Channel Myanmar

P. Ravi Shankar

Upadhyaksha (2024) 7.7
Upadhyaksha (2024) Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Upadhyaksha (2024)

2024
Ooru Peru Bhairavakona (2024) 6.5
Ooru Peru Bhairavakona (2024) Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ooru Peru Bhairavakona (2024)

2024
Guntur Kaaram (2024) 6.1
Guntur Kaaram (2024) Guntur Kaaram 2024 (IMDB 6.1/10) အမိမဲ့သားNF WEB DL အကြည်ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်=======================================အားလုံးနဲ့ရင်းနှီးတဲ့ ဝန်ကြီးချုပ်မင်းသား တောင်ပိုင်းစတားမဟေ့ရှ်ဘာဘူရဲ့ ရုံတင်ကားသစ်လေးကို Netflix ကနေ ထုတ်လွှင့်လိုက်တာနဲ့ တစ်ပြိုင်နက် CM ကနေပါ တင်ဆက်ပေးလိုက်ပါတယ်....ခေါင်းဆောင်မင်းသား မဟေ့ရှ်ဘာဘူအပြင် ပရိသတ်တွေနဲ့မစိမ်းတဲ့ Dhamaka ထဲက မင်းသမီးချောလေး ဆရီလီလာကို အဆစ်ငမ်းရမယ့်အပြင် လတ်တလောထွက်ရှိထားတဲ့ Hi Nanna ထဲကယောက္ခထီးကြီး ဂျာရရမ် ပါလေရာမင်းသားကြီး ပရာကတ်ရှ်ရာ့ဂျ်တို့လို ဇာတ်ပို့တွေနဲ့ပါ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ်ဇာတ်လမ်းအစ ရာမာနာ(မဟေ့ရှ်ဘာဘူ) ဆယ်နှစ်သားအရွယ်မှာ သူ့အမေကသူ့ကိုစွန့်ပစ်ခဲ့ပါတယ် သူ့အဖေကိုလည်းထားခဲ့ပြီးတော့ နောက်အိမ်ထောင်ပြု သားထပ်မွေးသွားပါတယ် အရွယ်ရောက်လာချိန်မှာတော့ ရာမာနာဟာ ဘယ်သူမှထိန်းမရတဲ့ ဘယ်သူ့ကိုဂရုမစိုက်တဲ့လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ သူ့စိတ်ထဲမှာမမေ့နိုင်သေးတာတော့ သူ့အမေပေါ့သူ့အဘိုး ဗန်ကတ်ဆွာမိဟာ နာမည်ကြီး နိုင်ငံရေးသမားတစ်ယောက်ပါ အဲ့ဒါအပြင် သူ့အမေရော သူ့ရဲ့အဖေကွဲညီကိုပါ နိုင်ငံရေးလုပ်ခိုင်းထားပါတယ်သူတို့မိသားစုရဲ့နိုင်ငံရေးလောကမှာ ပထမသားကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အမည်းစက်တစ်ခုဖြစ်နေတဲ့အခါမှာ ရာမာနာကို ဟိုက်ဒရာဘတ်ကိုခေါ်ပြီး အမွေ ဖြတ်ဖို့လုပ်ပါတော့တယ်အဲ့ချိန်မှာ ရာမာနာနဲ့ သူချစ်ရတဲ့အမေမိသားစုကြားဘာတွေဆက်ဖြစ်မလဲဆိုတာတော့....... CM ပရိသတ်ကြီးပဲ ဒီအချစ်အက်ရှင်ဇာတ်ကားလေးကို ဆက်လက်ခံစားကြည့်ရှုပေးကြပါလို့ ပြောကြားလိုပါတယ် အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ...
movie

Guntur Kaaram (2024)

2024
4K HEVC
Garadi (2023)
Garadi (2023) Garadi (2023) "ချန်ပီယံ" IMDb - 8.8/10နပန်းနှစ်သက်တဲ့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အတွက် ကန်နေဒါနပန်းရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆိုရီနဲ့ ရှန်ကာရာဆိုတဲ့ညီကိုနှစ်ယောက်က ချန်ပီယံနပန်းသမားတို့မွေးထုတ်ပေးတဲ့ မြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အိမ်တော်မှာ နေကြတယ်။ ဘယ်သူမှယှဉ်လို့မရပါဘူးဆိုတဲ့ မြို့တော်ရဲ့ နာမည်ကျော်နပန်းသမားကြီးက ဆိုရီတို့ရဲ့အဖေ နပန်းသမားကြီးကြောင့်နဲ့ မတော်တဆသေဆုံးသွားတဲ့နောက်မှာ ဆိုရီတို့အဖေကို လူသတ်သမားလို့တံဆိပ်ကပ်ခံရပြီးနောက် လက်သည်မပေါ်ဘဲ အသတ်ခံလိုက်ရပါတော့တယ်။မျိုးရိုးအစဉ်အလာအတိုင်း အဖေနပန်းသမားကြီးလိုပဲ သားကြီးဖြစ်တဲ့ ရှန်ကာရာ အရွယ်ရောက်လာချိန်မှာတော့ မြို့ဂုဏ်ကိုဆောင်မဲ့ ချန်ပီယံကြီးဖြစ်ဖို့ ဖိုင်နယ်ပွဲစဉ်မထိုးသတ်ခင်မှာ မတရားမှုကို ငြိမ်မခံနေတဲ့အတွက်ကြောင့်နဲ့ပဲ လူသတ်သမားရဲ့သားက လူသတ်သမားပဲဖြစ်မယ်ဆိုပြီး နပန်းနည်းပြဆရာကြီးက အိမ်တော်ကနေရော မြို့ကနေပါနှင်ထုတ်လိုက်ပါတော့တယ်။ဒီလိုနဲ့ ညီငယ်ဖြစ်သူ ဆိုရီတစ်ယောက် နပန်းလေ့ကျင့်သင်ကြားရာနေရာမှာ လက်တိုလက်တောင်းလုပ်ရင်း တစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။ နပန်းကို ရူးရူးမူးမူးစွဲလန်းပေမဲ့ အဖေနဲ့အစ်ကိုဖြစ်သူလို ရာဇဝတ်သားဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သင်ပေးခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဆိုရီတစ်ယောက် အရူးအမူးစွဲလန်းရတဲ့ နပန်းပညာကို တိတ်တဆိတ်လေ့ကျင့်လာခဲ့တဲ့နောက်မှာ...၊ အဖေဖြစ်သူကို သတ်သွားတဲ့ နောက်ကွယ်ကလူတစ်စုနဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့...။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.8GB ...
movie

Garadi (2023)

2023
Bhagavanth Kesari (2023) 7.2
Bhagavanth Kesari (2023) Bhagavanth Kesari (2023) "ခြင်္သေ့မလေးဗီဂျီ" IMDb - 7.3/10ဘိုင်ရာဗာမင်းသမီးလေး ကာဂျဲလ်နဲ့ တီလဂူးကားတွေရဲ့ အက်ရှင်မင်းသားကြီး Nandamuri Balakrishna မင်းသမီးချောလေး Sreeleela တို့ အဓိကပါဝင်ထားပြီး Ra.One နဲ့ Om Shanti Om ရဲ့ ဗီလိန် ခန့်ချောကြီး Arjun Rampal လည်းပါဝင်ထားတာတဲ့ အက်ရှင်ကြမ်းကြမ်း ပလော့လန်းလန်းနဲ့ ရုံကားကြီးတင်ဆက်ပေးလိုက်ပါတယ် ရုံတင်ငွေလည်း ကုဋေ ၁၃၀ ထိရထားတာမို့ အကြိုက်တွေ့ကြမဲ့ကားပါနီလာကွန်ဒါဘာဂဗန်ကေဆရီလို့ ခေါ်တဲ့ လုပ်ငန်းရှင်တစ်ဦး၊ အရင်အစိုးရကို ရံပုံငွေထောက်ပံ့တဲ့အတွက်ကြောင့် အခုတက်လာတဲ့အစိုးရကနေ အမှုဖွင့်ပြီး ထောင်ထဲကို ပို့ခံထားရသူ။ တရားမှုကို မြတ်နိုးပြီးတော့ အနိုင်ကျင့်တာကိုလည်း မျက်ကွယ်ပြုမထားနိုင်သူတစ်ယောက်။တစ်ရက်မှာတော့ ဘာဂဗန်ရဲ့ မိခင်ဖြစ်သူဟာ သေခါနီးဆဲဆဲ သူ့သားကို မမြင်ရရင် မသေနိုင်ဘူးဆိုပြီး တင်းခံနေတဲ့အတွက်ကြောင့်နဲ့ သူ့ရဲ့မိခင်ကို တွေ့ဖို့ သူတို့ရဲ့ ထောင်မှူးကို တောင်းဆိုရာကနေ ထောင်မှူးရဲ့ ခွင့်ပြုချက်နဲ့ မိခင်ဖြစ်သူရဲ့ နောက်ဆုံးထွက်သက်ကို အနားမှာ ရှိပေးလိုက်နိုင်ခဲ့ပါတယ်။ ဒီလို ကျေးဇူးတွေကြောင့်နဲ့ ...
movie

Bhagavanth Kesari (2023)

2023
Bhola Shankar (2023)
Bhola Shankar (2023) Bhola shankar (2023) ===================ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ ...ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး...။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ ) File size…4.4GB / 2.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar ...
movie

Bhola Shankar (2023)

2023
Veera Simha Reddy (2023) 5.8
Veera Simha Reddy (2023) Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie

Veera Simha Reddy (2023)

2023
Mukhachitram (2022) 7.1
Mukhachitram (2022) Mukhachitram 2022 IMDb -7.1/10မတော်တဆမှုတစ်ခုကြောင့် မျက်နှာပုံပန်းပျက်သွားပြီး စိတ်ကျရောဂါနဲ့ သေဆုံးသွားတဲ့အမေဖြစ်သူကို မကယ်နိုင်ခဲ့တာကြောင့် ပလပ်စတစ်ဆာဂျရီဆရာ၀န်တစ်ယောက် ဖြစ်လာသူ ရာ့ဂ်ျကူးမား... ရာ့ဂ်ျတစ်ယောက်တစ်နေ့မှာ အောင်သွယ်တော်ရဲ့ချိတ်ဆက်မှုကြောင့် မဟာသီဆိုတဲ့ ကောင်မလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်၊ တစ်ဖက်မှာလည်း ရာ့ဂ်ျကို ဟိုးငယ်ငယ်လေးကတည်းက ကြိုက်နေတဲ့ မာယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။တစ်နေ့မှာတော့ မာယာတစ်ယောက် မတော်တဆမှုတစ်‌ခုကြောင့် သေမင်းနဲ့လွန်ဆွဲနေရချိန်မှာ ရာ့ဂ်ျ ၊ မဟာသီ နဲမာယာတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ...ဇာတ်လမ်းအစမှာတော့ ကြည်နူးဖွယ် အချစ်ဇာတ်လမ်းလေးနဲ့စထားပြီး ရာ့ဂ်ျ၊ မဟာသီ၊ မာယာ တို့သုံးယောက်သားက လောင်မြိုက်အောင် တဖြည်းဖြည်းနဲ့ ဘယ်လိုဆွဲခေါ်သွားမယ်ဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…1.59GB / 739MB Quality…1080p TRUE WEB DL / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder…. YK Translated by Nyein Aye ~ Sai ThuRein ~ Cherry ~ BpL
movie

Mukhachitram (2022)

2023
Aadavaallu Meeku Johaarlu (2022)
Aadavaallu Meeku Johaarlu (2022) Aadavallu Meeku Johaarlu IMDb-6.9/10အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ်မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ်အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကိုအကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူးဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ်ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ.....လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး ...
movie

Aadavaallu Meeku Johaarlu (2022)

2022
Kotigobba 3 (2021) 7.7
Kotigobba 3 (2021) ဒီကားကလည်း ကနာဒါးမင်းသား ဆူးဒိရဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDB မှာ 7.8နဲ့ Time of India မှာ 4/5 ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းအမေ့အိမ် မိဘမဲ့ဂေဟာကို တည်ထောင်ထားတဲ့ ဆဒ်သရ ဟာမိဘမဲ့ကလေးတွေအားလုံး ချစ်ခင်ရတဲ့ လူတစ်ယောက်ဖြစ်သလို လူတွေကြားမှာလည်းကြင်နာသနားတတ်သူအဖြစ်ကျော်ကြားပါတယ်။ ရဲအဖွဲ့နဲ့လည်းအဆင်ပြေသလို ရဲတွေမရှင်းနိုင်တဲ့ကိစ္စတွေမှာ ခပ်ကြမ်းကြမ်း၀င်နွှဲတတ်သူတစ်ယောက်ပါ။ တနေ့တော့ သူ့ရဲ့မိဘမဲ့ဂေဟာကကလေးလေး ရောဂါတစ်ခုကြောင့် တူရကီမှာ ဆေးသွားကုဖို့ဖြစ်လာချိန်မှာ တူရကီမှာဗုံးတွေပေါက် ‌ယူရိုသန်းချီတန်တဲ့ ရတနာ သရဖူကို ဓါးပြတိုက်ချင်းခံရပါတော့တယ်။ဓါးပြမှုကို ဘယ်သူကျူးလွန်တာလဲ နာမည်ကြီးဓားပြ Ghost ဆိုတာ ဘယ်သူလဲ။ဆဒ်သရ နဲ့ကောဘယ်လိုပါတ်သက်နေလည်း ဆိုတာတော့ အလှည့်အပြောင်းများစွာနဲ့ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin Htoo Aung နဲ့ Sai Thurein Lynn ပဲဖြစ်ပါတယ်  File size…2.3GB / 1.3Gb  Quality…1080p HD RIP AAC 5.1CH / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle ( ...
movie

Kotigobba 3 (2021)

2021
Krack(2021) 7.2
Krack(2021) Krack(2021) အညွှန်း****************** တီလူဂူးဇာတ်ကားလေးတွေကို မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင် ပရိတ်သတ်တွေအတွက် မနေ့ကထွက်တဲ့Ravi Teja နဲ့ Shruti Haasan တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Krack ဆိုတဲ့အဓိပ္ပါယ်ကိုက သူတို့ဘာသာစကားမှာ "ခေါင်းမာတဲ့သူ"ပါ။ဒီတော့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဗီရားရှန်ကာဆိုတဲ့ ရဲအရာရှိဟာ မတရားမှုတွေကိုကိုင်တွယ်ရာမှာ ကြမ်းတမ်းတယ် ၊ သက်ညှာမှုကင်းမဲ့တယ်။ဘယ်အရာကိုမှ မကြောက်တတ်ဘဲ လုပ်စရာရှိတာကို ခေါင်းကြောမာမာနဲ့ တဇွတ်ထိုးလုပ်တတ်သူပေါ့။ဇာတ်လမ်းအစအစမှာ ပြသွားတဲ့ သံတစ်ချောင်း ၊ ၅၀တန် အကြွေတစ်ရွက်နဲ့ သရက်သီးတစ်လုံးဟာ ဗီရားရှန်ကာကိုင်တွယ်ခဲ့တဲ့ဒိတ်ဒိတ်ကြဲလူဆိုး လူရမ်းကားသုံးယောက်ကို ကိုယ်စားပြုတယ်ဆိုတာ ဇာတ်လမ်းအလယ်လောက်ရောက်မှ နားလည်မယ်။ တစ်ယောက်ချင်းစီကို ကိုယ်တွယ်ပုံဟာ ဒီဇာတ်လမ်းရဲ့ frame ဖြစ်ပြီး ၊တောင်ပိုင်းရုပ်ရှင်အထွက်နည်းလှတဲ့ အခုလိုအချိန်မျိုးမှာ ရဲကားကောင်းကောင်းကြည့်လိုသူတွေအဖို့ ​ကျေနပ်ကြလိမ့်မယ်ထင်ပါတယ်။ဘာသာပြန်သူများကတော့ Myint Thu & Nyi Koe တို့ပဲဖြစ်ပါတယ်...File Size : (2.5GB) and (1.4GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:34:00 Genre ...
movie

Krack(2021)

Bharat Ane Nenu (2018) 8.8
Bharat Ane Nenu (2018) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။သူပြောတဲ့စကားက"စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် ...
movie

Bharat Ane Nenu (2018)

2018