Channel Myanmar

Paresh Pahuja

Operation Valentine (2024) 5.5
Operation Valentine (2024) Operation Valentine (2024) ပရောဂျက်ဗာဂ်ျရာIMDb-5.5/10 Rotten tomatoes/71%ရီသိက်ရိုရှန်ရဲ့ ဖိုက်တာကားကြည့်ပြီး တိုက်လေယာဉ်ကားတွေ ထပ်ကြည့်ချင်သေးတဲ့ပရိသတ်ကြီးအတွက် တိုက်လေယာဉ်တွေနဲ့ကြမ်းပြမဲ့ နောက်တစ်ကားထွက်ရှိလာပါတယ်Varun Tej နဲ့ Miss World 2017 Manushi Chhillar တို့က အဓိကပါဝင်ထားပါတယ်အာဂျွန်ဒေ့ဗ်ဆိုတာ အရည်အချင်းရှိသလို ခေါင်းလည်းမာတဲ့ လေတပ်ဗိုလ်တစ်ယောက် အတိုင်းအတာ ခန့်မှန်းချက်တွေထက် သူ့ရဲ့လုပ်နိုင်စွမ်းကိုသာယုံကြည်ပြီး မစ်ရှင်တိုင်းကို စွန့်စွန့်စားစားလုပ်တတ်တဲ့သူ ။ သူဦးဆောင်ခဲ့တဲ့ ပရောဂျက်ဗာဂ်ျရာမှာ သူရဲ့စွန့်စားအရဲကိုးမှုတွေကြောင့် တွဲဖက်အရာရှိကျသွားပြီးတဲ့နောက် အဲဒီမစ်ရှင်ကိုရပ် သူကိုယ်တိုင်လည်းပျံသန်းခွင့်ရပ်နားခံလိုက်ရတယ်အာဟာနာက‌တော့ လေကြောင်းတိုက်ပွဲတွေမှာ အရာရှိတွေဘေးကင်းဖို့ မြေပြင်ကနေ ခန့်မှန်းချက်တွေ ရေဒါအတိုင်းအတာတွေ သတင်းပို့ညွှန်ကြားရသူ အာဂျွန်ဒေ့ဗ်ရဲ့ဇနီး ။ တစ်နေ့မှာ ရပ်ဆိုင်းထားတဲ့ ပရောဂျက်ဗာဂ်ျရာကို ပြန်စဖို့ လုပ်နေတယ်ဆိုတာ သိလိုက်ရတယ်အန္တာရယ်များလို့ရပ်ဆိုင်းထားတဲ့ ဗာဂ်ျရာပရောဂျက်ကို တစ်ခါရှုံးနိမ့်ဖူးတဲ့ ခေါင်းမာတဲ့အရာရှိအာဂျွန်က ဦးဆောင်တိုက်တဲ့ ဝေဟင်တိုက်ပွဲက ဘယ်လိုတွေဆက်ဖြစ်မလဲ အာဂျွန်နဲ့ ဆာဟာနာတို့ကရော တာဝန်ဝတ္တရားနဲ့ ပုဂ္ဂိုလ်ရေးခံစားချက်တွေကြား ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်သွားကြမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်း နှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.9GB  /  ...
movie

Operation Valentine (2024)

2023
Tiger Zinda Hai (2017) 6.7
Tiger Zinda Hai (2017) Tiger Zinda Hai (2017) (သို့) " တိုက်ဂါးရှိနေသေးတယ် "၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ အက်ရှင်သူလျှိုကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂါးနဲ့ဇိုရာအဖြစ် မင်းသားကြီးဆယ်လ်မန်ခန်းနဲ့ မင်းသမီးချော ကတ်ထရီနာကေ့ဖ်တို့ကို အလန်းစားသူလျှိုတွေအဖြစ် ဆက်လက်ရှုစားရမှာပါ။ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင်အက်စ်အဖွဲ့က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂါးနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြတဲ့ တိုက်ဂါးတို့စုံတွဲအတွက် မစ်ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။တိုက်ဂါးရဲ့ အလုပ်ရှင်ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ...
movie

Tiger Zinda Hai (2017)

2017
4K HEVC
Kadak Singh (2023) 7.4
Kadak Singh (2023) Kadak Singh (2023) "မှတ်ဉာဏ်ဝင်္ကပါ" IMDb-7.4/10OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း...အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာ‌တော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ ...
movie

Kadak Singh (2023)

2023
Lakadbaggha(2023) 6.5
Lakadbaggha(2023) Lakadbaggha 2023 IMDb - 6.3/10Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာ‌တော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။ File size…2.01 GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~BpL~Cherry~V~ThaikSan~Zwe
movie

Lakadbaggha(2023)

2023
Doctor G (2022) 7.1
Doctor G (2022) Doctor G (2022)ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါသူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူးသို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko
movie

Doctor G (2022)

2022
Jogi (2022) 7.9
Jogi (2022) Jogi 2022 IMDb 8.2Netflix မှ Rating အကြမ်းစားနဲ့ အဆိုတော်၊ မင်းသားကြီး Diljit Dosanjh ရဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဒီကားက ၁၉၈၀ ခုနှစ်ဒေလီမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံရိုက်ကူးထားပြီး အကမပါ အိုဗာမပါ မိတ်ကပ်ခြယ်သမှုမပါဘဲ ရင်တစ်နင့်နင့်နဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ထိုခေတ်ထိုအခါကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေရဲ့ အင်တာဗျူးတွေမှာလည်း ကိုယ်စီကိုယ်စီ ရင်နင့်စရာဇာတ်လမ်းတွေကြောင့် အိ န္ဒိယသမိုင်းဝင်ဖြစ်ရပ်ကို Netflix မှ ပြန်လည်ပုံဖော်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ----------- ဒေလီမြို့မှာ ငြိမ်းချမ်းတဲ့ဆစ်ခ်ဘာသာဝင်လူမျိုးတွေနေထိုင်တဲ့မြို့တစ်မြို့ရှိပါတယ် တွေ့သူတိုင်းနှုတ်ဆက်ပျုငှာတတ်ကြပြီး အုပ်စုဖွဲ့ဆော့ကစားတတ်ကြတဲ့ကလေးတွေကလည်း မြို့ရဲ့ဆည်းလည်းသံအလား သာယာနေတတ်ပါတယ်ဒီမြို့မှာဆို ဂျိုဂီက မသိသူမရှိ ဖော်ရွေတတ်သူကြီးပေါ့ အစ်မဖြစ်သူရဲ့သားလေး ပရက်ရဲ့မွေးနေ့ပွဲအတွက် တစ်အိမ်လုံးပြင်ဆင်စရာရှိတာပြင်ဆင် တစ်ရပ်ကွက်လုံးပတ်ဖိတ်ထားပြီး ညနေခြောက်နာရီမှာမွေးနေ့ပွဲကျင်းပဖို့ တာစူနေကြပါတယ် ခြောက်နာရီမတိုင်ခင်တော့ ကျောင်းတက်တဲ့လူကတက် |အလုပ်သွားတဲ့လူကသွားပေါ့ ဒါပေမယ့် အဲဒီနေ့မှာပဲ သူတို့ပျော်ရွှင်စရာတွေအဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူးအကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့မိခင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကလုပ်ကြံခံလိုက်ရလို့ပါပဲ လုပ်ကြံတဲ့လူတွေကလည်း ဆစ်ခ်လူမျိုးနှစ်ယောက်ဆိုတော့ တစ်မြို့လုံးက ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေစုပြုံပြီး မြင်သမျှသတ်ဖြတ် မီးရှို့ရင်း ပျော်ရွှင်စရာဒေလီမြို့လေးက မီးလောင်ပြင်တွေ အော်ဟစ်ငိုယိုသံတွေနဲ့တစ်မဟုတ်ချင်း ပြည့်နှက်သွားခဲ့ရပါတယ် ထုံးစံအတိုင်း နိုင်ငံရေးရဲ့နောက်ကွယ်မှာဖုံးကွယ်မှုတွေ ရှုပ်ထွေးမှုတွေရှိနေတတ်တော့ ရာနဲ့ချီပြီးပြေးပေါက်ပိတ်နေတဲ့ဆစ်ခ်လူမျိုးတွေကို လူမျိုးဘာသာမတူတဲ့ လူသုံးယောက်က ကယ်တင်သွားမယ့်ပုံတွေကို အသည်းတစ်ယားယားကြည့်ရှုရမှာပဲဖြစ်ပါတယ် သူတို့တွေလွတ်မြောက်သွားကြမှာလား အရင်လို ပျော်ရွှင်စရာဒေလီမြို့လေးကိုပြန်ရနိုင်မလား ဆိုတာတော့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါရှင် File size…1.8GB / 819MB Quality…1080p NF ...
movie

Jogi (2022)

2022