Channel Myanmar

Park Yong-woo

Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

Papa (2012) 6
Papa (2012) PAPA (2012)ဇာတ်လမ်းရဲ့ အဓိကဇာတ်‌ကောင်ဖြစ်တဲ့ ရှင်းချွန်းဆော့ဟာ အိုင်ဒေါလ်‌မန်နေဂျာအနေနဲ့ တက်သစ်စ နာမည်ကြိးအဆိုတော်မလေးကို စင်တင်ပေးထားနိုင်သူ ဖြစ်ပါတယ်။ ပြဿနာက ထိုအဆိုတော်မလေး ပျောက်ဆုံးသွားခြင်းပါပဲ။ အဲ့လိုနဲ့ ကုမ္ပဏီငွေရှင်ရဲ့ မြေမြှုပ်မခံရဖို့အရေး လူရှာရင်း အမေရိကမှာ သောင်တင်နေပါတော့တယ်။ အမေရိကမှာ နေထိုင်ခွင့်ရရှိဖို့ အိုမီယောင်းနဲ့ ဟန်ဆောင်လက်ထပ်လိုက်ပြီး ကလေး ၆ ယောက်အဖေရာထူး ရသွားတဲ့သူ။ ကားမတော်တဆမှုနဲ့ အိုမီယောင်း သေဆုံးသွားတဲ့နောက်မှာ အရွယ်စုံ ကလေး ၆ ယောက် အုပ်ထိန်းခွင့်ကို ယူရင်း၊ သူ့ရဲ့အိုင်ဒေါလ် ရှာပုံတော်ကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p File size… 1.7GB | 688MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie

Papa (2012)

2012
Children…(2011) 7.1
Children…(2011) Childern (2011)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Children…(2011)

2011
Handphone (2009) 6.6
Handphone (2009) Handphone (2009)ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ... ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ...ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | ...
movie

Handphone (2009)

2009
The Warrior (2001)
The Warrior (2001) ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size…  3.98 GB /  1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre .....  Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

The Warrior (2001)

2001
Shiri (1999) 6.5
Shiri (1999) Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality….  720p | 480p File size…2GB | ...
movie

Shiri (1999)

1999
Ditto (2000) 7.2
Ditto (2000) Ditto (2000)" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် "ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်ကနှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ်တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ်တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက်ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ်အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်...ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ်ဂျီအင်းက ပေါ်မလာခဲ့ဘူး....ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကိုမိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲသူတို့ ၂ ယောက် ...
movie

Ditto (2000)

2000
Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie

Decision to Leave (2022)

2022
Spiritwalker (2021) 6.7
Spiritwalker (2021) Spiritwalker (2021)ကားတိုက်မှုဖြစ်ပြီး နိုးလာတဲ့အခါမှာ ဂန်အီရန် (Yoon Kye Sang) က သူ့ကိုယ်သူ မမှတ်မိတော့ဘဲ သေနတ်ဒဏ်ရာနဲ့ ဖြစ်နေပါတယ် အဲ့လိုနဲ့ သူသိလာရတာက သူ့ရဲ့ခန္ဓာကိုယ်က ၁၂ နာရီ ခြားတစ်ခါ ပြောင်းပြောင်းသွားတာပါပဲ အရင်ကကားတွေလိုမျိုး စိတ်နှစ်ခွတို့၊ ဝိညာဉ်က သေလို့ဝင်‌ကူးတာမျိုးမဟုတ်ပါဘူး အမှုတစ်ခုနဲ့ ဆက်စပ်မှုရှိနေတဲ့သူတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရောက်သွားတာပါအဲ့လိုမျိုး သူ့ရဲ့ တကယ့် Identity က ဘာမှန်းမသိတော့ပါဘူး အဲ့လိုနဲ့ သူရောက်သွားတဲ့ ခန္ဓာကိုယ်တစ်ခုမှာ မှောင်ခိုရောင်းဝယ်မှုတစ်ခုနဲ့ကြုံလာရတယ် အဲ့အမှုကြားထဲ ဘာမှမသိဘဲရောက်နေရင်း မွန်းဂျင်အာ(Lim Ji Yeon) နဲ့ တွေ့ပါတော့တယ် သူ့စိတ်ထဲမှာ အဲ့မိန်းကလေးကို သိသလိုဖြစ်နေပေမယ့် အဲ့မိန်းကလေးကတော့ သူ့ရဲ့ပြောင်းလဲနေတဲ့ခန္ဓာကိုယ်ကြောင့် မမှတ်မိပါဘူးဂန်အီရန်က သူ့ရဲ့အဖြစ်အပျက်တွေကို သူနိုးလာတော့ အနားမှာတွေ့တဲ့ အိမ်ခြေရာမဲ့ လူကြီးတစ်ယောက်ကိုပဲပြောပြပါတယ် အဲ့လူကြီးနဲ့ နှစ်ယောက်သား သူဘာဖြစ်နေလဲဆိုတာ ဖော်ထုတ်သွားမှာကို စိတ်ဝင်တစားကြည့်ရမှာပါကျွန်မတို့ ပရိတ်သတ်တွေကတော့ မင်းသားကို ဂန်အီရန်မှန်းသိထားပေမယ့် မင်းသားကတော့ သူ့ကိုယ်သူမသိဘဲ လိုက်ရှာနေမှာဆိုတော့ "Spirit Walker" ...
movie

Spiritwalker (2021)

2021
Battlefield Heroes (2011) 5.4
Battlefield Heroes (2011)  ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဟိုးအရင်ခေတ် ဂိုဂူလျောတိုင်းပြည်နဲ့ တရုတ်မင်းဆက် ကြားက တိုက်ပွဲကို ဟာသနှောပြီး ရိုက်ပြထားတာပါ ။ဒီထဲမှာ ကိုရီးယားက တကယ့်မင်းသားကြီးဖြစ်တဲ့ Jin-young Jung ၊ (Kingdom)အပြင် နာမည်ကြီးဇာတ်ကားတော်တော်များများမှာပါတဲ့ Seung-ryong Ryu ၊ Je-mun Yun တို့အပြင် အာရှမင်းသားဆိုပြီး နာမည်ကြီး မိန်းကလေးတွေအရမ်းကြိုက်ပြီး Running Man မှာလည်းပါတဲ့ သစ်ကုလားအုတ် အီဂွမ်ဆူ ( Lee Kwang-Soo ) ကလည်း အခွီဇာတ်ရုပ်နဲ့ ပါဝင်ထားပါသေးတယ် ။ ဇာတ်လမ်းကတော့ ...လူအင်အားနည်းနေတဲ့ ထန်မင်းဆက်က ဂိုဂူလျောကိုတိုက်ခိုက်ဖို့အတွက် ရှီလာတွေဆီကနေ စစ်ကူတောင်းပါတော့တယ်ရှီလာတွေကလည်းဘတ်ဂျယ်နဲ့မြစ်တောင်ပိုင်းပေးရင် စစ်ကူလွှတ်မယ်လို့ကတိတောင်းခဲ့တာပေါ့ဒီလိုနဲ့ စစ်ပွဲအတွက် ပေါ်တာဆွဲတဲ့ထဲမှာ ဘတ်ဂျယ်ကမူဂွန်ဆိုတဲ့တစ်ယောက်လည်းပါသွားပါတယ် သူက စစ်မတိုက်ချင်တဲ့သူပါ ( သူရဲ့စစ်ပွဲတွင်းမသေအောင်နေနည်းတွေက အံ့မခမ်းပါပဲ )မွန်ဒီ ( Lee Kwang-Soo ) ဆိုတဲ့တစ်ယောက်ကတော့ စစ်တိုက်မယ်ဆိုပြီး ကိုယ်တိုင်လိုက်လာခဲ့တဲ့သူပါစစ်တိုက်ချင်တဲ့သူ မတိုက်ချင်လို့ကန့်လန့်လိုက်လုပ်တဲ့သူ သူတို့နှစ်ယောက်ရဲ့ဟာသအလွဲတွေနဲ့ ...
movie

Battlefield Heroes (2011)