :1080p and 720p
movie

The Therapist : Fist of Tae-baek 2020

2020
The Grand Heist (2012) 6.3
The Grand Heist (2012) ရှေးဂျိုဆောင်းရဲ့ နွေရာသီမှာ ရေခဲတွေ အသုံးဝင်ခဲ့တယ်ဆိုတာ မသိကြဘူး ဟုတ်... The Grand Heist ဇာတ်ကားထဲက ဂျိုဆောင်းမှာတော့ ရေခဲတွေက ရွှေထက်အဖိုးတန်ပါတယ်။ နွေရာသီမှာ အပူဒဏ်ကို ခံစားရတဲ့ လူနာတွေအဖို့ ဘာနဲ့မှမလဲနိုင်အောင် အဖိုးတန်ပါတယ်။ ဒါပေမယ့် လူကုံထံတွေအတွက်သာဖြစ်ပြီး သာမန်ပြည်သူတွေအတွက်တော့ လုံးဝထိတွေ့ခွင့်မရပါဘူး။ ဇာတ်လိုက် လီဒုံမိုဟာ အမတ်သားတစ်ယောက်ဖြစ်ပြီး သူ့ကြိတ်ကြွေရတဲ့ကောင်မလေးကို တိတ်တိတ်လေးဖြည့်ဆည်းပေးနေတဲ့ ပေါ့ပျက်ပျက်နိုင်တဲ့ လူငယ်လေးပေါ့... သူ့အဖေက နန်းတွင်းမှာ လူမုန်းခံရတဲ့ သစ္စာရှိအမတ်ကြီးပေါ့ တစ်နေ့မှာ မကောင်းသူတွေက လုပ်ကြံခံရတဲ့အခါ.... နောက်ထပ်ဇာတ်လိုက် ဘတ်ဒုံဆူဟာလည်း ဘုရင့်ရေခဲလှောင်ရုံမှာစောင့်ကြပ်ရတဲ့ တပ်မှုးလေးတစ်ယောက်ပါ မမျှော်လင့်တဲ့တစ်နေ့မှာတော့ မရည်ရွယ်ပါပဲ ဝန်ကြီးတစ်ဦးရဲ့တူ ရေခဲကုန်သည်တစ်ဦးကို အပြစ်ပြုမိသောအခါ..... ဘာဆက်ဖြစ်မလဲဆိုတာ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှုကြပါ... The Grand Heist တွင် နာမည်ကြီးမင်းသား Cha Tae-hyun နှင့် Oh Ji-ho တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားပြီး မင်းသမီးချော Min Hyo-rin အပြင် သရုပ်ဆောင်ပေါင်းများစွာနှင့် ရယ်ရွှင်ဖွယ် ထိတ်လန့်ဖွယ် ရသမျိုးစုံခံစားရမှမို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါ။ (ဇာတ်လမ်းအညွှန်း ...
movie

The Grand Heist (2012)

2012
[18+] Love Clinic (2015) 6.0
[18+] Love Clinic (2015)    တစ်ညလုံးနှစ်ယောက်တည်း အတူရှိနေတဲ့ ယောင်္ကျားလေးနဲ့မိန်းကလေး နောက်နေ့မနက်အထိ…ဘာမှောက်မှားမှုမှ မဖြစ်တာဘာကြောင့်ပါလဲ...     မိန်းကလေးကိုယ်တိုင် Sexy dance နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် မာယာအပြည့်နဲ့ဆွဲဆောင်တယ်… မိန်းကလေးကိုယ်တိုင် ခန္ဓာအလှနဲ့ဆွဲဆောင်တယ်… အဲ့ဒါတောင်…ယောင်္ကျားလေးဖြစ်သူက တုံ့ပြန်မှုတစ်စုံတစ်ရာမပေးတာ ဘာကြောင့်ပါလဲ… ဘာကြောင့်လဲဆိုတာကို ဖန်တီးရိုက်ကူးထားတဲ့ Love Clinic ဆိုတဲ့ ကိုရီးယားဇာတ်ကားဟာ IMDb Rating (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းလေးက ချစ်မှုရေးရာဖွဲ့ဇာတ်လမ်းလေးပါ။ မိသားစုနဲ့ကြည့်ဖို့မသင့်တော်လို့သာ 18+ ခေါင်းစဉ်တပ်ထားပေမယ့် Comedy,Drama ဇာတ်လမ်းလေးပါပဲ။    ဇာတ်လမ်းအကျဉ်းကတော့... Wang Seong-ki (မင်းသားOh Ji-ho) က အမျိုးသမီး သားဖွားဆရာဝန် / မီးယပ်သားဖွားပညာရှင်ပါ။ Gil Sin-seol (မင်းသမီးKang Ye-won) ကတော့ ဆီးရောဂါပါရဂူပါ။ Gil Sin-seol (Kang Ye-won) က သူ့ဖခင်ဆရာဝန်အပေါ်မခံချင်စိတ်နဲ့ အမျိုးသားမျိုးပွားအင်္ဂါအထူးပြုပညာရှင်ဖြစ်ဖို့ကြိုးစားနေသူပါ။ Wang Seong-ki ရော Gil Sin-seol မှာပါ လျှိုု့ဝှက်ချက်တွေကိုယ်စီရှိလို့ချစ်သူတွေမထားကြပါဘူး။ သူတို့နှစ်ယောက်မမျှော်လင့်ဘဲ အဆောက်အအုံတစ်ခုအတွင်းမှာ ကပ်လျှက်ဆေးခန်းဖွင့်မိတဲ့အခါမှာတော့.. တစ်ယောက်နဲ့တစ်ယောက်အမြင်စောင်းမှု၊အဆင်မပြေမှု၊အလွဲလွဲအမှားမှားတွေကြားက ချစ်ခရီးလမ်းလေး လျှောက်မိတဲ့အခါ…. ။ ဒီဇာတ်ကားကိုကြည့်ပြီး သိလာရတာက... ချစ်တယ်ဆိုတာ စိတ်နဲ့တင်ချစ်နေလို့မရပါဘူး… ချစ်တာကို ချစ်နေမှန်းသိအောင်ပြသဖို့လည်း လိုပါတယ်။ #AYK (ရုပ်ရှင်အညွှန်းကို myanmarload.com မှကူးယူဖော်ပြပါသည်။)   File Size…(900 MB)Quality…HD-Rip ...
movie

[18+] Love Clinic (2015)

2015