Channel Myanmar

Park Yoon-hee

Next Sohee (2022) 7.4
Next Sohee (2022) Next Sohee (2023)Bae Doo Na ရဲ့ Comeback Movie လို့ ပြောလို့ ရပါတယ်။ ပျောက်နေတာ အတော်ကြီး ကြာပြီးမှ ပြန်လာသလို ပြန်လာတဲ့ကားကလည်း အတော့်ကို ကောင်းတဲ့ကားပါ။ "ထပ်တိုး ဆိုဟီး" ဆိုတဲ့ ရုပ်ရှင်ကားလေးနဲ့ ပြန်လာခဲ့တဲ့ သူမရဲ့ရုပ်ရှင်ကားက ဘယ်လို အကြောင်းအရာများ ဖြစ်မလဲ? တစ်ချက် ကြည့်လိုက်ရအောင်ပါ။လူဟာ အိပ်မက်နဲ့ရှင်သန်ကြတယ်ဆိုပေမဲ့ အိပ်မက်တွေက တစ်ခါတလေတော့လည်း အိပ်မက်ဆန်လွန်းတယ်။ ဒီလိုနိုင်ငံမျိုးမှာတော့ ဖြစ်ချင်တာတွေနောက်လိုက်ဖို့ မဖြစ်ချင်တာတွေလုပ်ရတဲ့ အခြေအနေမျိုးကို အားလုံးကျော်ဖြတ်ခဲ့ဖူးကြမှာပဲ။ ဖြစ်ချင်တာတွေဟာ ဘယ်တော့မှဖြစ်မလာတော့တဲ့ဘဝတွေလည်း ရှိကောင်းရှိကြမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီလိုဘဝမျိုးတွေအကြောင်းပဲ။အထက်တန်းကျောင်းသူကောင်မလေး ဆိုဟီးဟာ ကျောင်းက ချိတ်ပေးတဲ့ အလုပ်မှာ အလုပ်သင်အနေနဲ့ဝင်လုပ်တယ်။ ဒါပေမဲ့ အဲဒီအလုပ်ဟာ မတရားမှုတွေ အပြည့်ရှိနေသလို လစာကိုလည်း ရတဲ့နေရာကနေ ဘက်စုံနှိမ်တတ်တဲ့ အလုပ်မျိုး။ ဒီလိုနဲ့ အထက်တစ်ဆင့်ကနေ အောက်တစ်ဆင့်ကိုပြန် အမြတ်ထုတ်ရင်း အဆင့်ဆင့်သွားတတ်တဲ့ စနစ်မျိုးမှာ သူရှင်သန်ခဲ့ရတယ်။ ဒါပေမဲ့လည် ရွေးစရာတော့မရှိဘူး။ ဆိုဟီးမှ မဟုတ်ဘူး။ ...
movie

Next Sohee (2022)

2022
A Moment to Remember (2004) 8.2
A Moment to Remember (2004) A Moment to Remember (2004)________IMDb - 8.2/10  အချစ်စစ်ဆိုတာကို သိမြင်ဖို့လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ် အချစ်ကို အကြိုက်နဲ့ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိပါတယ် ဘာကြောင့်ညာကြောင့်ချစ်တယ်ဆိုတာတွေကျွန်တော်တို့အများကြီးကြားနေရတယ် အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ မာနတွေနဲ့ ဘောင်ခတ်ပြီးမြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ကိုယ်ချစ်တဲ့သူ ကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွား စေဖို့ပဲ ဆန္ဒရှိပါတယ် ဒီကိုရီးယားကားလေးထဲမှာ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ် ကောင်လေးက သာမန်လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ်ဘယ်ဒေသရောက်နေမှန်းမသိ ကောင်မလေးကအစစအရာရာသူ့ထက်သာပါတယ် အဖေက ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းရှိပါတယ် သူတို့၂ယောက်ဟာ တစ်နေ့ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ် ဒီလိုနဲ့ပဲ.......... တကယ်တော့ ဒီဇတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ ဘဝကိုနာကျဉ်းချက်တွေရှိတဲ့ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့်ပြောင်းလဲလာပုံတွေ တွေ့ရတယ် မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရား တွေကိုလည်းတွေ့နိုင်တယ် ကောင်လေးနဲ့ကောင်မလေးဟာ အချစ်အတွက် ...
movie

A Moment to Remember (2004)