Channel Myanmar

Olivia Washington

The Butler (2013) 7.2
The Butler (2013) 2013 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Butler ဇာတ်ကားလေးကတော့ ဆုတွေအများအပြားရခဲ့ပြီးတော့ IMDB 7.2 အထိရခဲ့တဲ့ အမေရိကန်သမိုင်းနောက်ခံ ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ ၁၉၂၀ခုနှစ်မှာ လူမည်းအိမ်ဖော်တွေကနေ မွေးဖွားလာခဲ့တဲ့ Cecil Gaines တစ်ယောက် ဟာ အဖေဖြစ်သူအသတ်ခံရပြီးတဲ့နောက် လူငယ်ဘဝမှာတင်တစ်နယ်တစ်ကျေးကိုထွက်လာခဲ့တဲ့ လူမည်းလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ် အဖိနှိပ်ခံလူမည်းအိမ်စေအဖြစ်ကနေ အိမ်ဖြူတော်အိမ်တော်ထိန်းကြီးအနေနဲ့ သမ္မတအဆက်ဆက်ကို တာဝန်ထမ်းဆောင်နေစဥ် အတောအတွင်း ကြုံခဲ့ရတဲ့ လူမျိုးရေးအကြောင်းအရာတွေ သမိုင်းအဖြစ်အပျက်တွေကို သူ့ရဲ့ရှု့ထောင့် သူ့ရဲ့ခံစားချက်တွေနဲ့ လိုက်လံကြည့်ရှု့ရမယ်ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။ ၁၉၅၀​​​ပြည့်လွန်နှစ်တွေအတွင်းမှာ လူမည်းတွေဘယ်လို အဖိနှိပ်ခံရတယ် သူတို့အခွင့်အရေးကို ဘယ်လိုတောင်းယူကြရသလဲဆိုတာကိုလည်း ရှု့ထောင့်အမျိုးမျိုးကနေ တွေ့မြင်ရမယ့်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဆိုတော့ကာ သူ့ဘဝကိုဘယ်လို​​ဖြတ်သန်းရတယ် ဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို ခံစားချက်အမျိုးမျိုးနဲ့ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးFile size…(1.47GB)  / (790MB) / (459MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre...Biography / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Butler (2013)

Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

The Tragedy of Macbeth (2021) 7.3
The Tragedy of Macbeth (2021) မင်းသားကြီး ဒန်ဇယ်ဝါရှင်တန် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရယ် အကောင်းဆုံး Cinematography ဆု အကောင်းဆုံး Production Design ဆု အော်စကာသုံးဆု ဆန်ကာတင်ဝင်နေတဲ့ ရုပ်ရှင်ကြီးတစ်ခုကို တင်ဆက်ပေးထားပါတယ်။ ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ပြဇာတ်ကြီးကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ မူရင်း ပြဇာတ်စကားတွေကို အသုံးပြုထားတာမို့ တိုက်ရိုက်ဘာသာပြန်ရင် အတော်ကို ဖတ်ရပြန်ရ ခက်ခဲတာမို့ စကားပြေအနေနဲ့ ဘာသာပြန်ပေးထားပါတယ်။ အကုန်လုံးမှန်မယ်လို့တော့ သေချာမပြောရဲပါဘူး။ ဒီပြဇာတ်ထဲက စာသားတွေကို ရုပ်ရှင်တွေ စာအုပ်တွေ အများကြီးမှာ ပြန်လည်ကိုးကားအသုံးပြုထားကြပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုထားတာတွေလည်းအများကြီးပါပဲ။ဥပမာ V for Vendetta ရုပ်ရှင်မှာဆို I dare do all that may become a man; Who dares do more is none (ယောကျာ်းကောင်းတစ်ယောက်လုပ်ဝံ့တဲ့အရာအားလုံး ငါလုပ်ဝံ့တယ်၊ မလုပ်သင့်တာကို လုပ်ရဲတဲ့သူဟာ ...
movie

The Tragedy of Macbeth (2021)

The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021