Channel Myanmar

Ola G. Furuseth

Munch (2023) 5.9
Munch (2023) The Screamဆိုတဲ့ ပန်းချီကားကို ပန်းချီစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ အင်္ကျီစတစ်ကာတွေမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် မြင်ဖူးကြပါလိမ့်မယ်။ ပန်းချီကားကိုကြည့်လိုက်ရင်ပဲ အကြောက်တရားနဲ့ အထီးကျန်မှုကိုအလိုလိုခံစားလာရတာမျိုး။ဒီရုပ်ရှင်ကတော့ အထက်ပါပန်းချီကားကိုရေးဆွဲခဲ့တဲ့ ခံစားမှုရသကိုအသားပေးပုံဖော်တတ်သူ နော်ဝေပန်းချီအကျော်အမော် Edvard Munchရဲ့ ဘ၀ဇာတ်ကြောင်းကို အခြေခံပြီး အရွယ်သုံးမျိုးနဲ့ ရုပ်ရှင်တစ်ကားအဖြစ် ဖန်တီးပုံဖော်ထားတာပါ။Edvard Munchဆိုတာ ၁၉ရာစုနဲ့ ၂၀ရာစုကြားကာလမှာ အရေးအပါဆုံးပန်းချီအနုပညာရှင်တွေထဲက တစ်ယောက်ပေါ့။ သူ့ရဲ့လူငယ်ဘ၀က ပျော်ရွှင်ဖွယ်ရာမကောင်းခဲ့တဲ့ အချစ်ရေး၊ အစ်မကြီးဖြစ်သူကို ဆုံးရှုံးခဲ့ရပုံနဲ့ သူကြိုးစားအားထုတ်ထားတဲ့ ဘာလင်က အစောပိုင်းပြပွဲတစ်ခုမှာ အနုပညာရှင်အသင်းကြီးရဲ့  ပြပွဲပိတ်သိမ်းခံလိုက်ရပုံတွေ၊ နောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းမှာ သူ့ဘ၀ရဲ့မြတ်နိုးရတဲ့အလုပ်ကို နာဇီတွေရန်ကနေ ကယ်တင်ခဲ့ပုံတွေကို ဇာတ်လမ်းတစ်ပုဒ်လို ဖန်တီးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(782 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Munch (2023)

In Order of Disappearance (2014) 7.1
In Order of Disappearance (2014)  ဒီဇာတ်ကားဟာ ၂၀၁၄ခုနှစ်ကထွက်ရှိခဲ့တဲ့ ​​နော်​ဝေထုတ်ဇာတ်ကားဖြစ်ပြီး IMDb 7.1နဲ့ RT -86%ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့အကျဉ်းကအမြဲတ​စေနှင်း​တွေကျ​နေတဲ့ ​တောင်​ပေါ်မြို့​လေးမှာနှင်းရှင်းစက်​မောင်းတဲ့ အလုပ်နဲ့ ပြည်သူ့သား​ကောင်းဆု ရထားတဲ့ ​နေးလ်ဒစ်မန်းတို့ လင်မယားဟာ တစ်​နေ့မှာ သားဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် သူတို့သားကို သတ်သွားတဲ့ လက်သည်​တွေကိုစုံစမ်းရင်း နယ်ခံမူးယစ်ဂိုဏ်းရဲ့လက်ချက်ဖြစ်​ကြောင်း သိသွားတဲ့အခါ အဲဒီဂိုဏ်းသား​တွေကို တစ်​ယောက်ချင်း ပြန်လိုက်သတ်ရင်းသားရဲ့​​သွေး​​ကြွေးကို ပြန်ဆပ်ဖို့ကြိုးစားပုံ​တွေကို ကြည့်ရှုရမှာပါ။ File size…1.58GB / 594MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 56m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

In Order of Disappearance (2014)

22 July (2018) 7.2
22 July (2018) Utøya July 22===========IMDB 7.2/10 RT 83% Thriller Drama Narrativeအခုဇာတ်ကားရဲ့တည်နေရာကတော့ Norwayနိုင်ငံရဲ့Utøyaဆိုတဲ့ကျွန်းငယ်လေးအပြင်သူတွေအတွက်တော့အလွန်ကိုအေးချမ်းပြီးနေချင့်စဖွယ်ပေါ့။အခုလိုနိုင်ငံတခုဟာနိုင်ငံရေးကြောင့်၂၀၁၁ ခုနှစ်July ၂၂ရက်နေ့မှာပဲသွေးအစွန်းဆုံးအကြမ်းဖက်မှုနှစ်ခုကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာစာဖတ်သူတို့ယုံနိုင်မလား?Kaja ဆိုတဲ့အမျိုးသမီးလေးဟာဒီအချိန်မှာညီမလေး Emillieနဲ့အတူတူ Utøya ကျွန်းပေါ်ကAUF နွေရာသီစခန်းကိုရောက်နေခဲ့တာပါ။ ပထမအကြိမ်အစိုးရရုံးတိုက်ခိုက်မှုကိုသိလိုက်ရချိန် အပြင်လောကကိုကျွန်းပေါ်ရောက်နေသူတိုင်းစိုးရိမ်နေချိန်မှာ ဒီထက်ဆိုးရွားတဲ့ကံကြမ္မာကြီးကသူတို့ကိုကျွန်း‌ပေါ်မှာစောင့်ကြိုနေခဲ့ပါတယ်။အကြမ်းဖက်သမားကသူတို့ကျွန်းကိုငရဲခန်းအသွင်စတင်ပစ်ခတ်ချိန်မှာKajaတယောက်ဘာဆက်ဖြစ်မလဲ။အဆက်အသွယ်မရကယ်သူမရှိ ရဲတွေလည်းမလာ သေနတ်သံကြားတိုင်းလူတွေအသတ်ခံနေရချိန်မှာkajaတယောက် ကိုယ့်အသက်လည်းကာကွယ်ရင်းညီမလေးကိုလည်းရှာရင်းဘယ်လိုရုန်းကန်သွားမလဲဆိုတာတွေကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာဖန်တီးချက်သာဖြစ်သော်လည်းဖြစ်ရပ်မှန်မှအသက်ရှင်ကျန်ခဲ့သူများအပေါ်မူတည်ပြီးပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်.... File Size : ( 2.11 GB ) and ( 1.00 GB)Quality : BluRay 1080p , 720pRunning Time : 1hr 33minFormat : Mp4Genre : Crime , Drama , HistorySubtitle : Myanmar Subtitle (Hard Sub)Translated by BrackmanEncoded by Min Wai
movie

22 July (2018)

2018
Battle: Freestyle (2022) 4.8
Battle: Freestyle (2022) Battle: Freestyle (2022)=================စတိုင်ကျကျကပြတဲ့ ကားတွေကို ကြိုက်သူများအတွက် Netflix က အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ကားနာမည်ကတော့ Battle: Freestyle တဲ့ . . .ဒီကားထဲမှာ အမ်မလီက ချစ်သူမီကယ်ရဲ့အကအဖွဲ့မှာ ပါဝင်တဲ့သူလည်း ဖြစ်သလို၊ တစ်နေ့မှာ အမ်မလီတို့အဖွဲ့ ပါရီမှာ ပြိုင်ပွဲ ယှဥ်ပြိုင်ဖို့အတွက် ရွေးချယ်ခံလိုက်ရတဲ့အခါ အမ်မလီတစ်ယောက် ဝေးကွာနေတာကြာပြီဖြစ်တဲ့ အမေဖြစ်သူနဲ့ တွေ့ဆုံဖို့ဖြစ်လာပါတော့တယ်။ နောက်ပြီးအမ်မလီအမေက အကသင်တန်းကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး အမ်မလီ တစ်ယောက် အမေဖြစ်သူနဲ့တွေ့တဲ့ချိန်မှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ကုန်မှာလဲ၊ အကပြိုင်ပွဲမှာရော သူတို့မျှော်မှန်းထားတဲ့ ဆုကြေးတွေ သိမ်းပိုက်နိုင်မလားဆိုတာ စိတ်ဝင်တစားနဲ့ ဒီဇာတ်လမ်းလေးထဲမှာ ကြည့်ရှု ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Shwe Pyae မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူကတော့ Shwe Pyae, Jerrica တို့ဖြစ်ပါတယ်)File Size - (1.6 GB) / (813 MB) / (538 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h ...
movie

Battle: Freestyle (2022)

2022