Channel Myanmar

Oliver Maltman

Dominion: Prequel to The Exorcist (2005) 5.2
Dominion: Prequel to The Exorcist (2005) Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor, အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင် မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။  ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့် ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို ...
movie

Dominion: Prequel to The Exorcist (2005)

2005
Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
Operation Fortune: Ruse de Guerre (2023) 6.4
Operation Fortune: Ruse de Guerre (2023)  ဒါရိုက်တာ Guy Ritchie ရဲ့ Action, Comedy, Thriller လေးပါပဲ။ မင်းသားကတော့ ဂျေဆန်စတက်သန်ပါ။ ဒီထဲက လူဆိုးတွေက ယူကရိန်းသားတွေဖြစ်နေလို့ ရုရှား ယူကရိန်းစစ်ပွဲအစနဲ့ ရုံတင်ပြသမယ့်ရက်တိုက်နေတာကို ၂၀၂၃ အထိ ရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဘီလီယံနဲ့ချီတဲ့ အမျိုးအမည်မသိလက်နက်တစ်ခု အခိုးခံလိုက်ရတယ်။ အဲဒါကို အရေးတကြီး ပြန်ရဖို့အတွက် အစိုးရအေဂျင်စီတွေက ကန်ထရိုက်တာဖြစ်တဲ့ နေသန်နဲ့ အော်ဆန်ဖော်ချွန်းကို အလုပ်အပ်ရတယ်။ အော်ဆန်ဟာ စစ်ဆင်ရေးတွေမှာ အရမ်းအသုံးအဖြုန်းကြီးတဲ့သူမို့ တော်ရုံလူက အလုပ်မအပ်ချင်ကြပါဘူး။ လူများရင်ကြပ်ရင်ကြောက်တတ်လို့ဆိုပြီး သီးသန့်လေယာဉ်စီးတယ်၊ စိတ်အခြေအနေအတွက်ဆေးဖြစ်ဝါးဖြစ်ဆိုပြီး အကောင်းဆုံးဝိုင်ပုလင်းတွေသောက်တယ်။ စစ်ဆင်ရေးပြီးရင်လည်း အစိုးရစားရိတ်နဲ့ စိတ်ဒဏ်ရာကုဖို့ဆိုပြီး အပမ်းဖြေစခန်းတွေ သွားနှပ်တာတွေကြောင့်ပါ။ ဒါပေမဲ့ ဒီအရေးကြီးစစ်ဆင်ရေးအတွက် အလုပ်အပ်ခံလိုက်ရတဲ့အချိန်မှာတော့ ဘီလီယံချီပြီးတန်တဲ့ လက်နက်ကဘာလက်နက်လဲ၊ ဘယ်သူက ရောင်းပြီးဘယ်သူကဝယ်မှာလဲဆိုတာကို စုံစမ်းပြီး ပြန်ရအောင် ကြိုးစားရပါတော့တယ်။ထုံးစံအတိုင်း အက်ရှင်တွေ မြှပ်ကွက်လေးတွေနဲ့ ဟာသတွေရောထားတာမို့ အပမ်းဖြေဖို့ ကားကောင်းတစ်ခုပါပဲ။File size…(1.86GB)/(100.6MB)/(502 Mb) Quality….Webrip ...
movie

Operation Fortune: Ruse de Guerre (2023)

Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014
Brexit: The Uncivil War(2019) 7.0
Brexit: The Uncivil War(2019) Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie

Brexit: The Uncivil War(2019)

The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie

The Mercy (2018)

2018