Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Paul Chih-Ping Cheng
Peter Pan & Wendy (2023)
PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie
Peter Pan & Wendy (2023)
2023
6.4
Night at the Museum (2006)
Night At The Museum (2006) ~ IMDb Rating - 6.4/10 ~စားပွဲထိုးလေးတွေ ဆူညံပြေးလွှားနေတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ လယ်ရီ ဒဲလ်လေ နဲ့ ကျွန်တော်ဆုံတယ်။ ကိုယ်စီပြောစကားတွေနဲ့ အသက်ဝင်နေတဲ့ ပတ်ဝန်းကျင်လေးမှာ နံရံကပ်တီဗွီပေါ်က သူတို့ရဲ့ အမူအယာတွေ၊ စကားသံတွေ၊ လှုပ်ရှားသက်ဝင်မှုတွေကို အရမ်းအာရုံစိုက်ပြီး ကြည့်ခဲ့ရတယ်ပေါ့ဗျာ။ ဘာသာပြန်စာတန်းကလည်း သူစိတ်ပါတဲ့နေရာမှ ထ ထ ပေါ်လာတာဆိုတော့ ဟိုတစ်စ ဒီတစ်စ ပါပဲ။IMDb 6.4 ရယ်၊ Rotten Tomato 44% ရရှိထားပါတယ်။ ဟာသမင်းသားကြီး Ben Stiller က အဓိကသရုပ်ဆောင်ထားပါတယ်။ Box Office မှာ ၅၇၄.၅ သန်းပြန်လည်ရရှိပြီး ၂၀၀၆ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ မိသားစု အပျော်ကြည့်လေးပေါ့။ အလုပ်လက်မဲ့တစ်ေယာက်၊ တီထွင်သူလိုလိုနဲ့ အိမ်ထောင်ကွဲ၊ သားတစ်ယောက်ကို ...
movie
Night at the Museum (2006)
2006
6
Night at the Museum: Battle of the Smithsonian (2009)
Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie
Night at the Museum: Battle of the Smithsonian (2009)
2009
6.2
Night at the Museum: Secret of the Tomb (2014)
Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47% ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။ အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie
Night at the Museum: Secret of the Tomb (2014)
2014