Channel Myanmar

Paul Blair

Book of Blood (2009) 5.2
Book of Blood (2009) Book of Blood (2009)မိသားစုတစ်ခုရဲ့ သမီးက ဘယ်အရာက လုပ်သွားမှန်းမသိရဘဲ သူ့အိမ်အခန်းထဲမှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပါတယ် ထိုသေဆုံးမှုကို သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ မယ်ရီနဲ့ ရက်ဂ်တို့က ဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်တဲ့ ဆိုင်မွန်ဆိုတဲ့ကျောင်းသားနဲ့ အတူ အဆိုပါသေဆုံးမှုကို သွားရောက်စုံစမ်းတဲ့အချိန်မှာ ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံရမလဲ ဘယ်လိုသွေးပျက်စရာတွေနဲ့ ကြုံရမလဲ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ တွေ့ရမလဲဆိုတာကတော့ .....သွေးသံရဲရဲနဲ့ horror movieကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်နေမှာပါအဖော်အချွတ်အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့ဆို သတိထားကြည့်ပါဗျအညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Aung ပဲ ဖြစ်ပါတယ်။Genre.....Drama, Horror, Fantasy Quality….1080p | 720p| 480p File size…1GB | 460MB | 218MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Soe Htun Aung Encoder ..... August
movie

Book of Blood (2009)

2009
Outlaw King (2018) 7.2
Outlaw King (2018) Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie

Outlaw King (2018)

2018