Channel Myanmar

Park Hyoung-soo

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
Confidential Assignment 2: International (2022) 6.9
Confidential Assignment 2: International (2022) Confidential Assignment 2 : Internationalအားလုံးစောင့်မျှော်နေကြတဲ့ Hyun Bin နဲ့ Yoona တို့ရဲ့ ရုပ်ရှင်ဇာတ်ကားသစ် Confidential Assignment 2 ရပါပြီပုံမှန်မြင်တွေ့နေကြ တောင်ပိုင်းနဲ့မြောက်ပိုင်း အငြင်းပွားကြတဲ့ ဇာတ်ကားမျိုးမဟုတ်ဘဲ တောင်နဲ့မြောက် ပူးပေါင်းပြီး တရားခံဖမ်းဆီးကြမယ့် ရုပ်ရှင်ကားဖြစ်တာမို့ Plot ဆန်းဆန်းနဲ့ Criminal Action ကားမျိုးကို ကြိုက်နှစ်သက်သူတွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲဇာတ်လမ်းအကျဉ်းကတော့_ မြောက်ကိုရီးယားအကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးမယ့် မြောက်ကိုရီးယားစုံထောက်အင်းချောရောင်းဟာ တောင်ကိုရီးယားစုံထောက်ဂန်ဂျင်ထယ်နဲ့ အတူတူပူးပေါင်းခဲ့ပါတယ်ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့နှစ်ဦးကို FBI စုံထောက်တစ်ဦးဖြစ်တဲ့ ဂျက် က လိုက်လံဖမ်းဆီးနေခဲ့ပြန်ပါတယ်ဒီလို‌နဲ့ ပြေးတမ်းလိုက်တမ်း ကစားကြရင်း ထင်မှတ်မထားတဲ့အခြေအနေတစ်ခုကြောင့် ဂျက် ဟာ အင်းချောရောင်းတို့နဲ့ ပူးပေါင်းဖို့ဖြစ်လာတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦးHyun Bin နဲ့ Daniel Henney တို့ရဲ့ ခပ်မိုက်မိုက် Action Scenes တွေနဲ့ Yoona ရဲ့ ပေါ့ပေါ့ပါးပါး ကာရိုက်တာလေးအပြင် Criminal Action ...
movie

Confidential Assignment 2: International (2022)

2022
The Bad Guys: Reign of Chaos (2019) 6.5
The Bad Guys: Reign of Chaos (2019) The Bad Guys: Reign of Chaos (2019)အညွှန်း********************************************မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Chလေးနဲ့ တင်ဆက်ပေးထားပါတယ်...မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကိုကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကိုကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Bad Guys: Reign of Chaos (2019)

Secret Zoo(2020) 6.3
Secret Zoo(2020) Secret Zoo(2019)(unicode)ဒီဇာတ်ကားလေးက 2020 ဇန်နဝါရီလကပဲ ရိုက်ကူးပြီးစီးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး IMDB ကတော့ 10 out of 6.3 ရထားပါတယ်။ Runningman ကြည့်တဲ့သူတွေဆို လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က ဇာတ်ကား promotion အတွက်ဒီဇာတ်ကောင်တွေ လာသွားတာကိုမှတ်မိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကြောင်းအရာလေးကတော့ရှေ့နေတစ်ယောက်ဖြစ်သူ ဂန်းထယ်ဆူက ရှေ့နေအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ JH မှာတရားဝင်ဝန်ထမ်းဖြစ်ဖို့ အမြဲအိမ်မက်နေခဲ့သူပါ။တစ်နေ့တော့သူ့အတွက် တရားဝင်ဝန်ထမ်းဖြစ်ဖို့အခွင့်အရေးတစ်ခုကလည်း ကျရောက်လာပါတယ်။အဲ့ဒါကတော့ အကြွေးနဲ့သိမ်းခံရတော့မယ့် နိုင်ငံခြားက ဝယ်ယူထားတဲ့တိရိစ္ဆာန်ရုံတစ်ခုကို ဦးစီးပေးဖို့ကုမ္ပဏီကခိုင်းစေလာပါတယ်။ကြည့်ရင်တော့လွယ်တယ်ထင်ရပေမယ့် တကယ်သွားကြည့်တဲ့အခါမှာတော့ ထူးခြားတာက အဲ့တိရိစ္ဆာန်ရုံမှာ ပြစားလို့ရတဲ့ တိရိစ္ဆာန် တစ်ကောင်မှမရှိတာပါပဲ။ကျန်တဲ့ အသေးအမွှားတိရိစ္ဆာန်လေးတွေပဲ ကျန်ခဲ့ပြီး တခြား တန်ဖိုးကြီးတိရိစ္ဆာန်တွေကအကြွေးကြောင့် ရောင်းစားခံလိုက်ရတဲ့ အခြေအနေပါ။အဲ့ဒီလို ပြစားစရာတိရိစ္ဆာန်တောင်မရှိတဲ့ တိရိစ္ဆာန်ရုံကြီးကို ဂန်းထယ်ဆူကို ၃လအတွင်းဦးစီးပြီး အကြွေး သိန်းတစ်သောင်းကို JH ကဆပ်ခိုင်းထားပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်တွေမရှိတဲ့ တိရိစ္ဆာန်ရုံကိုဦးစီးပြီး အကြွေးဆပ်ဖို့ရှိသမျှအကြံထုတ်ရပါတော့ပါတယ်။ဂန်းထယ်ဆူတစ်ယောက် တိရိစ္ဆာန်ရုံကြီးကို ဘယ်လိုလည်ပတ်အောင်လုပ်မလဲ။အကြွေး ဘယ်လိုဆပ်မလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာကြည့်စေချင်ပါတယ်။။ပိတ်ရက်မှာဒီကားလေးနဲ့ ရယ်မောပြီးအနားယူခံစားကြည့်စေချင်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ...
movie

Secret Zoo(2020)

Hit-and-Run Squad (2019) 5.7
Hit-and-Run Squad (2019) ၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Hit-and-Run Squad ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် အွန်းစီယွန်းဟာ ရဲမှူးကြီးပတ်ခ်ရဲ့ လာဘ်စားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သက်သေမခိုင်လုံတာကြောင့်တိုက်ပြေးအမှုတွေကိုင်တဲ့ဌာနကိုရာထူးချရွှေ့ပြောင်းခံခဲ့ရပါတယ်..` ထိုဌာနမှာအရမ်းတော်တဲ့ရဲတပ်သား ဆူမင်ဂျေးနဲ့တွေ့ဆုံခဲ့ပြီးတော့တိုက်ပြေးအမှုတွေကို အတူတူဖြေရှင်းခဲ့ရင်းနဲ့ ပဟေဠိဆန်တဲ့အမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်သူတို့စုံစမ်းစစ်ဆေးရင်းနဲ့ အဲဒီတိုက်ပြေးမှူှူ့သေးသေးလေးဟာ အကြီးကြီးလာဘ်ပေးသူဖော်မြူလာဝမ်းပြိုင်ကားကွင်းပိုင်ရှင် ဂျန်ဂျယ်ချောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာပါတယ် အွန်းစီယွန်းအနေနဲ့ သူ့နဂိုမိခင်ဌာနရဲ့တာဝန်ကိုထမ်းဆောင်ရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတွေ့ကြုံလာရချိန်မှာတော့ အရာအားလုံးဟာ ရှု့ပ်ထွေးကုန်ပါတော့တယ် အရှောင်အတိမ်းတော်လွန်း အဆက်အသွယ်ကောင်းလွန်းကားမောင်းပြိုင်တာတော်လွန်းတဲ့ဂျန်ဂျယ်ချောင်းကို ဘယ်လိုတွေ ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီးဖမ်းဆီးကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ကားမောင်းပြိုင်တဲ့အခန်းမှာလည်းတိုက်လိုက်တဲ့ကားတွေမှ သောက်သောက်လဲပါပဲ :3 ကားမောင်းပြိုင်တာတွေရော ချတာတွေရော ရယ်စရာရောဝမ်းနည်းစရာရောပါတဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဆိုတော့ အာမခံပါတယ် File Size : (1 GB) & ( 258 MB)Quality : 720p HDRipRunning Time : 2 hr 13 minFormat : Mp4Genre :  Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by ...
movie

Hit-and-Run Squad (2019)

2019
Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018) IMDb - 7.5/10_____Rotten - 63%  အကဝါသနာအိုများနဲ့ ကိုရီးယားဒရာမာ ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ၂၀၁၈ထွက် Swing Kids ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်… IMDb – 7.5/10 တောင်ရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်  Tap dance ဆိုတာ အမေရိကန်တွေကကြတဲ့ ဖိနပ်နဲ့ကြမ်းပြင်ကိုထိခတ်ဆော့ကစားပြီး စည်းချက်လိုက်ကရတဲ့ အကတစ်မျိုးပဲဖြစ်ပါတယ်..၊၁၉၅၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်တို့ပါစစ်ပွဲထဲ ပါဝင်လာခဲ့ပြီးစစ်ပွဲကြောင့်ဖြစ်လာတဲ့ POW လို့ခေါ်ကြတဲ့ စစ်သုံ့ပန်း အကျဉ်းသားတွေကို ကိုဂျေကျွန်းပေါ်မှာ စခန်းတွေဆောက်ပြီး ထိန်းသိမ်းထားရှိခဲ့ကြပါတယ်…အဲ့ဒီအကျဉ်းသားတွေနဲအတူ အမေရိကန်စစ်သားတွေလည်း ကျွန်းပေါ်အတူရှိနေခဲ့ပြီး အထက်မှာပြောပြခဲ့တဲ့ဖိနပ်စည်းချက်လိုက်အကကို ရူးသွပ်တဲ့ လူမည်းအမေရိကန်စစ်သားတစ်ဦးပါ စစ်တပ်နဲ့အတူပါလာခဲ့ပါတယ်…တစ်နေ့ ကိုရီးယားကွန်မြူနစ်လူငယ်လေးတစ်ဦးဟာ လူမည်းစစ်သား အဲ့ဒီအကကနေတာကိုမြင်ပြီး စိတ်ဝင်စားသွားရာကနေအမေရိကန်နဲ့ပတ်သက်သမျှ တင်းကျပ်ထားတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းထဲမှာဒီအကကို လူငယ်လေးဘယ်လိုတတ်မြောက်ဖို့ကြိုးစားခဲ့သလဲ မြင်တွေ့ရမှာပါ….ဇာတ်ကားထဲမှာ အကတွေသီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ရမှာဖြစ်ပြီးဂီတဆိုတာ အယူဝါဒစည်းဘောင်တွေကိုကျော်လွန်ပြီး စီးဆင်းတယ်ဆိုတဲ့အချက်လေးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်…ကြည့်ရှုခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)  File Size : (981 MB) Quality ...
movie

Swing Kids (2018)

2018