Channel Myanmar

Paul Lazar

The Manchurian Candidate(2004) 7.0
The Manchurian Candidate(2004) The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Manchurian Candidate(2004)

The Host(2006) 7.1
The Host(2006) The Host(2006)***************ဒီကားက ဆုပေါင်း ၂၉ဆုရရှိခဲ့ပြီး  ဒါရိုက်တာကလည်း Parasite တို့  Memories of Murder တို့လို့အထင်ကရ ရုပ်ရှင်တွေဖန်တီးတဲ့  Bong Joon Ho ဆိုတော့ကား နင်းကန်ဒေါင်းကြည့်သင့်ပါတယ်..ဂန်ဒူးဆိုတဲ့သူဟာ ခဏခဏအိပ်ငိုက်တတ်ပြီးတော့ ဟန်မြစ်ကမ်းဘေးမှာသူ့အဖေနဲ့အတူ ဆိုင်လေးဖွင့်ထားပါတယ်။သူ့မှာ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။စာမတတ်ပေမတတ်၊ မိန်းမကလည်းပစ်သွားတဲ့သူ့ဘဝမှာ သမီးလေးကအရာရာပါပဲ။တစ်နေ့မှာတော့ ဓါတ်ခွဲခန်းတစ်ခုကနေ စွန့်ပစ်လိုက်တဲ့ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းတွေကြောင့်ဟန်မြစ်ထဲမှာ အကောင်ကြီးတစ်ကောင်ပေါ်လာပါတယ်။အဲဒီအကောင်ကြီးဟာ မြစ်ကမ်းဘေးကိုတက်လာပြီး ဂန်ဒူးရဲ့သမီးလေးယောင်းဆူကိုဖမ်းခေါ်သွားပါတော့တယ်။အကုန်လုံးကသေပြီလို့ထင်ထားတဲ့ယောင်းဆူက ညဘက်ကြီးသူ့အဖေကိုဖုန်းခေါ်လာတဲ့အခါ....ဂန်ဒူးနဲ့ သူ့ရဲ့မိသားစုဟာ ယောင်းဆူကိုကယ်ဖို့ ဘယ်လိုမျိုးကြိုးစားကြလဲဆိုတာတစ်ကားလုံးရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပါ။၂၀၀၆ ခုနှစ်မှာထွက်ရှိထားပြီးတော့ rating 7.1 ရရှိထားပြီး ဆုတွေလည်းအများကြီးရရှိထားတဲ့ဇာတ်ကားမလို့အခုထိမကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။     File Size :(4.7GB)(1.5GB) and (380 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:00:00 Genre : Horror,Sci-Fi , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo ...
movie

The Host(2006)

Philadelphia(1993) 7.7
Philadelphia(1993) Philadelphia (1993) PG-13 | 125 min | Drama IMDB ----- 7.7 ⭐⭐⭐⭐⭐⭐⭐⭐ Rotten Tomatoes ----- 79% ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင်  AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး  Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့  အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက ...
movie

Philadelphia(1993)

1993
Snowpiercer (2013) 7.1
Snowpiercer (2013) ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ  CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်​ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်​တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie

Snowpiercer (2013)

Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie

Experimenter (2015)

2015
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) 7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie

Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)