Channel Myanmar

Park Chul-min

Almost Che (2012) 6
Almost Che (2012) Almost Che (2012)ဒီ Almost Che ဆိုတဲ့ ကားလေးကတော့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးအကြောင်းနဲ့ ဆင်တူပါတယ်။ဒီကားလေးမှာက ကိုးရီးယားကစစ်အာဏာသိမ်းအစိုးရကို အမေရိကန်တွေ ထောက်ပံ့ပေးမှုနဲ့ပတ်သတ်ပြီး ဆန္ဒပြကြတာကို အခြေခံရိုက်ကူးထားတာပါ။ဂန်ဒယ်အို ဆိုတဲ့ဇာတ်လိုက်ဟာ တရုတ်စားသောက်ဆိုင်မှာအလုပ်လုပ်ရင်း ပဲခေါက်ဆွဲလိုက်ပို့တဲ့သူပါ။ တစ်နေ့မှာတော့ သူဟာ ပဲခေါက်ဆွဲလိုက်ပို့ရင်းနဲ့ ဆောယယ်ရင်း ဆိုတဲ့ကောလိပ်ကျောင်းသူကိုချစ်မိသွားတဲ့အတွက် နီးစပ်ဖို့ကြိုးစားရင်း တော်လှန်ပုန်ကန်မှုထဲကို ဘုမသိဘမသိပါဝင်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့ ဆောယယ်ရင်းကိုကာကွယ်ပေးချင်တဲ့စိတ်နဲ့ပဲ တလွဲလုပ်ရင်း ဘယ်လိုတွေဆက်ဖြစ်မလဲ၊ ကောင်မလေးရဲ့အချစ်ကိုလည်း ရအောင် ကြိုးစားနိုင်မလားဆိုတာ..လက်ရှိအခြေအနေကိုလည်း ထင်ဟပ်ရင်း ရယ်ရွှင်စရာ ဇာတ်နှောလေးနဲ့ အတူတူကြည့်ရှုလိုက်ကြရအောင်နော်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.9GB | 954MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ...
movie

Almost Che (2012)

2012
The Magician(2015) 7.0
The Magician(2015) The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

The Magician(2015)

Sector 7 (2011) 4.6
Sector 7 (2011) Sector 7 (2011)ကျွန်တော်တို့ခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲ လှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်။ ကားမလန်းတောင် ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖို့သက်သက် ရှာကြည့်ရတဲ့ မမ ဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ။ အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမို့လား။ ဒါပေမဲ့ မမဆိုလို့ မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်။ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို့ Sinkhole တို့ The Tower တို့လို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ...
movie

Sector 7 (2011)

2011
Chun Tae-il: A Flame That Lives On (2021) 8.8
Chun Tae-il: A Flame That Lives On (2021) ဒီတစ်ခါတော့ ၂၀၂၁ ခုနှစ်ကထွက်ထားတဲ့ IMDb 8.8/10 ရထားတဲ့ ကိုရီးယား Animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်၊ ကာတွန်းကားကို ဒီလောက် rating ရထားတယ်ဆိုတော့ ထူးပြီးညွှန်းဖို့တော့ လိုမယ်မထင်ပါဘူးဒီဇာတ်လမ်းကတော့ ၁၉၇၀ ခုနှစ်မှာ အလုပ်သမားအခွင့်အရေးရအောင် စည်းရုံးတောင်းဆိုခဲ့တဲ့ ဂျောင်ထယ်အီးလ်ရဲ့ အကြောင်းကို တင်ဆက်ထားခြင်းဖြစ်ပါတယ် ၁၉၉၅ ခုနှစ်မှာ A Single Spark ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်ထွက်ခဲ့ပြီးတော့ ၂၀၂၁ မှာ Animation အဖြစ်ဖန်တီးထားတာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ကတော့ မူလတန်းတောင် မအောင်ခဲ့တဲ့ ကောင်လေးတစ်ယောက်... သားအကြီးဆုံးဖြစ်ပြီး အိမ်ရဲ့စားဝတ်နေရေးကြောင့် ကျောင်းထွက်လိုက်ရပြီး အိမ်ပြေးအဖြစ်နဲ့ ဖိနပ်တိုက် သတင်းစာရောင်း စတာတွေကို လက်တိုလက်တောင်းလုပ်ခဲ့ပါတယ်၁၉ နှစ်ပြည့်တဲ့အခါမှာတော့ စက်ရုံတည်ထောင်ချင်တဲ့စိတ်နဲ့ အဝတ်စက်ရုံတစ်ခုမှာ အဝတ်ဖြတ်ဆရာလက်ထောက်အဖြစ်သင်ယူရင်းနဲ့ ဖြောင်းဟွာဈေးက စက်ရုံရဲ့ မတရားခိုင်းစေမှုတွေ၊ လုပ်ခလစာ နည်းပါးမှုနဲ့ ကျန်းမာရေးအာမခံချက်မရှိတာတွေကို သိလိုက်ရပါတော့တယ်အဲလိုနဲ့ အခြေခံဥပဒေအကြောင်းသိလိုက်ရတဲ့အချိန်မှာ မညီမျှတာတွေအတွက် တောင်းဆိုဖို့ကြိုးပမ်းပါတော့တယ် ဘယ်လိုဆန္ဒပြရမလဲဆိုတာတောင် မသိတဲ့ အပ်ချုပ်ဆရာ၊ အဝတ်ဖြတ်ဆရာအဖြစ်ကနေ စိတ်အားထက်သန်စွာနဲ့ပဲ အလုပ်သမားအခွင့်အရေးရအောင် နည်းမျိုးစုံနဲ့ ကြိုးစားပုံတွေကို ကြည့်ရှုခံစားရမှာပါ ဒီဇာတ်လမ်းရဲ့အသံသရုပ်ဆောင်ကလည်း အားလုံးနဲ့မစိမ်းတဲ့ Jang Dong Yoon, Kwon ...
movie

Chun Tae-il: A Flame That Lives On (2021)

2021
The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie

The Pirates (2014)

Always (2011) 7.8
Always (2011) IMDb Rating (7.8) / Rotten Tomatoes (81%)ဆိုဂျီဆပ်ပရိတ်သတ်တွေဆို လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ဇာတ်ကားပါ...သူ့ရဲ့ရီဝေဝေမျက်ဝန်းတွေက ဒီဇာတ်ကားရဲ့ အုံ့မှိုင်းလွမ်းမောဖွယ် Theme နဲ့ သက်ဝင်လွန်းနေခဲ့တာပါ။အပြောအဆိုနည်းနည်း အေးတိအေးစက်နဲ့ ပကာသနခုံမင်မှုမရှိတဲ့ ကောင်လေးတွေမှာ အချစ်ကပိုရှင်သန်တတ်တယ်...ဒီလိုအမူအရာနဲ့ မင်းသားဆိုဂျီဆပ် ထပ်တူကျနေတာက စပျစ်ဝိုင်လို ထိရှိနေပါရော..မင်းသမီး Han Hyo‑joo ကလဲ လိုက်ဖက်ညီစွာ ပံ့ပိုးထားတာကြောင့် ပြည့်စုံတဲ့ပန်းချီကားတစ်ချပ်လိုပါပဲ...ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်...လက်ဝှေ့လောကထဲက အနားယူထားတဲ့ကောင်လေးနဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ မေတ္တာတရားအကြောင်းကိုရိုးရိုးလေးရိုက်ပြထားတာပါ...ဒါပေမယ့် အဲ့ဒီရိုးရှင်းမှုကပဲ ကြည့်ရှုသူရဲ့ ရင်ကို ဝုန်းဒိုင်းဝင်ချလာတာပါ....အချစ်ဆိုတာ စောက်ပိုတွေမပါတဲ့ ရိုးသားမှုပဲ မဟုတ်လား။ချစ်တတ်တဲ့သူတိုင်း ဒီဇာတ်ကားကို ရင်ထဲသိမ်းထားတတ်ကြတယ်။ဒါကြောင့်လဲ ကိုရီးယား Drama Romance ကားတွေထဲမှာနိုင်ငံတကာ Rating အမြင့်ကြီးကို ရှားရှားပါးပါး ရရှိထားတာပါ။  File size…(2 GB) and (1.2 GB) Quality…BluRay 1080p and 720p 5.1 CH Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Always (2011)

May 18 (2007) 7.1
May 18 (2007) [Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie

May 18 (2007)

[18+]Hot for Teacher/Who Slept With Her (2006) 5.9
[18+]Hot for Teacher/Who Slept With Her (2006) The Goddess of Revenge ရဲ့ မင်းသမီး Kim Sa Rang ရဲ့ Movie အဟောင်းလေးတစ်ခု တင်ပေးလိုက်ပါနော် ဒီဇာတ်လမ်းမှာ Running Man က HaHa လည်း man role အနေနဲ့ ပါ၀င်သရုပ်ဆောင်ထားပါတယ်Sex is Zero တို့လို ကိုရီးယားကျောင်းသားဟာသဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဥ်း..လှပပြီး ဆက်စီကျတဲ့ ဆရာမ အွန်းဂျီယောင်းဟာ ယောက်ျားလေးအထက်တန်းကျောင်း တစ်ကျောင်းမှာ ထရိန်နင် ဆရာမအဖြစ် တစ်လတိတိ သင်ကြားပေးရမှာပါဆယ်ကျော်သက်ကျောင်းသား အများစုက ဆရာမလေး အွန်းဂျီယောင်းကို ပစ်မှတ်ထားလာကြတယ်ဒါကို ကျောင်းရဲ့ စည်းကမ်းထိန်းသိမ်းရေး ဆရာချာက သိနေတာကြောင့် ဆရာမအွန်းဂျီယောင်းကို အမြဲစောင့်ကြည့်နေခဲ့ပါတယ်ကျောင်းရဲ့ ကပွဲညမှာတော့ ဆရာချာက ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အခန်းတစ်ခန်းထဲ ၀င်သွားတာကို တွေ့ရှိခဲ့ပြီးအဲ့အတွက် တရားခံကို စုံစမ်းဖော်ထုတ်ဖို့ လုပ်ခဲ့ပါတယ်တကယ့်တရားခံက ဘယ်သူဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါ18+ ဇာတ်၀င်ခန်းအနည်းငယ်ပါပါ၀င်ပါသည်...  File size…(1.3 ...
movie

[18+]Hot for Teacher/Who Slept With Her (2006)

2006
4th Period Mystery (2009) 6.1
4th Period Mystery (2009) [Unicode]CM fan တွေအတွက် နောက်ထပ် Thriller တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာ Memorist/My Strange Hero/I'm not a Robot ဇာမ်လမ်းတွေက မင်းသား Yoo Seung-Ho က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဟန်ဂျောင်ဟွန်းဟာ ကျောင်းရဲ့ အထူးချွန်ဆုံး နံပါတ် ၁ ကျောင်းသားပါသူတို့အတန်းထဲမှာ ဆံပင်ရှည်အလယ်ခွဲကို မျက်နှာမှာ လိုက်ကာလိုကာထားတဲ့ ကျောင်းသူ လီဒါဂျောင်းလည်းရှိပါတယ်ဒါဂျောင်းကတော့ မှုခင်းဝတ္ထုတွေကြိုက်နှစ်သက်ပြီးအမြဲတမ်းဖတ်လေ့ရှိပါတယ်တစ်ရက်မှာ အတန်းထဲက ထယ်အင်ဆိုတဲ့ ကျောင်းသားတစ်ယောက် ပါးစပ်ကသွေးတွေအန်ရင်းမေ့လဲသွားပြီးဆေးရုံရောက်တော့စစ်ဆေးကြည့်တဲ့အခါ သူသောက်လိုက်တဲ့ အအေးထဲမှာ အဆိပ်ခတ်ထားတယ်လို့ သိလိုက်ရပါတယ်သိပ်မကြာခင်မှာပဲ ဂင်ထယ်ဂယူဆိုတဲ့ ကျောင်းသား အတန်းထဲမှာသတ်ခံလိုက်ရတဲ့နောက်အဲ့အခါမှာ နံပါတ် ၁ သံသယရှိသူ ဟန်ဂျောင်ဟွန်းဖြစ်သွားခဲ့ပါတယ်တရားခံက ဘယ်သူဖြစ်မလဲ ဘယ်သူက ကျောင်းသားတစ်ယောက်ကို ရက်ရက်စက်စက်သတ်တာလဲ နောက်ဆုံးဖော်ထုတ်နိုင်မလားဆိုတာ ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုကြပါနော်...။( အညွှန်းရေးသားထားသူကတော့ Seung ဖြစ်ပါတယ် ) [Zawgyi]CM fan တွေအတွက် နောက်ထပ် Thriller တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဒီဇာတ်ကားမှာ Memorist/My Strange ...
movie


Inseparable Bros(2019) 7.0
Inseparable Bros(2019) Inseparable Bros(2019)IMDb...7.0((ကားအလန်းမို့ WEB-DL 1080P,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) Running Man က လီဂွမ်ဆူ ပါ၀င်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားနဲ့ပဲ 2020 (56th) BaekSang Arts Awards မှာBest Supporting Actor ဆုကို ရရှိသွားခဲ့ပါတယ် ..ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..ဘတ်ဒုံဂူ နဲ့ ဂန်ဆယ်ဟာ တို့ဟာ မသန်စွမ်းကလေး စောင့်ရှောက်ရေး ဂေဟာ တစ်ခုမှာ အတူနေထို်င်ကြတာပါ ..ဂေဟာကို တာ၀န်ယူတဲ့ ဘုန်းတော်ကြီး ဆုံးပါးသွားတဲ့အခါ တာ၀န်ယူမယ့်လူမရှိတဲ့ ဂေဟာကို ဖျက်သိမ်းပြီး ကလေးတွေကိုလည်း အခြားဂေဟာတွေဆီပိုဖို့ လုပ်ခဲ့ပါတယ် ...ဒါပေမယ့် ဘတ်ဒုံဂူနဲ့ ဂင်ဆယ်ဟာတို့ကတော့ အမီခိုကင်းလွတ်ခွင့်တင်ပြီး ညီအစ်ကို ၂ ယောက် မခွဲရဖို့ ဂေဟာ မဖျက်သိမ်းရဖု့ိ ကြိုးစားခဲ့ပါတယ်..သူတို့ညီအကို (၂)အဲ့ဒီလိုကြိုးစားစဉ်မှာပဲ သူတို့လုံးဝမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်....File ...
movie

Inseparable Bros(2019)

2019
Innocence ( 2020 ) 6.5
Innocence ( 2020 ) ဒီဇာတ်ကားက ၂၀၁၉ခုနှစ်ကထွက်ရှိထားတဲ့ ရှေ့နေတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Angel’s Last Mission ထဲကမင်းသမီးShin Hye-sun ကအဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြုှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။လူတွေရဲ့စရိုက်၊လောဘစိတ်၊အတ္တစိတ်တွေကိုလည်းပေါ်လွင်အောင်ရိုက်ပြထားပြီးအမှန်တရားဆိုတာ ဘယ်လောက်ဖုံးကွယ်ထားပါစေ တစ်ချိန်မှာပေါ်ပေါက်လာနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုလည်းပေးထားပါတယ်။သရုပ်ဆောင်တွေကလည်းတကယ်သရုပ်ဆောင်ကောင်းသလို တရားရေးဥပဒေနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့ ညွှန်းဆိုပေးချင်ပါတယ်။Translated & Review By Moe PwintEncoded By LK
movie

Innocence ( 2020 )

Bad Guys Always Die (2015) 5.8
Bad Guys Always Die (2015) Bad Guys Always Die (2015) ==================ရည်းစားပစ်ထားတာခံရပြီးနောက် တရုတ်ကနေ ကိုရီးယားကိုထွက်လာခဲ့ပြီး ဘူဆန်မှာ အေးအေးလူလူ တစ်ယောက်တည်းကလေးတွေကို တရုတ်စာသင်ပေးရင်းနေထိုင်နေတဲ့ ချန်းဇီ တစ်ယောက်....တစ်နေ့မှာ အတွေ့တာကြာပြီဖြစ်တဲ့ တရုတ်ကသူငယ်ချင်းတွေနဲ့တွေ့ပြီး ဂျယ်ဂျူဒိုကို အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်ဂျယ်ဂျူဒိုစရောက်တဲ့နေ့မှာပဲ လမ်းမှာကားအက်စီးဒင့်ဖြစ်ပြီး မေ့နေတဲ့မိန်းမတစ်ယောက်ကို ကယ်မိရာမှ သူတို့ရဲ့ပျော်စရာဂျယ်ဂျူဒိုခရီးစဉ်ကနေ ထိုမိန်းမရဲ့ ဇာတ်ထုပ်အရှုပ်ထဲကို ရောက်သွားကြတဲ့အခါ...ထိုမေ့နေတဲ့မိန်းကလေးကရော ဘယ်သူလဲ...သူတို့ကရော ဘယ်လို တလွဲတွေလုပ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြပါ ။ဒီဇာတ်ကားကတော့ Action , Comedy အမျိုးအစား ဖြစ်ပါတယ် ။( အညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Myat Thinn ဖြစ်ပါတယ် ) [Unicode]Bad Guys Always Die (2015) ==================ရည်းစားပစ်ထားတာခံရပြီးနောက် တရုတ်ကနေ ကိုရီးယားကိုထွက်လာခဲ့ပြီး ဘူဆန်မှာ အေးအေးလူလူ တစ်ယောက်တည်းကလေးတွေကို တရုတ်စာသင်ပေးရင်းနေထိုင်နေတဲ့ ချန်းဇီ တစ်ယောက်....တစ်နေ့မှာ အတွေ့တာကြာပြီဖြစ်တဲ့ တရုတ်ကသူငယ်ချင်းတွေနဲ့တွေ့ပြီး ဂျယ်ဂျူဒိုကို အားလပ်ရက်ခရီးထွက်ခဲ့ပါတယ်ဂျယ်ဂျူဒိုစရောက်တဲ့နေ့မှာပဲ လမ်းမှာကားအက်စီးဒင့်ဖြစ်ပြီး ...
movie

Bad Guys Always Die (2015)

2015
Montage ( 2013 ) 7.5
Montage ( 2013 ) IMDb 7.4 ရထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်းကတော့တောင်ကိုရီးယားနိုင်ငံမှ ၂၀၁၃ ခုနှစ်မှာ ဖန်တီးရိုက်ကူးထားတဲ့မှုခင်းရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။Uhm Jung-hua , Kim Sang-kyun နဲ့ Song Young-chang တို့ကိုအဆိုပါ Thriller Movie ရဲ့ အဓိကဇာတ်ဆောင် အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။၂၀၁၆ မှာ Montage ရုပ်ရှင်ကားကိုပဲ Hindi မှာ Offciallyပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းလေးကတော့ပြန်ပေးဆွဲသမားတစ်ဦးဟာ လွန်ခဲ့သော၁၅နှစ်တည်းက သဲလွန်စတစ်စုံတစ်ရာမကျန်ခဲ့ပဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အမှုရဲ့နောက်ကြောင်းမပြန်ရ ကာလပြည့်ဖို့ ၅ရက်အလိုမှာ တစ်စုံတစ်ယောက်ဟာအခင်းဖြစ်ပွားရာနေရာမှာ တိတ်တဆိတ် ပန်းပွင့်လေးတစ်ပွင့်ကိုထားသွားခဲ့ပါတယ်။ ရက်ပေါင်းအနည်းငယ်အကြာမှာ တူညီတဲ့ပစ်မျတ်မှာပဲ တူညီတဲ့ ပြန်ပေးဆွဲမှုဟာ တူညီသော နည်းလမ်းကိုအသုံးပြုပြီးတော့ ဖြစ်ပွားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာ ၄င်းရဲ့ရှေ့မှာဖြစ်ပွားခဲ့တဲ့ အမှုကို နောက်ကြောင်းမပြန်ရကာလအတွင်းမရောက်ရှိသေးမီ အလျင်အမြန်ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်ကြပါတော့တယ်။စုံထောက် Kim Sang-kyun ဟာ အကြံဉာဏ်ရယူခဲ့ပြီးတော့အဆိုပါအမှုကို တူညီတဲ့ အမှုအဖြစ် အတည်ပြုလိုက်ပါတယ် ။နောင်အခါမှာ အဆိုပါကိစ္စဟာ ကလေးရဲ့ အဘိုးဖြစ်သူSong ...
movie

Montage ( 2013 )

2013
The Tower (2012) 6.6
The Tower (2012) The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...  File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie

The Tower (2012)

2012