Channel Myanmar
Paul Ben-Victor
The Corruptor (1999) 6.1
The Corruptor (1999)  ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။  File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Corruptor (1999)
The Irishman (2019) 8.7
The Irishman (2019) ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
The Collective (2023)
The Collective (2023) The Collective (2023)Missionတွေလုပ်ရတဲ့ အက်ရှင်ကားကောင်းလေးတွေ မျှော်နေသူတွေသဘောတွေ့စေမယ့် The Collection ဆိုတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ X-men ထဲက Havok ဖြစ်တဲ့ Lucas Till နဲ့ FF မိသားစုဝင် Roman (Tyrese Gibson)တို့ ဘယ်လိုအတွဲညီညီနဲ့ ရန်သူကို နှိမ်နင်းမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။မသမာမှု လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငွေသာအရာရာဖြစ်နေတဲ့လောကကြီးမှာ ဝိသမလောဘသားတွေက ငွေထုပ်လှေကားခုပြီး ဥပဒေပေါ်တက်ထိုင်နေကြတာပေါ့။ နိုင်ငံရေးလောကရဲ့ထိပ်သီးတွေ အစိုးရရာထူးအကြီးပိုင်းတွေကိုပါ ငွေနဲ့အိတ်ထဲထည့်ထားတဲ့ ဒီလိုလူတွေ CIAလိုအဖွဲ့ကတောင် ဥပဒေဘောင်တွင်းက ဘာမှလုပ်မရဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသတဲ့။ ဒါပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့လူတွေစုပြီး ဒီလို ဥပဒေသွားထိလို့မရတဲ့လူတွေ သေနတ်နဲ့ရှင်းမယ်ဆိုတဲ့ အခွင့်ထူးခံတွေကို ကျရှုံးစေမယ့် The Collectiveဆိုတဲ့ အမှန်တရားဘက်တော်သားကြေးစားအဖွဲ့ပေါ်လာပါတော့တယ်။မီရိုဆိုတဲ့ လူကုန်ကူးတဲ့ ရာဇာကြီးတစ်ယောက်က ရွေးကောက်ပွဲမဲဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ခဲ့တဲ့ သတင်းပေးခရစ်စတိုဖာနီလီဆိုတဲ့လူကို ထုံးစံအတိုင်း လေလံပစ်ဖို့လုပ်နေတာပေါ့။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထွက်တာကြောင့် ခံလိုက်ရသူတွေလည်းမနည်းတော့ နီလီကိုလက်စားချေအမှုန့်ကြိတ်ချင်နေသူတွေကလည်းဒုနဲ့ဒေးပါပဲ။ The Collectiveအဖွဲ့ကလည်း နီလီကိုသာရရင် ရာထူးကြီးပိုင်းက အကျင့်အပျက်ခြစားမှုတွေကို ...
movie
The Collective (2023)
2023
Grudge Match(2013) 6.4
Grudge Match(2013)  လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie
Grudge Match(2013)
(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie
(18+) Don Jon (2013)
2013
1080p HEVC
Get Hard(2015) 6.0
Get Hard(2015) Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie
Get Hard(2015)
2015
Plane (2023)
Plane (2023) မင်းသားကြီး Gerard Butler ရဲ့ နောက်ဆုံးထွက် အက်ရှင်ရုပ်ရှင်သစ် လာပါပြီ။ ဒီကားကတော့ rating လည်းကောင်းသလို ပရိသတ်တွေလည်းအတော်ကြိုက်ကြပါတယ်။ တောရန့်ဆိုတဲ့ လေယာဉ်မှူးဟာ တော်ဝင်လေတပ်ထွက် စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး ပုဂ္ဂလိကခရီးသည်တင်လေကြောင်းလိုင်းမှာ ပိုင်းလော့လုပ်နေခဲ့တာပါ။ နှစ်သစ်ကူးအညမှာတော့ သူ့သမီးဆီကို မပြန်ခင် လေယာဉ်တစ်ခေါက် တိုကျိုကို ဆွဲပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တိုကျိုအသွားလမ်းမှာ မုန်တိုင်းကြောင့် ကျွန်းတစ်ခုပေါ် ထိုးဆင်းလိုက်ရပြီး လက်နက်ကိုင်ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ....File size…(1.9 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson 
movie
Plane (2023)
4K HEVC
Collide (2022) 4
Collide (2022) Collide (2022)ဇီး x လီလီ တမီရာ x ဟန်တာ အိန်ဂျလီကာx ပီတာသူတို့သုံးတွဲလုံးက တစ်ညမှာ Collide ဆိုတဲ့စားသောက်ဆိုင်မှာရှိနေခဲ့တယ်။ ဒီသုံးတွဲက တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိကြဘူး။ဇီး နဲ့လီလီက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတဲ့စုံတွဲလေး။ ဇီးကတစ်နေ့မှာ ရေထဲမျောလာတဲ့ကိုကင်းထုပ်ကြီးကိုမတော်တဆရပြီးနောက်မှာ မူးယစ်ဆေးအကြောင်းလဲသိပ်နားမလည်တော့ အဲဒါတွေကိုရရာစျေးလောက်နဲ့ရောင်းပြီး သူတို့ချစ်သူနှစ်ဦးဘဝကိုအသစ်စတင်ကြမယ်ပေါ့။တမီရာကတော့ စားသောက်ဆိုင်မှာတစ်ယောက်ယောက်ကိုအကြာကြီးထိုင်စောင့်နေခဲ့တယ်။ တော်တော်ကြာမှဟန်တာကရောက်လာတယ်။ ဟန်တာနောက်ကျတာလားဆိုတော့မဟုတ်ဘူး။ တမီရာက ဟန်တာတောင်မသိခဲ့တဲ့ဟန်တာ့ကြောင့်နစ်နာခဲ့ရမှုကို အကြွေးပြန်ယူဖို့အစောကြီးရောက်လာပြီးပြင်ဆင်ထားတာရှိတယ်။အန်ဂျလီကာကတော့ အသက်၄၀ ကျော်မမကြီး။ စားသောက်ဆိုင်ကမန်နေဂျာနဲ့ဖောက်ပြန်နေတာ။ သူ့ယောကျ်ားဖြစ်တဲ့ပီတာကလဲ ဆိုင်ပြင်မှာရှိနေတယ်။ ပီတာကအရမ်းရိုးအေးသူဆိုတော့ ဖောက်ပြန်တဲ့မိန်းမကိုသူပဲကားနဲ့ဝင်တိုက်ပစ်ရမလား သူ့ကိုယ်သူပဲသတ်သေပစ်ရမလား ကားထဲမှာထိုင်ပြီးဝေခွဲမရဖြစ်နေသူ။အဲဒီလိုလုံးဝမသိကြတဲ့ စုံတွဲသုံးတွဲရဲ့ဇာတ်လမ်းတွေက Collide စားသောက်ဆိုင်မှာ အရှိန်ပြင်းပြင်းတဲ့တိုက်ခိုက်မိချိန်မှာတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality…. 1080p | 720p | 480p File size…1.33GB | 656MB | 352MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Rashida Encoder .....August
movie
Collide (2022)
Monster(2018) 7.0
Monster(2018) Monster(2018) အညွှန်း********************IMDb..7.0 စတိဗ်ဟာမွန်းက ရုပ်ရှင်ရိုက်ကူးရတာကို ခုံမင်တဲ့ အထက်တန်းကျောင်းသားလေးပါ။ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသလို ကျောင်းမှာလည်းသူငယ်ချင်းတွေ ဆရာတွေ သိုက်သိုက်ဝန်းဝန်းနဲ့ သူ့ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပါတယ်။ကံဆိုးချင်တော့ စတိဗ်တစ်ယောက် အပေါင်းအသင်းမှားပြီးလူသတ်မှုတစ်ခုထဲ ကြားညပ်သွားတဲ့အခါ သူ့ကို လူသတ်မှုမှာကြံရာပါလို့အားလုံးက မြင်သွားကြတယ်...ဒီလူအမြင်တွေနဲ့စွပ်စွဲချက်တွေဟာ ငယ်ရွယ်ကလေးတစ်ယောက်အတွက်အကြီးမားဆုံးထိုးနှက်ချက်ပါပဲ..သူဘယ်ဆိုရပ်တည်မလဲ..ဒီလို ယိုးစွပ်ချင်ကြတဲ့လူတွေရဲ့ အမြင်ကိုရော သူပြောင်းလဲနိုင်ပါ့မလား။သူကိုယ်တိုင်ကရော တကယ်ပဲ ကြံရာပါလုပ်ခဲ့သလားဆိုတာကိုတော့... File Size : (1.8GB)(678 MB) and (235 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:38:00 Genre :  Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Monster(2018)
Last Looks (2021) 6
Last Looks (2021) ယခင်ကအရမ်းတော်ခဲ့တဲ့ ရဲစုံထောက်ဟောင်းချာလီ ဝေါလ်ဒိုဟာ အခုတော့တောင်ပေါ်မှာတယောက်တည်း ခြိုးခြံတဲ့ ပုံစံနဲ့နေထိုင်နေပါတယ်။တရက်မှာတော့သူ့အရင်ရည်းစားဟောင်းကရောက်လာပြီး အလုပ်ကမ်းလှမ်းတဲ့အခါမှာ ဝေါလ်ဒိုတ‌ယောက်လည်း ၀န်လေးပေမယ့် အခြေအနေအမျိုးမျိုးကြောင့်သူထားပစ်ခဲ့တဲ့လောကကိုပြန်လည်၀င်ရောက်ရပါတော့တယ်။သူအရင်ကကျင်လည်ခဲ့တဲ့ LA မြို့ကြီးကိုပြန်လာပြီးမိန်းမကိုမူးရူးပြီးသတ်တယ်ဆိုပြီးစွပ်စွဲခံရတဲ့ နာမည်ကြီးရုပ်ရှင်မင်းသားတယောက်ကိုကူညီဖို့ အလွတ်စုံထောက်တယောက်အနေနဲ့စုံစမ်း‌ ပေးဖို့ဖြစ်လာရပါတယ်။အများထင်သလိုရိုးရှင်းမနေတဲ့ လူသတ်မှုရဲ့ တကယ့်လက်သည်ကဘယ်သူလဲ၊ဝေါလ်ဒိုကရော ဘာလို့သုံးနှစ်လုံးလုံးလူတိုင်းနဲ့အဆက်အသွယ်ဖြတ်ပြီးတောင်ပေါ်မှာနေနေရတာလဲ၊သူ့အရင်ရည်းစားကရောဘယ်လိုလူတွေနဲ့ပတ်သက်နေတာလဲဆိုတာကြည့်ရှူရမှာပါ။ စုံထောက်ဇာတ်လမ်းကြိုက်သူတွေအတွက် သင့်တော်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာTim Kirkby ရိုက်ကူးထားပြီးCharlie Hunnam,Mel Gibson,Morena Baccarin,Lucy Fry တို့ပါ၀င်ထားပါတယ်  File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett Paing  
movie
Last Looks (2021)
Dream Lover (1993) 6.2
Dream Lover (1993) IMDb Rating (6.2) / Rotten Tomatoes (57%)မိန်းမတွေရက်စက်လို့ ဘဝပျက်သူတွေ ဒီကမ္ဘာမှာ ဘယ်လောက်များရှိမလဲ...ကိုးတောင်ဝတ်ယောကျ်ားလေးတွေ အချစ်အတွက် ဘဝပျက်ခံကြပုံတွေဟာ တရားရစရာပါပဲ...အချစ်မှာရိုးသားသူက ကြေကွဲရသူပဲမလား....လူနှစ်ယောက်ပေါင်းစည်းခြင်းမှာ တစ်ဦးစီရဲ့အတ္တတွေရှေ့တန်းတင်လာတဲ့အခါဒီဇာတ်ကားဖြစ်လာတာပါပဲ...၁၉၉၀ ခုနှစ်များဆီက ရုပ်ရှင်တချို့ဟာ မင်းသမီးတွေရဲ့ လှပကျော့ရှင်းမှုကိုရှေ့တန်းတင်ဆွဲဆောင်ပြီးတော့စိတ်ဝင်စားစရာ Crime Thriller ဇာတ်လမ်းမျိုးတွေ အတော်ရိုက်ကြခဲ့တာပဲ...မင်းသမီးရှရွန်စတုန်းရဲ့ Basic Instinct , မင်းသမီးမက်ဒေါနားရဲ့ Body of Evidence စသည်ဖြင့်ပေါ့...ခုကတော့ မင်းသမီး Mädchen Amick ပေါ့...သူကလဲ ငယ်ငယ်တုန်းက Jennifer Connelly တို့လို ညှို့အားပြင်းမင်းသမီးတစ်လက်ဆိုတာ ခုဇာတ်ကားမှာ မျက်မြင်ကိုယ်တွေ့ရပါမယ်...ဇာတ်လမ်းကတော့..‌သာမန်ယောကျ်ားလေးတွေလိုပဲ ကိုယ်နဲ့အသက်ထက်ဆုံး ပျော်ရွှင်ကြည်နူးပြီး ခိုင်မြဲလက်တွဲဖို့အိပ်မက်ထဲက စိတ်ကူးယဉ်မိန်းမလှလေးနဲ့တွေ့ချင်ခဲ့တဲ့ ရေးတစ်ယောက် ...သူ့ရဲ့စိတ်ကူးထဲကမိန်းမလှလေးလို့ထင်ခဲ့တဲ့ ပထမမိန်းမရဲ့ဖောက်ပြန်မှုကိုကြုံပြီးတဲ့နောက်မှာနောက်ထပ် သူ့စိတ်ကူးအိပ်မက်မိန်းကလေးဆိုတာ တကယ်ရှိနိုင်ပါ့မလားလို့ ယုံမှားသံသယတွေပြည့်နေခဲ့ပါတော့တယ်...သူဟာလုပ်ငန်းလဲရှိတယ်..ငွေလဲရှာနိုင်တယ်..စိတ်ကောင်းလဲရှိတယ်..မိတ်ဆွေတွေလဲရှိတယ်..သူ့မှာမရှိတာ သူ့အိမ်မက်ထဲကလို ယုံကြည်ရတဲ့ချစ်ခြင်းပဲ...ဒါပေမဲ့ လီနာ‌ ဆိုတဲ့ မိန်းမလှလေးနဲ့ မတော်တဆတွေ့ဆုံပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပါတယ်..ယောကျ်ားလေးတို့ထုံးစံအတိုင်းပဲ အလူးအလဲကျရှုံးခဲ့တဲ့ ...
movie
Dream Lover (1993)
Maximum Risk (1996) 5.5
Maximum Risk (1996) မင်းသားကြီးဗန်ဒိန်းလို့ပြောလိုက်တာနဲ့ 90s born တွေရဲ့အသည်းစွဲမင်းသားကြီးဆိုတာလူတိုင်းသိကြမှာပါ။ ဗန်ဒိန်း၊အာနိုး၊ရမ်ဘို တို့ဆိုတာ ကျွန်တော်တို့ကလေးဘဝရဲ့အကြိုက်နှစ်သက်ခဲ့ရဆုံး အက်ရှင်မင်းသားကြီးတွေဆိုလည်း မမှားပါဘူး။ သူတို့တွေရဲ့ဇာတ်လမ်းဇာတ်ကွက်ပီပြင်မှု၊အက်ရှင်သရုပ်ပီပြင်မှုတွေဟာ သူတို့ကာလမှာတော့ သူတို့ဟာ legend ပါပဲဗျ။ ကြည့်ဖူးသူတွေလည်းပြန်လည်ကြည့်ရှုခံစားရအောင် မကြည့်ဖူးသူတွေအတွက်လည်းအသစ်ဖြစ်နေစေမယ့် ဒီတစ်ခါရွေးချယ်ထားတဲ့ကားလေးကတော့ ၁၉၉၆ မှာထွက်ရှိခဲ့တဲ့ မင်သားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ၁၉၉၆ ကထွက်ခဲ့တဲ့ကားသာဆိုပေမဲ့အရမ်းခေတ်ကွာတယ်လို့မခံစားရ‌စေဘဲ အလွန်ကြည့်လို့ကောင်းတဲ့အက်ရှင်ကားကောင်းတစ်ကားဆိုလည်းဟုတ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ အယ်လိန်ဟာ အလွန်တော်တဲ့ရဲအရာရှိတစ်ယောက်ဖြစ်ပြီး သူနဲ့ရုပ်ချင်းအရမ်းတူပြီး မွေးနေ့ပါတူနေတဲ့သူတစ်ယောက်မတော်တဆဖြစ်သေဆုံးတာကိုတွေ့လိုက်ရတဲ့အခါ ထိုသူရဲ့နောက်ကြောင်းရာဇဝင်ကဘာလဲ နယူး‌ယောက်ရဲ့ရုရှားဂိုဏ်းတွေနဲ့ဘယ်လိုပက်သက်မိသွားမလဲ ဘယ်လိုဇာတ်ရှုပ်ဇာတ်ထွေးထဲရောက်ရှိသွားမလဲကို ဇာတ်လမ်းအဖွင့်ကစလို့အက်ရှင်ခန်းမြိုင်မြိုင်နဲ့ခံစားရဦးမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒေါင်းကြည့်ရတာနောင်တမရစေမယ့် မင်းသားကြီးဗန်ဒိန်းရဲ့ Maximum Risk ဆိုတဲ့ အက်ရှင်ဇာတ်ကားဟောင်းလေးကိုလည်းကြည့်ရှုခံစားပေးလှည့်ပါဦးခင်ဗျာ။  File size…(1.9 GB) and (1 GB) Quality…Blu-Ray 1080p 5.1CH & 720p Format…mp4 Duration….01:41:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by San Thu Aung
movie
Maximum Risk (1996)
The Banker(2020) 7.0
The Banker(2020) The Banker(2020)IMDb...7.0,,,Rotten...74%(Unicode)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဉာဏ်စွမ်းဉာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဉာဏ်နီ ဉာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက သရုပ်ဆောင်ဖြစ်တဲ့ Samuel L. Jackson, Nicholas Hoult နဲ့ Anthony Mackie တို့ကိုတော့ အတော်များများသိကြမှာပါ.... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ K နဲ့ MarTizasပဲဖြစ်ပါတယ်(zawgyi)ကလေးဘဝကတက်ဆက်ဇ်မြို့မှာဖိနပ်တိုက်သမားအဖြစ်နဲ့ အလုပ်လုပ်ရတဲ့ လူမည်းလေးဘာနာ့ဒ်ဂါရက်တ်ဟာ ဥာဏ်စွမ်းဥာဏ်စနဲ့ပြည့်စုံပြီး ပါရမီပါတဲ့အတွက် ဖိနပ်တိုက်ရင်းကြားရတဲ့စကားတွေကို သေချာလေ့လာမှတ်သားရင်း ပညာဝမ်းစာဖြည့်ပါတယ်..... သူအရွယ်ရောက်လာတော့ လော့စ်အိန်ဂျယ်မြို့ကိုပြောင်းလာရင်း ဂျိုးဆက်မောရစ်ဆိုတဲ့ လူမည်းတစ်ယောက်နဲ့တွေ့ပြီးတော့ စပ်တူအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ဖို့ဖြစ်လာခဲ့ပါတယ်.... ဒါပေမယ့် လူမည်းတစ်ယောက်ကိုဘယ်သူမှ အဖက်လုပ်မဆက်ဆံခြင်ကြတဲ့အတွက် သူတို့အခက်အခဲက တကယ့်ကို ကြီးမား လွန်းပါတယ်...သူတို့ (၂) ဘယ်လို ဥာဏ်နီ ဥာဏ်နက်တွေ ထုတ်ပြီး ရှေ့ဆက်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး..... ဒီဇာတ်ကားကတော့ ၁၉၅၀ခုနှစ်ကျော်ကျော်က အမေရိကန်နိုင်ငံမှာ လူမျိုးရေးခွဲခြားမှုတွေ ဖြစ်နေချိန်မှာ ဘဏ်တစ်ခုကိုဝယ်ပြီးတော့ လုပ်ငန်းလုပ်ကိုင်ဖို့ကြိုးစားတဲ့ လူမည်းနှစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်အပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်... မှတ်သားစရာများစွာပါရှိသလို သူတို့ရဲ့ကြိုးစားပုံတွေလည်းတကယ့်ကို အတုယူစရာပါပဲ... အဓိက ...
movie
The Banker(2020)
Feast of the Seven Fishes (2019) N/A
movie
2019
A Crooked Somebody (2018) N/A
A Crooked Somebody (2018) မိုက်ကယ်ဗောလ်ဆိုတဲ့သူဟာ သေဆုံးသွားသောသူတွေနဲ့စိတ်မှတဆင့်ဆက်သွယ်မှုပြုလုပ်နိုင်သော စိတ်စွမ်းအားရှင်တစ်ယောက်ဖြစ်ပါတယ်ဒါပေမယ့် တကယ်တမ်းကျတော့ သူဟာ ဘာစွမ်းအားမှမရှိဘဲနဲ့ လူတွေကိုလိမ်ညာလှည့်ဖြားနေတဲ့လူလိမ်လူညာတစ်ယောက်သာဖြစ်နေပါတယ်လူတွေကို သူတို့ကြားချင်နေတဲ့စကားလုံးတွေကိုသူတို့ချစ်ရတဲ့သေဆုံးပြီးသူတွေရဲ့အမှာစကားဆိုပြီးတော့လိမ်ညာလှည့်ဖြားနေတာဟာ ဘာမှဆိုးရွားတာမျိုး၊မကောင်းတာမျိုးမရှိဘူးလို့ မိုက်ကယ်ဗောလ်အနေနဲ့မှတ်ယူထားပါတယ်သူ့အဖေကတော့ သူ့ကို မရိုးမသားမဖြောင့်မတ်ဘဲအောင်မြင်ကျော်ကြားနေတဲ့သူထက်စာရင် ရိုးသားဖြောင့်မတ်ပြီးဘာမှမဟုတ်တဲ့သူကသာ ပိုကောင်းတယ်လို့အမြဲဆိုဆုံးမခဲ့ပါတယ်သို့သော်သူကတော့ဂရုမစိုက်...တစ်နေ့မှာတော့ သူဟာလူတစ်ယောက်ရဲ့ပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ်သူ့ကိုပြန်ပေးဆွဲလိုက်တဲ့လူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀ခန့်ကလူတစ်ယောက်ကို မတော်တဆသတ်မိသွားပြီးယခုအချိန်ထိအပြစ်မကင်းတဲ့စိတ်နဲ့နေနေရတဲ့သူတစ်ယောက်ပါမိုက်ကယ်ဗောလ်ဟာအဲ့လူကိုအသုံးချပြီး သူ့အတွက်အောင်မြင်ကျော်ကြားနိုင်ဖို့စတင်ကြံစည်လာပါတော့တယ်...ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့...ဇာတ်လမ်းလေးကိုကြည့်ရင်း အဖြေရှာလိုက်ကြရအောင်လား...... File Size : (747 MB) and (305 MB) Quality : WEB DL 720p Running Time : 1hr 42min Format : Mp4 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard ...
movie
A Crooked Somebody (2018)
2017
Daredevil (2003) 5.3
movie
Daredevil (2003)
2003