Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pavail Gulati
7.8
I Love You (2023)
I Love You (2023) ************************** ဒီဇာတ်ကားလေးကတော့ IMDb rating 8.8အထိရရှိထားပြီး Drama/Romanceနဲ့ Thrillerအမျိုးအစား ဘောလိဝုဒ်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ပရိတ်သတ်အသဲစွဲမင်းသမီး ရာကူးလ်ပရီးသ်ဆင်းဂ်က ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ဇာဆောင်မင်းသားတွေကတော့ အက်ရှေး အိုဘရွိုင်နဲ့ ပလ္လဗီဂူလာထီတို့ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းစတ်တရာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ လက်ထပ်ရတော့မှာကို စိတ်လှုပ်ရှားနေရတဲ့သူပါ။ သူ့မှာအချစ်ဆုံးသူငယ်ချင်း အာရ်အိုဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူ့အကြောင်းအစုံသိနေတဲ့သူပေါ့။ တစ်နေ့ဒေဝါလီညမှာ မင်္ဂလာဆောင်ဖို့ဒေလီသွားဖို့လုပ်ရင်း ရုံးကနေအပြန်မှာ ဒေဝါလီပိတ်ရက်ကြောင့် ရုံးတွေအစောကြီးပိတ်ကြပြီး စတ်တရာတစ်ယောက် ရုံးထဲမှာပိတ်ကျန်နေခဲ့တော့တယ်။ ရုတ်တရက်သူ့သူငယ်ချင်း အာရ်အိုလည်း ရုံးခန်းထဲမှာပိတ်မိနေတဲ့အချိန်မှာတော့ နှစ်ယောက်သား အပြင်ထွက်ဖို့ဘယ်လိုကြိုးစားကြမလဲ... စတ်တရာလည်းလက်ထပ်ဖို့အစီအစဉ်ပါ ဖျက်လိုက်ရတဲ့အခြေအနေမှာတော့...သူ့သူငယ်ချင်းကရော သူငယ်ချင်းအဖြစ်ရှိနေနိုင်ဦးမလားဆိုတာတော့ မထင်မှတ်ထားတဲ့ plot twist တွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပါ။အညွှန်းနဲ့ဘာသာပြန်တွေကတော့ Nyein, Zwe Yan Naingနဲ့ Thaik Sanတို့ပဲ ဖြစ်ပါတယ်။ File size…1.17GB / 459MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein~ Zwe Yan Naing ~ Thaik San
movie
I Love You (2023)
2023
7.9
Goodbye (2022)
Goodbye (2022) Comedy, Drama, Family IMDb 7.9/10 (5.3K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်...ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါတစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ...လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါလောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါတစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ ...
movie
Goodbye (2022)
2022
Dobaaraa (2022)
အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ်အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ်အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ်အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အန်တာရာက သိထားတာမို့လို့ အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ်အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင် သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကိုဒီဇာတ်ကားလေးထဲမှာ တာ့ပ်ဆီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် File size…1.34Gb / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL & Thet Ko & OeliuJ
movie
Dobaaraa (2022)
2022
7.1
Thappad (2020)
IMDb (7.1/10) /Rotten Tomatoes 92%Q - ညီမယောက်ျားနဲ့ ဘာဖြစ်လို့ ကွာရှင်းပြတ်စဲချင်တာလဲ A - သူ ပါးတစ်ချက်ရိုက်လိုက်လို့ပါQ - ပါးရိုက်တာ အကြောင်းပြချက်မဟုတ်ပါဘူး တခြားကိစ္စရှိဦးမှာပေါ့ ဘာလဲ သူ့မိသားစုကြောင့်လား A - ဟင့်အင်းQ - သူ ညီမအပေါ် ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - ညီမက သူ့အပေါ်မှာ ဖေါက်ပြန်နေလို့လား A - ဟင့်အင်းQ - လိင်မှုကိစ္စကြောင့်လား A - ဟင့်အင်းQ - ဒါဆို ပါးတစ်ချက်ရိုက်လိုက်ရုံပဲပေါ့အမျိုးသမီးတစ်ယောက်က သူ့ယောက်ျား သူ့ကို ပါးတစ်ချက်ရိုက်လိုက်တဲ့အပေါ် ကွာရှင်းပြတ်စဲချင်ပါတယ်တဲ့ဒီစကားအတွက် အတွေးပေါင်းစုံ မေးခွန်းပေါင်းစုံထွက်ကျလာပေလိမ့်မယ်လင်နဲ့မယား လျှာနဲ့သွားပဲ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဟာကိုရှိပါသေးတယ် အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာတဲ့ဘာတဲ့အတွေးအခေါ်ပေါင်းစုံ ဒီတော့ ဒီကားကို ယောက်ျားလေးမိန်းကလေး လူပျိုအပျို အိမ်ထောင်သည်အားလုံးကို ကြည့်စေချင်ပါတယ်တစ်ယောက်အမြင်တစ်မျိုးစီရလိမ့်မယ်လို့ မျှော်လင့်ပါတယ် ကျွန်တော် ဇာတ်လမ်းကို မညွှန်းပေးတော့ဘူးBollywood ကားကြည့်ချင်ပေမယ့် အယောက် ...
movie
Thappad (2020)
2020
4K HEVC Web-DL
Ghost Stories (2019)
Ghost Stories (2019) ================#Unicodeဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ်သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရောသေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်...အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲရတာပေါ့...ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါတွေးစရာလေးတွေ ပေးတယ်အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူးသူက တွေးစရာတွေပဲ ပေးတယ်...ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလိုတကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေကတကယ်မရှိတာမျိုးတွေတကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်Jump Scare ...
movie
Ghost Stories (2019)
2019