Channel Myanmar

Oliver Chris

What’s Love Got to Do with It? (2022) 6.4
What’s Love Got to Do with It? (2022) What's Love Got to Do with It? (2022) =========================== IMDb Rating - 6.4/10ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို ...
movie

What’s Love Got to Do with It? (2022)

2022
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Living (2022) 7.5
Living (2022) Living (2022)~ IMDb - 7.5/10, Rotten Tomatoes - 96% ~ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့ An Artist of the Floating World ခေါ်  မြင့်သန်းဘာသာပြန်တဲ့ " လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး " စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ ...
movie

Living (2022)

2022
Dolittle (2020) 5.5
Dolittle (2020) Dolittle 2020============#Unicodeအားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ ...
movie

Dolittle (2020)

2020
Emma.(2020) 7.0
Emma.(2020) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ကားလေးကတော့February လကမှထွက်ရှိထားတဲ့ ဇာတ်ကားအသစ်စက်စက်လေးပါ။Emma 2020ဟာဆိုရင် IMDb rating 7 ရထားတဲ့ ကားလေးဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ ဟိုက်ဘရေးမြို့ကိုအ​​ခြေခံပြီးရိုက်ကူးထားတဲ့ Romance Comedy ဇာတ်ကားအမျိုးအစားပါဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင် အဓိကဇာတ်ဆောင်နှစ်ဦးဖြစ်တဲ့ အမ်မာနဲ့ နိုက်တလီတို့ရဲ့ သူငယ်ချင်းသံယောဇဥ်နဲ့ အချစ်ကြားဝေခွဲမရဖြစ်မှုတွေကို၁၈၁၅ခုနှစ်အင်္ဂလန်နိုင်ငံရဲ့အငွေ့အသက်နောက်ခံနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။လက်ထပ်ဖို့စိတ်ကူးမရှိတဲ့ အမ်မာနဲ့ နိုက်တလီတို့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။သူငယ်ချင်းဆိုတဲ့စည်းကိုကျော်ဖို့ ကြိုးစား​နေတဲ့သူတွေ မဖြစ်မနေကြည့်သင့်တဲ့ဇာတ်ကားလေးပါ File Size : ( 710 MB , 328 MB) Quality : WEB-DL 720p Running Time : 2 hr 04 min Format : Mp4 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by NuNu Phyoe Encoded by ...
movie

Emma.(2020)