Channel Myanmar

Park Ha-sun

Ditto (2022) 8.2
Ditto (2022) Ditto (2022)လက်ရှိကြောင့်ပဲ အတိတ်ကပြောင်းလဲသွားတာလား၊ အတိတ်ကြောင့်ပဲ လက်ရှိဖြစ်လာသလား"အချိန်တွေကို ကျော်လွန်ပြီး အချိန်ခရီးသွားတယ်ဆိုတာကို စိတ်ကူးယဉ်ဖူးတဲ့သူတွေအတွက်ကတော့ တကယ်ကို စိတ်ကူးယဉ်လို့ကောင်းမယ့် လွမ်းဆွတ်စရာဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Ditto ကို ပြန်ရိုက်ကူးထားတယ်ဆိုပေမဲ့ ဒါရိုက်တာတွေရဲ့ ပုံဖော်မှုမှာတော့ တစ်ခုနဲ့တစ်ခုမတူအောင် ပြသွားတာတွေကို ခံစားရမှာပါစကားပြောစက်ကနေစခဲ့တဲ့ ဇာတ်လမ်းကတော့ ၁၉၉၉ ခုနှစ်က ဂင်ယုံး နဲ့ ၂၀၂၂ ခုနှစ်မှာရှိနေတဲ့ ကျောင်းသူမူနီးတို့က အချင်းချင်းဆက်သွယ်ကြရင်း ဆန်းကြယ်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ရပါတော့တယ်စကားပြောစက်ကနေပဲ သူငယ်ချင်းဖြစ်လာတဲ့ သူတို့နှစ်ယောက်ဟာ အချစ်ရေးအချစ်ရာတွေ အိပ်မက်အကြောင်းတွေ တိုင်ပင်ကြရင်းနဲ့ အတိတ်ဆိုတာကို ပြောင်းလဲပစ်လို့မရဘူးဆိုတာကို သိလာတဲ့အခါမှာတော့ ဘဝတွေ တစ်ဆစ်ချိုးခဲ့ပါပြီ...Cast တွေအနေနဲ့ကတော့ ပြောစရာမလိုအောင် ကောင်းပြီးသား၊ အကုန်လုံးကလည်း မျှော်နေကြတဲ့ ဇာတ်လမ်းလေးဆိုတော့ ခံစားကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy, Romance Quality…. 1080p | 720p | 480p File size… ...
movie

Ditto (2022)

2022
Go Back (2021)
Go Back (2021) Go Back (2021)"လောကကြီးမှာ မွေးဖွားလာတဲ့ ကလေးတွေအကုန်လုံး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ထိုက်တန်ပါတယ်"ဆိုးလ်မြို့မှာ ထူးဆန်းတဲ့ "ဝမ် ၁၀၀၀ ပြန်ပေးဆွဲမှု" ဆိုတာ ပေါ်လာခဲ့ပါတယ်။ ပြည်သူတစ်ဦးကို ဝမ် ၁၀၀၀ ပို့ပေးဖို့ နဲ့ အဲဒီငွေတွေကို စုပြီး တစ်ပတ်အတွင်း ဝမ်၁သန်း ပြည့်အောင် မပေးနိုင်ရင် ပြန်ပေးဆွဲထားတဲ့ ကလေးကို သတ်ပစ်မယ်ဆိုပြီး မထင်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုပါပဲ။လူမှုဝန်ထမ်းတစ်ဦးဖြစ်တဲ့ အူဆွန်း ကနေ စောင့်ရှောက်ပေးနေတဲ့ ဘိုရာဆိုတဲ့ ကလေးတစ်ယောက် ရှိပါတယ်။ အဲဒီကလေးကို သူ့အဖေက ညှင်းပန်းနှိပ်စက်တယ်လို့ အူဆွန်းက သံသယဝင်လို့ သူ့အဖေနဲ့ အူဆွန်း ပြဿနာ ဖြစ်ခဲ့ဖူးပါတယ်။ တစ်နေ့မှာတော့ ဘိုရာ့အဖေ ရုတ်တရက် အသတ်ခံရပြီး ဘိုရာလည်း ပျောက်သွားခဲ့ပါတယ်။ဘိုရာ့အဖေ သေဆုံးမှုကို စုံစမ်းနေတဲ့ ရဲဝန်ထမ်းတွေက အူဆွန်းကို သံသယဝင်လာသောအခါမှာတော့ .....သည်းထိတ်ရင်ဖိုဇာတ်ကားတွေကိုမှ ကြိုက်နှစ်သက်တတ်သူတွေအတွက် ခံတွင်းတွေ့စေမယ့် ကိုရီးယား Crime, Drama ကားကောင်းတစ်ကားပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Yeong ...
movie

Go Back (2021)

Midnight Runners (2017) 7.3
Midnight Runners (2017) ဒီတခေါက်တော့ Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တောင်ကိုရီးယားမင်းသား‌‌ေချာ Park Seo-Joonပါဝင် သရုပ်ဆောင်ခဲ့တဲ့ Midnight Runners ဆိုတဲ့ action, comedy ကားလေးကို တင်ဆက်လိုက်ပါပြီIMDB rating 7.3 နဲ့ .Rotten Tomatoes 100% ရရှိထားပါတယ်တောင်ကိုရီးယားမင်းသားချော Kang Ha-neul နဲ့အတူ ရိုက်ကူးထားပြီး 2017 ခြနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းလေးကတော့ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲနဲ့ ရဲတက္ကသိုလ်ကို ရောက်လာကြတဲ့ အူကြောင်ကြား ကောင်လေး ၂ ယောက် အကြောင်းကို ရိုက်ပြထားတာပါPark Seo-Joon ကတော့ အစားမက်တဲ့ကောင်လေး ဂီဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Kang Ha-neul က သန့်ရှင်းရေးကျန်းမာရေးနဲ့ ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မှန်ကြောင်လေး ဟီရောအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် ...
movie

Midnight Runners (2017)

2017
Miracle of Giving Fool(2008) 7.5
Miracle of Giving Fool(2008) Miracle of Giving Fool(2008) IMDb...7.5 ဆံပင်က ဖွာလန်ကျဲ ..လမ်းလျောက်ပုံက ကိုယ့်ရို့ကားယား...ပါးစပ်ကလည်း တစ်ချိန်လုံးပွစိ ပွစိနဲ့....ရေမချိုးတာကြာတော့ သူ့အနားတော်ရုံလူမကပ်ချင်ပြန်... သို့ပေမယ့် သူ့မျက်နှာက တစ်ချိန်လုံးနီးပါးပြုံးနေတယ်... သူ့နာမည်က ဆွန်းယောင်တဲ့...တစ်ရွာလုံးကတော့ သူ့ကို အရူးဆွန်းယောင်လို့ခေါ်တယ်.. .... သူ့မှာ ညီမလေးတစ်ယောက်လည်းရှိတယ်...အဖေနဲ့အမေကတော့ဆုံးသွားရှာတော့ ဒီညီမလေးကိုသူပဲစောင့်ရှောက်နေရတယ်... သာမန်လူတစ်ယောက်လို တွေးခေါ်စဉ်းစားမှုမပြုနိုင်ပေမယ့်  သူ့ခေါင်းထဲမှာ အရေးကြီးဆုံးအချက်မှတ်သားပြီး တတ်နိုင်သလောက်အကောင်အထည်ဖော်နေတယ်.. အဲ့ဒါတွေကတော့ ညီမလေးကျောင်းနေဖို့ နဲ့ တစ်ခုခုဖြစ်ရင်ဆေးကုဖို့ မုန့်ရောင်းပိုက်ဆံရှာရမယ်...ညီမလေးအတွက်မနက်စာပြင်ရမယ်..အခန်းထဲကိုညီမလေးရောက်မရောက်ကြည့်ရမယ်... သူသိပ်သဘောကျခဲ့တဲ့ ကျောင်းနေဖက်သူငယ်ချင်းမလေး ရွာပြန်အလာကိုမျှော်မယ်... ဒီကားက ကိုးရီးယားဒရမ်မာမင်းသား Tae-Hyun Cha  က အရူးဆွန်းယောင်လေးနေရာမှာသရုပ်ဆောင်ထားတယ်... အူကြောင်ကြောင် သနားစဖွယ် ဇာတ်ရုပ်မျိုးဆို အပိုင်နိုင်ဆုံးသရုပ်ဆောင် နိုင်သူလို့တောင်ခေါ်ရမယ်ထင်တယ်... ခင်ဗျားတို့ရဲ့နှလုံးသားဟာ ဒီကားမကြည့်ခင်မှာရော စကြည့်ကြည့်ချင်းမှာရော  တော်ရုံကိစ္စကို မထေ့မဲ့မြင်လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မယ်... သို့ပေမယ့် ဒီကားကြည့်ပြီး မိနစ်(၂၀)လောက်ကြာတဲ့အချိန်မှာ ကမ္ဘာပေါ်မှာ အနူးညံဆုံးနှလုံးသားတစ်ခုကို ကိုင်ဆောင်ပြီး ဆွန်းယောင်ရဲ့နောက်ကိုလိုက်နေရပါ့လားလို့ ကိုယ့်ကိုကိုယ် သတိထားမိသွားလိမ့်မယ်... တစ်ခါတစ်ရံ  ဇာတ်ကားကြည့်နေတဲ့အချိန် ဖန်သားပြင်ဟာ ဘယ်သိပ္ပံပညာရှင်မှအဖြေမထုတ်နိုင်သေးတဲ့ မျက်လုံးပြသနာကြောင့်ေ၀၀ါးသွားလိမ့်မယ်... ကိုင်းခံစားကြည့်လိုက်ပါဦးနော်....  File Size : (887 MB) and (343 MB) Quality :DvD-Rip Format…mp4 Duration…01:30:00 Genre :  Comedy, Romance Subtitle : Myanmar Subtitle ...
movie


2008