Channel Myanmar

Park Won-sang

The Uninvited (2003) 5.8
The Uninvited (2003) ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ်အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရောအဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ်သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့...။မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော်( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain
movie

The Uninvited (2003)

The Art of Fighting (2006) 6.6
The Art of Fighting (2006) The Art of Fighting (2006)ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။Genre..... Action, ...
movie

The Art of Fighting (2006)

2006
12.12: The Day(2023)
12.12: The Day(2023) 12.12: The Day(2023)*******************ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ  ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်..ကိုရီးယားသမိုင်းရဲ့  မမေ့နိုင်စရာကောင်းတဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ဆိုတဲ့အတွက်ကြောင့်ဒါရိုက်တာဟာ နာမည်ကြီးသရုပ်ဆောင်တွေ နဲ့ စစ်ဘက်သုံးဆိုင်ရာ လက်နက်တွေ အသုံးအဆောင်တွေသံချပ်ကာ တိုက်ယာဉ်တွေအများကြီးသုံးပြီးရိုက်ကူးထားသလို ရုံတင်ဝင်ငွေဟာလည်း ဒေါ်လာသန်း ၁၀၀နီးပါးပြန်လည်ရရှိခဲ့ပါတယ်...ဒီကားကတော့ သရုပ်ဆောင်တွေ မိုက်တယ်ဆိုပြီးကြည့်လိုက်ရုံနဲ့ဘာမှာနားလည်မှာမဟုတ်ပါဘူး...ကိုရီးယားမှာလက်ရှိသမ္မတယွန်းဆော့ဂယောအပါအဝင် စုစုပေါင်း သမ္မတ ၁၃ယောက်အထိတာဝန်ထမ်းဆောင်ခဲ့တယ်...လက်ရှိတာဝန်ထမ်းဆောင်နေတဲ့သမ္မတနဲ့ ၁၂ယောက်မြောက်ကလွဲလို့ ကျန်တဲ့သမ္မတ ၁၁ယောက်လုံးဟာ ဆူဆိုက်လုပ်တဲ့သူ အခြားနိုင်ငံကိုထွက်ပြေးတဲ့သူအာဏာသိမ်းခံရတဲ့သူနဲ့ ထောင်ကျခဲ့တဲ့ သူတွေချည်းပါပဲ...ဒါ့ကြောင့် အိမ်ပြာတော်ကျိန်စာလို့ ကိုရီယားတွေက ခေါ်ဆိုကြတယ်လို့ဆိုတယ်...အခုဖြစ်ရပ်က (၃)ယောက်မြောက် သမ္မတဘတ်ဂျောင်ဟီး ကို KCIAက လုပ်ကြံပြီးနောက်ပိုင်းကိုဆက်ပြထားတာဖြစ်ပါတယ်..ဒီအကြောင်းကိုသိချင်ရင် မင်းသားကြီး လီဗြောင်ဟွန်းအဓိကပါဝင်ထားတဲ့  The Man Standing Next(2020)ကားကို ကြည့်လိုက်ပါ...ဒီကားကြည့်ဖူးတဲ့သူတွေကတော့ 12.12: The Day(2023) ကိုဆက်ကြည့်လို့အဆင်ပြေပါတယ်..မကြည့်ရသေးလည်း  အကြောင်းအရာကိုသိရုံနဲ့ ဆက်ကြည့်လို့ရပါတယ်..ဆိုတော့ ဘတ်ဂျောင်ဟီး ကွယ်လွန်ပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ်နဲ့တာဝန်ထမ်းဆောင်ချိန်နဲ့စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာထားတဲ့ကာလဆိုတော့နိုင်ငံရဲ့အခြေအနေက အကောင်းဆုံးနဲ့အဆိုးဆုံးကာလကို အကူးပြောင်းနိုင်ဆုံးကာလပေါ့...ဒီလိုဖရိုဖရဲကာလမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ကြည့်သင့်တဲ့ကားပါ...တန်ပါတယ်...  File Size : (2.02GB) and ...
movie

12.12: The Day(2023)

[18+] Bewitching Attraction (2016) 4.2
[18+] Bewitching Attraction (2016) Bewitching Attraction (2006)CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ်ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါမမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါမမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason
movie

[18+] Bewitching Attraction (2016)

2006
Secret(2009) 7.0
Secret(2009) Secret(2009)***********အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်..သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး...ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး...ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်...တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်..ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်...အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်...ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့်သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(2.8GB) and (855MB) Quality :NF.WEB-DL.1080P5.1Ch,720p Format…mp4 Duration…01:45:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mya Thet Encoded by Phyo ...
movie

Secret(2009)

The Point Men (2023) 6/8
The Point Men (2023) The Point Men (2023)Korea ကားကို Korea ကားနဲ့မတူအောင် ရိုက်ပြထားနိုင်တဲ့ The Point Men!ဇာတ်လမ်းအကျဉ်းကတော့ အာဖဂန်နစ္စတန်ဘက်ကို ခရီးသွားရင်း တာလီဘန်လက်နက်ကိုင်တွေရဲ့ဓားစာခံဖြစ်သွားခဲ့တဲ့ ကိုရီးယားလူမျိုး ၂၃ ဦးကို ကြိုးစားကယ်တင်မယ့် သံတမန်တစ်ဦးနဲ့ NIS Agent တစ်ဦးတို့အကြောင်းကို ရိုက်ကူးထားတာပါ။အာဖဂန်နစ္စတန်နိုင်ငံဘက်မှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရပ်တွေကို မီးမောင်းထိုး ပြပေးထားတဲ့အပြင် သံတမန်ရေးရာရဲ့ ရှုပ်ထွေးတဲ့အကြောင်းတရားတွေ၊ အာဖဂန်ဒေသရဲ့ ဘာသာရေးယုံကြည်ချက်တွေ၊ လူမျိုးရေးအစွဲအလမ်းကြီးမှုတွေကိုပါ အနုစိတ် ရိုက်ကူးတင်ပြပေးထားတာဖြစ်လို့ အက်ရှင်စစ်စစ်ကြိုက်တဲ့ ပရိသတ်ကြီးအတွက် လုံးဝကြည့်ပျော်စေမယ့် ဇာတ်ကားတစ်ကားပါပဲ။Casts တွေအနေနဲ့ကလည်း မင်းသားကြီး Hyun Bin, Hwang JungMin နဲ့ Kang Ki-Young တို့လို ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေပဲ ပါဝင်ထားတာဆိုတော့ ကြည့်ဖြစ်အောင်ကြည့်ကြပါလို့ ပြောချင်ပါတယ်။အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, Thriller Quality…. ...
movie

The Point Men (2023)

2023
The Bad Guys: Reign of Chaos (2019) 6.5
The Bad Guys: Reign of Chaos (2019) The Bad Guys: Reign of Chaos (2019)အညွှန်း********************************************မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Chလေးနဲ့ တင်ဆက်ပေးထားပါတယ်...မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကိုကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်…ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကိုကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်…ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့်ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကိုလိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်….File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by ...
movie

The Bad Guys: Reign of Chaos (2019)

Little Forest (2018) 7.2
Little Forest (2018) Little Forest (2018) ဇာတ်လမ်းအညွှန်းIMDb 7.2 ရရှိထားပြီး သဘာဝကျေးလက်အလှတရားတွေနဲ့ ဘဝနေပျော်မှုလေးတွေကို အနုပညာမြောက်စွာပြသထားတဲ့ ဒီကားလေးကို ခံစားကြည့်လိုက်ပါဦး။ မင်းသမီးကလည်း လက်ရှိချိန်မှာ အားလုံးရဲ့ အသဲကျော် နာဟီးဒို (Kim Tae-ri) ပါခင်ဗျ။(အရင်က တင်ဆက်ပေးခဲ့ဖူးပြီးသား ကားကောင်းလေးပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ video quality ကော subtitle  quality ပါ ပိုမိုကောင်းမွန် ပြီးပြည့်စုံအောင်ပြင်ဆင်ပြီး ပြန်လည် တင်ဆက်ပေးခြင်း ဖြစ်ပါတယ်။)လူတစ်ယောက်ရဲ့ဘဝ တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့် ပြောင်းလဲရမယ်ဆိုတာရယ်၊ ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကြားနေရပါတယ်။တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျ ဖြစ်သွားကြသလို တစ်ချို့သူတွေကျတော့ ပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြဘဲ ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက် ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းတဲ့အခါ ...
movie

Little Forest (2018)

2018
Tabloid Truth (2014) 6.3
Tabloid Truth (2014)  Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

Tabloid Truth (2014)

The Throne(2015) 7.1
The Throne(2015) 2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB /  Quality…1080p Blu Ray DTS 5.1Ch /  Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie

The Throne(2015)

2015
R-Point (2004) 6.3
R-Point (2004) ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။  File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie

R-Point (2004)

May 18 (2007) 7.1
May 18 (2007) [Unicode]ဒီဇာတ်လမ်းကတော့ 1980 ခုနှစ် မေလ ၁၈ ရက်မှာ ဂွမ်ဂျူပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အရေးအခင်းအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ် ဗိုလ်ကြီး Chun Doo Hwan လက်ထက် သူပုန်တွေကိုတိုက်ထုတ်ဖို့အတွက် စစ်တပ်အာဏာနဲ့နှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အကြောင်းလေးပါအေးချမ်းနေတဲ့မြို့တစ်မြို့မှာ ရုတ်တရက်ဆိုသလို သူပုန်တွေကိုတိုက်ထုတ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်တွေချီတက်လာပြီး ရှိသမျှလူတိုင်းကို ရိုက်စစ်မေးမြန်းပါတော့တယ်Min Woo ရဲ့တစ်ဦးတည်းသော ညီလေး Jun Woo တစ်ယောက် သူငယ်ချင်းဖြစ်သူ မတရားသဖြင့်သေဆုံးခဲ့ရတာကို ဒေါသထွက်ပြီး တက္ကသိုလ်ကျောင်းသားတွေပါဝင်တဲ့ ဆန္ဒဖော်ထုတ်မှုကြီးကို ဦးဆောင်ပြီး ချီတက်ခဲ့ပါတော့တယ်ပြည်သူတွေပါ ပါဝင်ပြီးတော့ဆန္ဒပြခဲ့ရာက စစ်တပ်ကြီးပြန်ဆုတ်သွားပြီအထင်နဲ့ ပျော်ရွှင်နေတဲ့အချိန်မှာ စစ်တပ်ဘက်ကနေ သေနတ်တွေနဲ့စတင်တိုက်ခိုက်ခဲ့တဲ့နောက်...ရုန်းရင်းဆန်ခတ်တွေဖြစ်ရင်းကနေ Jun Woo တစ်ယောက်သေနတ်ပစ်ခံထိပြီး သေဆုံးခဲ့ရပါတော့တယ် အဲ့အချိန်မှာ Min Woo တစ်ယောက် ကြေကွဲမဆုံးဖြစ်ပြီး ဂွမ်ဂျူမြို့သူမြို့သားတွေနဲ့ပူးပေါင်းကာ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ပြီး ပဋိပက္ခတွေကို ဘယ်လိုအဆုံးသတ်စေမလဲဆိုတာကတော့ စောင့်ကြည့်ခံစားလိုက်ကြပါဦး...။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ပါ ) [Zawgyi]ဒီဇာတ္လမ္းကေတာ့ 1980 ...
movie

May 18 (2007)

My Dear Desperado (2010) 6.8
My Dear Desperado (2010) [Unicode]2010 (31st) Blue Dragon Film Awards မှာ ဒီဇာတ်ကားရဲ့ Best New Director ဆုကိုရရှိခဲ့ပြီး မင်းသမီး Jung Yu-Mi လည်း 2011 (33rd) Golden Cinematography Awards ပွဲမှာ Best Actress ဆုကို ရရှိခဲ့ပါတယ် ။ ပုံမှန်ကြည့်နေကျ Comedy-Romane တွေလိုမဟုတ်ပဲ တစ်မျိုးကွဲထွက်နေတာမို့ ပရိတ်သတ်တွေ အကြိုက်တွေ့လောက်မယ်ထင်ပါတယ်ဇာတ်လမ်းအကျဉ်းဆယ်ဂျင်းဟာ နယ်မြို့လေးတစ်မြို့မှာနေထိုင်ပြီး အဲ့မြို့က တက္ကသိုလ်ကနေပဲ ဘွဲ့ရခဲ့ပါတယ် ဆိုးလ်ကို သွားပြီး အလုပ်လုပ်ကိုင်လိုတာကြောင့် ဖခင် တားမြစ်တဲ့ ကြားကနေပဲ ဆိုးလ်မှာ အလုပ်လုပ်ဖို့ ရောက်လာခဲ့ပါတယ်Company တစ်ခုမှာ အလုပ်ဝင်ပြီး အလုပ်ကိုင်သစ် ချစ်သူအသစ်နဲ့ အရာအားလုံးအဆင်ပြေနေချိန်မှာပဲ... သူမ အလုပ်လုပ်တဲ့ Company ဒေဝါလီခံရပြီး သူမလည်း အလုပ်လက်မဲ့ဖြစ်သွားခဲ့ပါတယ်ချစ်သူနဲ့လည်း လမ်းခွဲခဲ့ရပြီးဈေးပေါတဲ့ တိုက်ခန်းတစ်ခုကို ပြောင်းငှားနေခဲ့ရပါတယ် အဲ့မှာပဲ လူမိုက် အိုဒုံချောနဲ့ သူမတွေ့ဆုံခဲ့ပါတယ်အစပိုင်းမှာ လူမိုက်တစ်ယောက်နဲ့ ...
movie

My Dear Desperado (2010)

Unbowed (2011) 6.7
Unbowed (2011) တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာမေးခွန်းမှားယွင်းထုတ်ခဲ့တာကြောင့် ကျောင်းသိက္ခာမကျစေရန် ကျောင်းဘက်ကကာကွယ်မှုဟာ ကျောင်းသားတွေအတွက် နစ်နာမှုရှိတယ်လို့ အမှန်တရားဘက်က ရပ်တည်ချင်နေတဲ့ ပါမောက္ခဂင်ယောင်းဟို ... ကျောင်းသိက္ခာဆယ်ဖို့အတွက် အမှန်တရားကိုမျက်ကွယ်ပြုပြီး ပါမောက္ခဂင်ယောင်းဟိုကို ရာထူကနေပယ်ချခဲ့ပါတယ်။ ရာထူးပြန်ရဖို့တရားစွဲဆိုခဲ့ပေမဲ့ တရားသူကြီးဘတ်ဘုံးဂျူက ကျောင်းနဲ့ပူးပေါင်းပြီး ဂင်ယောင်းဟိုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်မကျေနပ်စိတ်နဲ့ဘတ်ဘုံးဂျူကိုသွားရောက်တွေ့ခဲ့တဲ့အခါမှာတော့ ဘတ်ဘုံးဂျူနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ဘတ်ဘုံးဂျူမှတရားစွဲဆိုခဲ့ပါတယ်။ တရားခွင်တောက်လျှောက်သက်သေအလိမ်အညာတွေနဲ့ တရားသူကြီးရဲ့ဘက်လိုက်ပြီးနိုင်ထက်စီးနင်းပြုမူတာတွေပါတွေ့မြင်ရမှာပါ။ ထိုအမှုကိုပါမောက္ခဘက်ကရှေ့နေလိုက်ပေးတဲ့ရှေ့နေဘတ်ဂျွန်ကရော အမှုနိုင်အောင်စွမ်းဆောင်နိုင်ပါ့မလား ... ဘတ်ဘုံးဂျူကနစ်နာသူအစစ်အမှန်လား ... ပါမောက္ခကတကယ်ပြစ်မှုကျူးလွန်ခဲ့တာလား ... နောက်ဆုံးစီရင်ချက်ကရော ဘယ်လိုထွက်လာမလဲဆိုတာ လှည့်ကွက်မျိုးစုံနဲ့တွေ့မြင်ရမှာပါ ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Myat Noe MN ဖြစ်ပါတယ်
movie

Unbowed (2011)

2011
Innocent Steps (2005) 7.0
Innocent Steps (2005) အခုတစ်ခါတော့ Innocent Steps ဆိုတဲ့ ၂၀၀၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကိုတော့ ပရိတ်သတ်ကြီးတော်တော်များများကတော့ ရင်းနှီးထားပြီးသားဖြစ်ကြမှာပါ ဇာတ်ကားလေးကတော့ ၁၉ နှစ်အရွယ်ကောင်မလေးတစ်ယောက်နဲ့အကူလိုက်ကပေးတဲ့အကသမားလေးတစ်ယောက် တို့ အနေနီးရာမှာ လူမျိုးမတူ ဘာသာမတူပေမဲ့အချစ်မှာမျက်စိမရှိဘူးဆိုသလို ချစ်ကျွမ်းဝင်သွားတာကို ဟာသဆန်ဆန်လေးရိုက်ကူးပြထားတာဖြစ်လို့ ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ အသက် ၁၉ နှစ်အရွယ် တရုတ်က အကသမလေး Mun Geun-yeong သူမဟာ ကိုရီးယားက အကချန်ပီယံ ပြိုင်ပွဲကြီးအတွက် ကိုရီးယားကိုလာခဲ့ပြီး သူနဲ့ အတူ ကူညီ ယှဉ်ပြိုင်ပေးဖို့ကိုတော့ Park Geon Hyeong ကို ၃လတိတိ ကူညီ လေ့ကျင့်ပေးဖို့ ငှားရမ်းခဲ့ပါတယ် ဒီလိုနဲ့ အနေနီးရာမှ ကြိုးချင်းထားကြိုးချင်းညှိဆိုသလိုပဲ အကလေ့ကျင့်ရင်း အချစ်တွေပေါက်ဖွားလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ဆက်လက်ကြည့်ကြရမှာဖြစ်ပါတယ် Qty - 720p HDTV RipDuration - 1 hr ...
movie

Innocent Steps (2005)

2005
Warriors of the Dawn .Aka Daeripgun (2017) 7.3
Warriors of the Dawn .Aka Daeripgun (2017) ကဲဒီတစ်ခါတော့ IMDb 7.3 ရထားပြီး ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား စစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ််းလေးကတော့ ၁၅၉၂ ပတ်ဝန်းကျင် ဂျိုဆွန်း ခေတ်ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပြီး ထိုခေတ်ထို အခါက နိုင်ငံရေးအခြေအနေတွေ လူနေမှုပုံစံ နဲ့ ကြေးစားစစ်သားစျေးကွက် အနေအထားတွေကို ရိုက်ကူးပြထားတာပါ အဲ့ဒီခေတ်က ဘုရင်တွေဟာဆင်းရဲသားတွေထဲက အစွမ်းအစရှိတဲ့ သူတွေကို စျေးကောင်းပေးပြီးတော့ သူတို့ ရဲ့ စစ်သားအဖြစ်သာမက ပဲ ခက်ခဲတဲ့ အသက်စွန့်ရမယ့် အမိန့်တွေကို ခိုင်းစေဖို့ အတွက်ပါ ငှားရမ်းစေခိုင်းကြပါတယ် ဒီကားထဲမှာတော့ ကိုရီးယားကို ဂျပန်က ကျူးကျော်တဲ့ကာလ ကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၅၉၂ ခုနှစ် ဂျိုဆွန်း ပြည်မှာ တော ဟာ အငှားစစ်သား ကြေးစားအဖြစ်အသက်မွေးပါတယ် သူ့တာဝန်ကတော့ ဂျပန်တွေ ကျူးကျော်လာချိန်မှာ တောင်ပိုင်းဒေသကို အထောက်အပံပေးဖို့ဖြစ်ပါတယ် အဲ့ဒီအချိိန်မှာပဲ ဂျိုဆွန်း ဘုရင်ကတော့့ တရုတ်ကိုသွားရောက်ခိုလှုံဖို့ ဆုံးဖြတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ပါတယ် ကျန်ရှိနေတဲ့ တိုင်းပြည်ကာကွယ်ဖို့ အမိန့်တွေနဲ့ စစ်တပ်ကိုတော့ ၁၈နှစ်သား မင်းသား ဂွမ်ဟဲက ...
movie

Warriors of the Dawn .Aka Daeripgun (2017)

2017
Miracle in Cell No. 7 (2013) 8.2

Miracle in Cell No. 7 (2013)