Channel Myanmar

Patricia Velásquez

Satanic Hispanics (2022) 5.7
Satanic Hispanics (2022) Satanic Hispanics (2022)~ IMDb - 5.7/10, Rotten Tomatoes - 91% ~"Satanic Hispanics" ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။~ ဇာတ်လမ်းအညွှန်း ~စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ "သွားလေသူ" လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ ...
movie

Satanic Hispanics (2022)

2022
The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%)1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy Returns (2001)

2001
The Mummy (1999) 7.0
The Mummy (1999) IMDb (7/10)....Rotten Tomatoes(56%)ဒီရုပ်ရှင်ဇာတ်ကားဟာ 1932 ခုနှစ်ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားကို Remark ပြန်လုပ်ထားတာဖြစ်ပြီး ခေတ်သစ် Mummy ဇာတ်ကားတွေ နှိုးထလာစေဖို့ အစပျိုးခဲ့တဲ့ ကနဦးဇာတ်ကားလဲဖြစ်ခဲ့ပါတယ်။မင်းသား Brendan Fraser နဲ့ မင်းသမီးချောလေး Rachel Weisz တို့ကို Mummy ဇာတ်ကားတွေနဲ့ တွဲဖက်မှတ်မိစေတဲ့အထိ သူတို့နှစ်ယောက်အတွဲက လိုက်ဖက်လွန်းခဲ့ပါတယ်။လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က ချစ်လျှက်နဲ့ မပေါင်းခဲ့ကြရတဲ့ချစ်သူနှစ်ဦး... အီဂျစ်ဘုရင်တို့ရဲ့ ရှေးဟောင်းကျိန်စာများကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ချစ်သူ နှစ်ဦးအကြောင်းကိုအစပြုလို့..... ဒီဖက်ခေတ် စာကြည့်တိုက်မှူးမိန်းကလေးတစ်ယောက်နဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာစွန့်စားခန်းများအကြောင်းနဲ့ ရှေးဟောင်းကျိန်စာများနိုးထလာတဲ့အခါ ကြောက်မက်ဖွယ်ရာ အဖြစ်ဆိုးများနောက်ဆက်တွဲပါလာပုံတို့ကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ File size…(4.3 GB) /(1.2 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:04:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy (1999)

1999
Malignant (2021) 6.7
Malignant (2021) Malignant (2021)Conjuring, Saw စတဲ့ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ James Wan ရဲ့အသစ်စက်စက် Horror ရုပ်ရှင်ဖြစ်ပါတယ်အရက်သမားယောကျ်ားနှိပ်စက်တာကိုခံရလို့ ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မက်ဒီဆင်... ငယ်ဘဝတုန်းကအကြောင်းအရာတွေကို မမှတ်မိတော့တဲ့ မက်ဒီဆင်....မက်ဒီဆင်ဟာ တစ်နေ့မှာ လူသတ်မှုတစ်ခုကို ကြုံခဲ့ရပြီးနောက်ပိုင်း ရက်ရက်စက်စက်လူသတ်မှုတွေရဲ့အမြင်တွေ ဆက်မြင်လာရပြီး လူသတ်သမားဟာ ဂေဘရီယယ် ဆိုတဲ့ လူတစ်ယောက်မှန်း သိလာရတဲ့အခါ ဂေဘရီယယ်ဆိုတာဘယ်သူလဲ? ဘာကြီးလဲ?မက်ဒီဆင်က သူ သတ်တာ ဖြတ်တာတွေကို ဘယ်လိုကြောင့် အမြင်တွေရနေရတာလဲဆိုတာကတော့ဒါရိုက်တာ James Wan ရဲ့ အရင်ကနဲ့ မတူတဲ့ရိုက်ချက်တွေ ဟာကနဲဟင်ကနဲဖြစ်သွားရမယ့်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ခံစားကြည့်လိုက်ရအောင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ကြပါတယ်Quality….WEB-DL 1080p and 720p and 480p File size…2.5GB and 1.3GB and 500MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Pyi Ti ...
movie

Malignant (2021)

2021
The Curse of La Llorona (2019) 5.7
The Curse of La Llorona (2019) လာယိုရို့နာရဲ့ကျိန်စာ ဆိုတဲ့ သရဲကားကို တင်ပေးထားပါတယ်ဒီကားလည်း Conjuring, Anabelle universe မှာ ပါဝင်ပါတယ်။လာယိုရို့နာဆိုတာ မက္ကဆီကိုက သိပ်ကိုချောမောတဲ့ မိန်းမလှလေးပါ။သူ့ခင်ပွန်းရဲ့ဖောက်ပြန်မှုကြောင့် ကလေးနှစ်ယောက်ကို ရေနှစ်သတ်ခဲ့ပြီး ကိုယ်တိုင်လည်း ရေထဲခုန်ဆင်းသွားခဲ့ရတယ်။အဲဒီ အစွဲနဲ့အကုသိုလ်ကြောင့် မိစ္ဆာဝိညာဉ်ဖြစ်လာပြီး သူ့ကလေးတွေအဖြစ်အစားထိုးဖို့ ကလေးတွေရဲ့ အသက်ကို လိုက်နှုတ်ယူနေတာပါ။အင်္ဂလိပ်စာတန်းမထွက်သေးတာကြောင့် ဘာသာပြန်ဖို့ လေးငါးကြောင်း ကျန်နိုင်ပါတယ်။ဒါပေါမယ့် ကြည့်လို့နားလည်မှာပါ။ (Littleneo ဘာသာပြန်သည်) File Size : (800 MB) and (400 MB) Quality : HCHDRip 720p Running Time : 1hr 33min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.KORSUB.HDRip.x264.AAC2.0-STUTTERSHIT Translated by Littleneo Encoded by THZ
movie


2019