Channel Myanmar

Paul Litowsky

Eternal Sunshine of the Spotless Mind(2004) 8.3
Eternal Sunshine of the Spotless Mind(2004) Eternal Sunshine of The Spotless Mind IMDb...8.3,,,,Rotten...93 ကျွန်တော်တို့တွေ အရွယ်လေးရ အသိဥာဏ်လေးစဖွံဖြိုးလာတဲ့အချိန်ကစလို့ အနည်းအများ အနာဂတ်အတွက်အစီအစဉ်တွေဆွဲကြတယ်အထူးသဖြင့်စီးပွားရေး အချစ်ရေးတွေပေါ့...တစ်ချို့သောအရာတွေဟာ အစီအစဉ်အတိုင်းဖြစ်ပေမယ့် အချစ်ရေးမှာတော့ တက်တက် စင်အောင်လွဲမှားမှုတွေရှိတတ်တယ် ဘာလို့ဆို နှလုံးသားက ဦးဏှောက်ကိုလွှမ်းမိုးနိုင်စွမ်းရှိလို့ပါပဲ အချစ်စိတ်ကြောင့်မလုပ်နိုင်ဘူးထင်တာတွေလုပ်ရဲလာတယ် မကြောက်သင့်တာတွေကိုကြောက်တတ်လာတယ်....ချစ်သူ ၂ ဦးအဖို့ မွေးဖွားရာပတ်ဝန်းကျင်မတူ ရပ်တည်ပုံချင်းမတူဆိုတော့ ရေရှည်မှာ အထိုက်အလျှောက် အယူအဆတွေလွဲမှားလာကြတတ်တယ်.....ဒီလိုအချိန်မှာ နားလည်မှုဆိုတဲ့ဝေါဟာရဟာပျောက်ဆုံးနေတတ်တယ်... သိပ်ချစ်ပေမယ့် လမ်းခွဲလိုက်ရတဲ့အခါမှာ သူနဲ့ပတ်သက်သမျှအတိတ်ကအမှတ်တရတွေအားလုံးကိုမေ့ပစ်ချင်ကြတယ် ဒီကားထဲက Joel နဲ့ Clementine ဆိုတဲ့ စုံတွဲလေးက ချစ်စအချိန်မှာတော့ ပျော်ရွှင်စရာတွေပြည့်နှက်နေပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှ ပြသနာသေးသေးလေးတွေ အဖုအထစ်လေးတွေ ကြုံလာရပါတော့တယ်။ အဲ့လိုအချိန်မှာ အေးအေးေ ဆးဆေးသမား စကားနည်းတဲ့ Joel နဲ့ စိတ်မြန်လက်မြန် Clementine တို့နှစ်ယောက် ဝေးကွာသွားခဲ့ပြီး ကိုယ့်လက်တွဲဖော်ကို ကိုယ့်မှတ်ဉာဏ်တွေထဲကအပြီးထုတ်ပစ်ဖို့ နှစ်ယောက်စလုံး ကြိုးစားလာပါတော့တယ်..မှတ်ဥာဏ်ဖျက်ပေးတဲ့သိပံပညာရှင်ဆီမှာအကူအညီတောင်းတယ်. မှတ်ဉာဏ်တွေ ဖျက်ပစ်တဲ့အခါ ဝမ်းနည်းစရာ၊ ပြသနာဖြစ်ခဲ့တဲ့အချိန်ကာလတွေအပြင် ပျော်ရွှင်ရယ်မောခဲ့တဲ့အချိန်တွေကိုပါ ဖျက်ဆီးသွားမှာဖြစ်တဲ့အတွက် Joel တစ်ယောက် ...
movie

Eternal Sunshine of the Spotless Mind(2004)

2004