Channel Myanmar
Pau Hei-Ching
So Close (2002) 6.7
So Close (2002) So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့  So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie
So Close (2002)
2002
(18+) Dream Home (2010) 6.6
(18+) Dream Home (2010) ငယ်ငယ်ကတည်းက အစွဲအလန်းကြီးလွန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို သဘာဝကျကျလေးရိုက်ကူးထားတဲ့ ဟောင်ကောင် (၁၈ +) လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၁၈ + ဆိုတော့ သရေကျစရာလေးတွေလည်းပါမယ်၊ စိတ်လှုပ်ရှားစရာလေးတွေလည်းပါမယ်၊ သွေးသံရဲရဲတွေလည်း ပါပါမယ်။ ခံစားချက်စုံတာပေါ့နော်အားရှန်းငယ်ငယ်က ပင်လယ်ဘေးနားက နှစ်ထပ်အိမ်လေးမှာနေခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးစီမံချက်တွေကြောင့် အိမ်ပြောင်းရတော့ သူငယ်ချင်းရှိခဲ့တဲ့အိမ်၊ သူ့အဘိုးသဘောကျတဲ့အိမ်လေးဖြစ်ခဲ့တာမို့ အသက်ကြီးလာရင် ပင်လယ်ဘေးက ဒီအိမ်မှာပဲပြန်နေမယ်လို့ ဆုတောင်းခဲ့သူပါ။ပင်လယ်ကိုမျက်နှာမူတဲ့ sea view အခန်းကို အခုချိန်ပြန်ဝယ်ဖို့ဆိုတာ သာမာန်ဝန်ထမ်းအတွက် ဘယ်လိုမှမလွယ်ကူတဲ့စိတ်ကူးပါ။ ဒါပေမဲ့ စိတ်ကူးယဉ်အိမ်ကလေးဖြစ်တဲ့ တိုက်ခန်းကို ဝယ်ဖို့ ရရာအလုပ် အကုန်လုပ်ခဲ့ပါတယ်။ ပိုင်ရှင်နဲ့ဈေးညှိတဲ့အခါမှာတော့ “လူ ၁၁ ယောက် နှင့် ကိုယ်ဝန်ဆောင်သည် ၁ ယောက် အသတ်ခံရမှု”ဆိုတဲ့ သတင်းစာကိုကိုင်ပြီး ဘယ်လိုမျိုး ဈေးနှုန်းညှိနိုင်ခဲ့လဲဆိုတာတော့ ဆက်လက်ကြည့်ရအောင်ဗျာ.... File size…1.4GB / 600MB Quality…1080p BluRay / 720p Format…mp4 Duration….1h 36m Subtitle….Myanmar Subtitle ...
movie
(18+) Dream Home (2010)
2010
Hero ( 2022 ) 6.3
Hero ( 2022 ) ❐၂၀၂၀ ခုနှစ်အစောပိုင်း ဝူဟန်ကို ရောဂါပိုးတွေ ကူးစပ်ပြန့်နှံ့ချိန် အချိန်ကာလ...., ချွေးမဖြစ်သူ ရှန်ယွဲ့ နဲ့ ယောက္ခမဖြစ်သူ လီကျီ တို့ဟာရောဂါပိုး ရှေ့ဆင့်နောက်ဆင့် ကူးခံလိုက်ရပါတော့တယ် ရောဂါပိုးကူးစပ်ခံလိုက်ရတဲ့အတွက် ရွေးချယ်စရာမရှိဖြစ်ကာ သမီးယောက္ခမနှစ်ယောက် အတူတူနေထိုင်ဖို့ ဖြစ်လာခဲ့ရာမှ အစပြုပြီး ရှေးရိုးစွဲ ယောက္ခဖြစ်သူနဲ့ ညှိနှိုင်းမရတဲ့ ပြဿနာတွေ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရပါတော့တယ်❐တစ်ချိန်ထဲမှာပဲ ရောဂါတွေစတင်ပျံ့နှံ့ချိန် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတစ်တွဲဟာ တစ်နယ်စီကွဲကွာလို့နေကြပါတယ် ဝူဟန်မှာနေထိုင်သူ လီကျောင်းဟွာ ဟာ ရောဂါပိုးကူးစပ်ခံနေရချိန်မှာ သူ့ရဲ့ချစ်သူကောင်မလေး ကျိုးရှောင်လုက ပေကျင်းမှာရှိနေခဲ့ပါတယ် ကပ်ရောဂါအခြေအနေတွေကြောင့် ဝူဟန်မြို့ကို Lockdown ချလိုက်သည့်အတွက် ချစ်သူကောင်လေးကို ပြုစုစောင့်ရှောက်ဖို့ ပြန်မသွားနိုင်ခဲ့တော့ပါဘူး သူတို့ခင်မျာ နေ့နေ့ညည Video Call နဲ့သာဆက်သွယ်လို့ရခဲ့ကြရပါတယ်❐တစ်ဖက်မှာလဲ လျန်ကျန့်စီး လို့ခေါ်တဲ့အမျိုးသမီးနဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ဟယ်တရန်တို့ဟာ လက်ထပ်ပြီးနောက် ကလေးနှစ်ယောက်ဖွားမြင်ခဲ့ပါတယ် တစ်ချိန်ထဲမှာ သူတို့နှစ်ဦးဟာ ကိုယ်ပိုင်အလုပ်ကိုယ်စီ နဲ့ ဘဝကိုရှင်သန်နေခဲ့ကြပါတယ် အခြေအနေတွေက ရုတ်တရက်ကြီး ခက်ခဲလာခဲ့တာကြောင့် အိမ်ထောင်ရေး သဘောထားကွဲလွဲမှုတွေလဲ ဖြစ်ပေါ်လို့လာခဲ့ပါတယ် လျန်ကျန့်စီးဟာ ခင်ပွန်းအပေါ် စိတ်ပျက်မှုတွေကြောင့် ကူညီရာမဲ့ ပြိုလဲနေရသလို ခင်ပွန်းဖြစ်သူဟာလဲ အိမ်အတွက် အများကြီးရင်းရှာပေမဲ့ ဇနီးသည်အပေါ် နားလည်မပေးပါဘူး " မိသားစုအပေါ် ဘယ်သူက ပိုပြီးပေးဆပ်သလဲ" ဆိုတဲ့ ခေါင်းစဥ်အောက်မှာ နှစ်ယောက်သားက အပြင်းအထန်ငြင်းခုန်လေ့ရှိကြပါတယ်အထက်ပါဖော်ပြထားတဲ့အတိုင်း ဒီဇာတ်ကားလေးဟာဆိုရင် မိသားစု (၃) ...
movie
Hero ( 2022 )
Crossing Hennessy (2010) 6.3
Crossing Hennessy (2010) Crossing Hennessy (2010)Lust Caution, Decision to Leave, Long Day's Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ...
movie
Crossing Hennessy (2010)
2010
Bullet in the Head (1990) 7.6
Bullet in the Head (1990)
1990
The Attorney ( 2021 ) 6.3
The Attorney ( 2021 ) ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကိုတရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီးလိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်းအမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်ကအမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင်ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ  Quality : WEB-DL 1080pFormat : mp4Genres : DramaDuring : 1h 43minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie
The Attorney ( 2021 )
Beyond the Dream(2021) 7.2
Beyond the Dream(2021) Beyond the Dream(2021)အညွှန်း****************************IMDB 7.2 ရရှိထားတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးပါ ...ဆုကြီး (၅)ဆုနဲ့ အခြားဆု (၁၂)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်...လီချီလော့ဟာ စိတ်ကျရောဂါခံစားနေရပြီး သူခံရတဲ့ရောဂါအမျိုးအစားကလည်းခပ်ဆန်းဆန်းမို့   စိတ်ကုဆရာဝန်တွေအမြဲတွေ့ပြီး ကုသနေရတဲ့သူပေါ့...တစ်နေ့တော့ ရီနန်ဆိုတဲ့ကောင်မလေးဟာ စိတ်ပညာဘွဲ့လွန်စာတမ်းတစ်ခုပြုစုစရာရှိတဲ့အတွက်လီချီလော့နဲ့ဆွေးနွေးတိုင်ပင်ရင်း သူ့စာတမ်းအတွက် အသေးစိတ်ပြင်ဆင်ဖို့ကြိုးစားပါတယ်...အဲ့ဒီနောက်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်လာပါတော့တယ်...File Size : (2.2GB)(1.1GB) and (462 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…02:00:00 Genre : Mystery , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Hay Thar Oo Encoded by Phyo Pyae
movie
Beyond the Dream(2021)
Our Time Will Come (2017) 6.4
Our Time Will Come (2017) ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ...သမီးပြန်လာခဲ့မှာပါ...အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”  Translated by : JoJoVaEncoded by : YKFile Size ...
movie
Our Time Will Come (2017)
2017
I Love You, You’re Perfect, Now Change! ( 2019 ) 4.6
movie
I Love You, You’re Perfect, Now Change! ( 2019 )
2019
Special ID ( 2013 ) 5.6
Special ID ( 2013 ) အက်ရှင်ကား ဖိုက်တင်ကား ကြိုက်နှစ်သက်သူများအတွက်မင်းသား Donnie Yenရဲ့ ဇာတ်ကားလေးနဲ့တင်ဆက်ပေးလိုက်ပါတယ်ဟောင်ကောင်မှာတရားမ၀င် မှောင်ခိုဂိုဏ်းတွေသောင်းကျန်းနေတဲ့ကာလမှာရဲတွေက အရေးယူဖို့သက်သေရှာဖွေတဲ့အနေနဲ့ချန်ကျစ်လုံကို သူလျိုအဖြစ်စေလွှတ်ထားခဲ့တယ်..ငယ်ငယ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ချန်ကျစ်လုံတစ်ယောက် သူလျိုဘ၀မှာဘယ်လိုမျိုးဒုက္ခတွေကြုံတွေ့ရမလဲမှောင်ခိုဂိုဏ်းကရောသူ့ရဲ့ဘ၀အမှန်ကိုသိရှိသွားမှာလားဒါ့အပြင်လူသတ်မှုကြီးတခုဖြစ်လာတဲ့အခါမှာတော့ချန်ကျစ်လုံတစ်ယောက်ဘယ်လိုတွေဆက်လက်လုပ်ဆောင်မလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုပါဟောင်ကောင်အက်ရှင်ကားတွေရဲ့ထုံးစံအတိုင်းအက်ရှင်အပိုင်းကတော့ အထွေအထူးပြောစရာမရှိအောင်ကောင်းပြီးသားမို့ ဆက်လက်ခံစားကြည့်ရှုပါTranslated & Review By Ei Pyae Encoded By LK
movie
Special ID ( 2013 )
2013
Hong Kong Ghost Stories ( 2011 ) 5
Hong Kong Ghost Stories ( 2011 ) Horror Movie ကြိုက်နှစ်သက်သူတွေအတွက်ပါဒီဇာတ်ကားဟာ 3AM လိုမျိုးပဲ အပိုင်းလေးတွေ ခွဲပြီးဇာတ်လမ်း၂ မျိုးနဲ့တင်ဆက်ထားခြင်းဖြစ်ပါတယ်..ဒီဇာတ်ကားမှာတော့၂ မျိုး ၂ပိုင်းပါပါတယ်..ပထမဇာတ်လမ်းအပိုင်းအညွှန်းလေးကတော့အိမ်ထောင်ရေးအခက်အခဲတွေကြောင့်ဆရာလောကနဲ့၃နှစ်ကျော် ကင်းကွာခဲ့ရတဲ့ဆရာမလေးရီ...နှစ်တွေကြာပြီးတော့မှကျောင်းတစ်ကျောင်းမှာအစားဝင်ဆရာမ တစ်ဦးအနေနဲ့ပြန်လည်လုပ်ကိုင်ဖို့အကြောင်းဖန်လာခဲ့တယ်F4E ဆိုတဲ့အတန်းကိုအနည်းငယ်ကြာအောင်သင်ပြီးတဲ့အခါမှာတော့ကျောင်းရဲ့ထူးဆန်းတဲ့ လျို့ဝှက်ချက်တခုကိုသိလာရတဲ့အခါမှာ....................ဒုတိယ ဇာတ်လမ်းရဲ့အညွှ့န်းကတော့ထိုင်းခရီးစဉ် တခုမှာ သေဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့နောက်ကြောင်းမှာ ရှုပ်ထွေးတဲ့ လျို့ဝှက်ချက်တွေကိုဘယ်လိုပေါ်ပေါက်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်.. Translated & Review By Nu MonEncoded By LK
movie
Hong Kong Ghost Stories ( 2011 )
2011
Reign of Assassins (2010) 6.9
Reign of Assassins (2010) ရုပ်ရှင်ဝါသနာရှင်အချင်းချင်း ကျွန်တော့်ကို ဘယ်သိုင်းကားအကြိုက်ဆုံးလဲလို့ မေးရင် အမြဲတမ်း စပြောမိတာက အခုတင်ပေးထားတဲ့ Reign of Assassins ပါပဲ။အခုနောက်ပိုင်း ထွက်နေတဲ့ အထူးကွန်ပြူတာဖန်တီးမှုလှိုင်လှိုင်နဲ့ ကနွဲ့ကလျ သိုင်းသမားကားတွေနဲ့ တခြားစီပါပဲ။ ဇာတ်လမ်း ဒိုင်ယာလော့ တိုက်ခိုက်ခန်းတွ အားလုံးပြည့်စုံပါတယ်။အချိန်တိုအတွင်းမှာ ထူးခြားတဲ့ ဇာတ်ကောင်တွေနဲ့ မတူညီတဲ့ သိုင်းတွေကို လှလှပပ ရိုက်ပြသွားတာပါ။ ကျွန်တော်ကိုယ်တိုင် အနည်းဆုံး ၅ ခေါက်လောက်တော့ ပြန်ကြည့်မိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ပြောပြပါ့မယ်။သိုင်းလောကမှာ သတင်းတစ်ခုရှိပါတယ်။ ဗောဓိဆရာတော်ရဲ့ ရုပ်အလောင်းကို ရရင် သိုင်းလောကတစ်ခုလုံးကို အုပ်စိုးနိုင်မယ် ရောဂါအားလုံးလည်း ပျောက်ကင်းနိုင်မယ်ပေါ့။ အဲဒီအလောင်းကိုရဖို့ အားလုံးတိုက်ခိုက်နေကြချိန်မှာ အလွန်အစွမ်းထက်တဲ့ လျို့ဝှက် လူသတ်သမားအဖွဲ့ ကျောက်မည်းဂိုဏ်းပါ ပါဝင်လာပါတယ်။အဲဒီဂိုဏ်းရဲ့ နာမည်ကြီး လူသတ်သမား မိုးဖွဲ(မစ်ချဲယို) ဟာ အလောင်းတစ်ဝက်ကို ရသွားပြီး အကြောင်းတစ်ခုနဲ့ ဇာတ်မြှပ်သွားပါတယ်၊ ...
movie
Reign of Assassins (2010)
2010