Channel Myanmar

Omowunmi Dada

L.I.F.E. (2024)
L.I.F.E. (2024) အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing
movie

L.I.F.E. (2024)

Here Love Lies (2023) 5.0
Here Love Lies (2023) Here Love Lies (2023) =================“ဒီနေရာတွင် အချစ်ရှိသည် ဒီနေရာတွင် အချစ်သည် အလိမ်အညာဖြစ်သည်. ဒီနေရာတွင် အချစ်သည် ထာဝရအိပ်စက်နေသည်.” ဆိုသလိုပဲ. အချစ်ဆိုတာက အပျော်ကစားတတ်တဲ့သူတွေအဖို့ သေဆုံးပြီလို့ သတ်မှတ်ကာ မြှုပ်နှံထားတဲ့မြေပုံလေး တစ်ခုသာ သာ ဖြစ်ပြီး ဆန်းကြယ်နက်နဲတဲ့အရာအဖြစ် ယုံကြည်ထားသူတွေ အတွက် တစ်နေ့တော့ ရောက်လိမ့်မယ်လို့ တွန်းအားပေးနေတဲ့ လမ်းပြမြေပုံလေးတစ်ခုပါပဲ။ငယ်ရွယ်စဉ်အတိတ်က ရူးမိုက်မှုတွေကြောင့် Single Mother ဘဝနဲ့ သမီးလေးတစ်ယောက်ကို တစ်ကိုယ်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့သူ အမန်ဒါ၊ မေတ္တာစစ်ကိုရှာဖွေရင်း အပေါ် ယံအချစ်တွေကိုသာ ရှာတွေ့ခဲ့ပြီး ဆိုရှယ်မီဒီယာမှ တွေ့ဆုံခဲ့သူ မိုက်ကယ့် အပေါ် မမျှော်လင့်ဘဲ သံယောဇဉ်တွယ်မိမှန်းမသိ တွယ် လာခဲ့တယ်ပေါ့။ အဲနောက် ရေမြေခြားသူ မိုက်ကယ့်ကို တွေ့ဆုံ နိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး နှစ်ယောက်သား စတွေ့တွေ့ချင်း အခက်အခဲ၊ အတားအဆီးများကြားမှ နားလည်မှုကို ရှာတွေ့သွား ချိန်၊ သူ ကျားကုတ်ကျားခဲ ရှာဖွေခဲ့ရတဲ့ Mr.Right ဖြစ်သူ မိုက် ကယ့်ရဲ့ စကားလုံးတွေနောက်ကွယ်က အမှန်တရားကို မမြင်နိုင် တော့ဘဲ အကြာကြီးမျှော်မှန်း ခဲ့ရတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ဖို့ စိတ်ကူးနေမိသူ အမန်ဒါကို ...
movie

Here Love Lies (2023)

2023