Channel Myanmar

Ori Pfeffer

The Bricklayer (2023) 5.5
The Bricklayer (2023)  Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တောNina Dobrev ပဲ ဖြစ်ပါတယ်။စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီးစီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီးသူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကိုလွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကိုကြည့်ရမှာပါ.... File size…2.00 GB / 914 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. ...
movie

The Bricklayer (2023)

You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
World War Z (2013) 7.0
World War Z (2013) World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်...၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့....မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်..ရောဂါဟာ စက္ကန့်ပိုင်း ...
movie

World War Z (2013)

2013
4K HEVC
The Protégé (2021) The Protege 6.6
The Protégé (2021) The Protege IMDb Rating (6.6) / Rotten Tomatoes (60%)နီကီတာဇာတ်လမ်းတွဲနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Maggie Q.. မားသားဖက်ခါကြီး Samuel L. Jackson နဲ့ မူရင်းဘတ်မန်းကြီး Michael Keaton တို့ပါဝင်ထားတဲ့ ​ ကြေးစားလူသတ်သမား အသတ်အဖြတ်ကားမျိုးဖြစ်ပါတယ်။ကြေးစားလူသတ်သမား မူဒီဟာ ဗီယက်နမ်မှာတွေ့ခဲ့တဲ့ အန်နာဆိုတဲ့ကလေးလေးတစ်ယောက်ကို ​​သူ့ရဲ့တပည့်အဖြစ် လက်သပ်မွေးပြုစုပျိုးထောင်ခဲ့တာပါ... အန်နာနဲ့မူဒီတို့ဟာ လိုက်ရှာဖို့မဖြစ်နိုင်တဲ့လူတွေကို အဓိကလိုက်သတ်တဲ့ ​​​ကြေးစားဆရာတပည့်နှစ်ယောက်ဖြစ်လာပါတယ်... တစ်နေ့တော့ မူဒီဟာ သူလိုက်ရှာဖို့အခက်ခဲဆုံးလူတစ်ယောက်ကို ခြေရာခံဖို့ကြိုးစားရင်း လုပ်ကြံခံလိုက်ရပါတော့တယ်... ဒါကြောင့်မို့ သူ့တပည့်မ အန်နာဟာ တရားခံကိုအဖြေရှာဖို့နဲ့ မူဒီရှာခဲ့တဲ့လူကိုဆက်ရှာတဲ့အခါမှာ... နောက်ကွယ်မှာပါဝင်ပတ်သတ်နေတဲ့လူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာ...။မင်းသမီးလည်းမိုက် မင်းသားတွေကလည်း ဆရာကြီးတွေဖြစ်ပြီး အတိုက်အခိုက်အပစ်အခတ်တွေလည်း မိုက်တာမို့ ဂျွန်ဝစ်လို သွေးအေး Action ဇာတ်ကားမျိုးတွေကို လွမ်းနေတဲ့သူတွေအဖို့ အလွမ်းပြေစေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Pyi T Nyein နဲ့ Chit Tee တို့မှ တင်ဆက်ထားပါတယ်။)File size…(1.8 GB) / (1 GB) / (500 MB)Quality…WEB-DL 1080p / 720p ...
movie

The Protégé (2021) The Protege

Jolt (2021) 5.4
Jolt (2021) Jolt (2021)==========IMDb Rating - 5.4/10ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်းပြထားပါတယ်။လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသထိန်းရရှာပါတယ်။ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူအဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့်ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှအဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီးပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ...
movie

Jolt (2021)

2021
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb - 6.9/10_____Rotten - 43%  2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
movie

The Hitman’s Bodyguard (2017)

2017
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) Hacksaw Ridge (2016) IMDb - 8.1/10_____Rotten - 85% Won 2 Oscars. Another 51 wins & 114 nominations    ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်....)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် ... သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်... သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် ... အားပေးမှုတွေလုပ်မယ် ... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ... စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ... ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် ... Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် ...
movie

Hacksaw Ridge (2016)

2016
Bullet Head (2017) 5.2
Bullet Head (2017) Bullet Head ဇာတ်​ကားဟာ ၂၀၁ရခုနှစ်​ကထွက်​ရှိထားတဲ့ အ​မေရိကန်​ မှုခင်​းအက်​ရှင်​ကားတစ်​ကားဖြစ်​ပါတယ်​Imdb rating 5.2/10 နဲ့ rotten tomatoes 57% အသီးသီးရရှိထားပါတယ်​ပါဝင်​သရုပ်​​ဆောင်​ထားသူ​တွေက ​တော့ Adrien Brody, John Malkovich နဲ့ Antonio Banderas တို့ဖြစ်​ပါတယ်​ကြာချိန်​ ၉၃မိနစ်​ပဲရှိ​ပေမယ်​့ ဇာတ်​လမ်​းအလှည်​့အ​ပြောင််​းနဲ့ စိတ်​ဝင်​စားဖွယ်​ရာဇာတ်​ကွက်​​တွေ ပြည်​့​နေတဲ့ ဇာတ်​ကား​ကောင်​း​လေးပါဇာတ်​လမ်​းအကျဉ်​းက​တော့ Career (ကယ်​ရီ) သမား ၃​ယောက်​ဖြစ်​တဲ့သူတို့ဟာ တစ်​​နေ့မှာ အလုပ်​လုပ်​ရင်​းချွတ်​​ချော်​မှု​ကြောင်​့ ဂို​ထောင်​တစ်​ခုထဲမှာပိတ်​မိသွားပါ​တော့တယ်​ဂို​ထောင်​အပြင်​မှာ​အသင်​့​စောင်​့​​နေသူ​တွေလည်​းရှိ​နေပါတယ်​ဥပဒေဘက်​​တော်​သားရဲ​တွေပါ.....ဒါ​ပေမယ်​့ဂို​ထောင်​ထဲမှာလည်​း ​ကြောက်​ရွံ ့ဖွယ်​​ကောင်​းတဲ့ အန္တရာယ်​ကြီးက​စောင်​့ကြို​နေပါတယ်​....သူတို့ ၃​ယောက်​ ကျဉ်​းထဲကျပ်​ထဲက​​နေ အလွတ်​ရုန်းနိုင်​မှာလား....အသက်​ရှင်​လျက်​ထွက်​လာပြီး ရဲ​လက်​ထဲကပါလွတ်​​အောင်​​ပြေးနိုင်​မလားဆိုတာ....ပရိတ်​သတ်​ကြီးပဲကြည်​့လိုက်​​တော့​နော်​ File Size : (750 MB) and (260 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre :Crime, Drama, Thriller Subtitle ...
movie

Bullet Head (2017)

2017