Channel Myanmar
Paz Vega
Triage (2009)
Triage (2009)  "It is only the dead who have seen the end of the war." ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။  File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama, Thriller, Mystery ...
movie
Triage (2009)
13 Minutes (2021) 4.6
13 Minutes (2021) 13 Minutes (2021) အညွှန်း*********************သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ လေဆင်နှာမောင်းကျရောက်တဲ့အခါ ပြည်သူတွေဘယ်လောက်အထိဒုက္ခရောက်နိုင်သလဲဆိုတာ အဓိကဇာတ်အိမ်တည်ထားပါတယ်။လေဆင်နှာမောင်းမဖြစ်ခင်ကတော့ ဒါကိုပေါ့ပေါ့တန်တန်သဘောထားပြီး ရေဒီယိုနဲ့တီဗီက သတိပေးချက်တွေကို အလေးမထားတတ်ကြတာ လူတွေရဲ့ထုံးစံပါပဲ။ တကယ်တမ်းလေဆင်နှာမောင်းကြီးတိုက်ခိုက်လာတော့ အကာအကွယ်တွေရှာဖွေပြင်ဆင်ဖို့က ၁၃မိနစ်ဆိုတဲ့အချိန်အတွင်းမှာ ဖြစ်နိုင်ပါ့မလားဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းသဘောမှာတော့ အဓိက မိသားစု(၄)ခုကို အခြေခံထားပြီး ဒီမိသားစု(၄)ခုရဲ့ အိမ်ထောင်ရေးအခက်အခဲတွေကိုပါတင်ဆက်ထားတာမို့ ပညာပေးဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Seiji က ရေးပေးထားပါတယ်) File Size          :  (1.8GB), (913MB) & (459MB) Quality            : 1080p BluRay, 720p BluRay & 480p Format            : mp4 Duration         : 1hr ...
movie
13 Minutes (2021)
13 Minutes(2021) 6.0
13 Minutes(2021) 13 Minutes(2021) အညွှန်း***********************သတိပေးချက်တွေဟာ ကြေငြာတိုင်းလည်း အမြဲတကယ်ဖြစ်မလာတဲ့အခါမှာ လူတွေကပေါ့ဆလာတတ်ကြပါတယ် .....မုန်တိုင်းလှန့်တာတွေနဲ့ခဏခဏကြုံရလေ့ရှိတဲ့ နယ်မြို့လေးတစ်မြို့အကြောင်းပဲဖြစ်ပါတယ် ...ရာသီဥတုဖောက်ပြန်မှုတွေမကြာခဏဖြစ်လေ့ရှိတဲ့ ဒေသဖြစ်တာကြောင့် မြို့ခံတွေဟာမိုးလေဝသသတိပေးချက်တွေကိုလည်း သိပ်ပြီးအလေးထားလေ့မရှိကြပါဘူး ...တစ်နေ့မှာတော့ လေဆင်နှာမောင်းအကြီးစားတစ်ခုဝင်ခါနီးမှာ တီဗီသတင်းတွေရေဒီယိုတွေကနေတစ်ဆင့် အရေးပေါ်ကြေငြာချက်ထုတ်ပါတယ်...လေဆင်နှာမောင်းကလည်းတကယ်တိုက်သွားပါတယ် Recommend ပေးချင်တာကတော့ လေဆင်နှာမောင်းတိုက်တဲ့ဇာတ်ဝင်ခန်းတွေက အတော်ကိုရင်ဖိုစရာကောင်းပါတယ်...မိုးလေဝသနောက်ခံပညာပေးရုပ်ရှင်ဆိုပေမယ့်မြို့ခံမိသားစုတွေကြားထဲက Family drama လေးတွေလည်းပါလို့မပျင်းရပါဘူး...အန္တရာယ်တွေကနေလွတ်အောင်ပြေးရတဲ့ စွန့်စားခန်းဆန်ဆန်vibe တွေကြိုက်နှစ်သက်တဲ့သူတွေကြိုက်နှစ်သက်မယ့် ဇာတ်ကားပါပဲ....  File Size : (2.03GB)(0.9GB) and (343MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Ye Encoded by Phyo Pyae  
movie
13 Minutes(2021)
Rambo: Last Blood (2019) 6.6
movie
Rambo: Last Blood (2019)
2019
Madagascar 3: Europe’s Most Wanted (2012) 6.8
Madagascar 3: Europe’s Most Wanted (2012) Madagascar 3: Europe's Most Wanted (2012) IMDb - 6.8/10_____Rotten - 79%   ဒီတစ်ခါတော့ Channel Myanmar ပရိတ်သတ်တွေအတွက် ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့Animation ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်။Madagascar လို့ပြောလိုက်တာနဲ့ တလွဲတွေလုပ် ဟာသတွေဖြစ်နေတတ်တဲ့ ခြင်္သေ့ကြီး Alex နဲ့ သူ့သူငယ်ချင်းတွေဖြစ်ကြတဲ့မြင်းကျား Marty သစ်ကုလားအုတ် Melman နဲ့ ရေမြင်းမကြီး Gloria တို့ကိုပြေးမြင်မိကြဦးမှာပါဒီနောက်ဆုံးထွက် Europe's Most Wanted မှာဆိုရင် Alex နဲ့သူ့သူငယ်ချင်းတွေဟာသူတို့ရဲ့အိမ်ဖြစ်တဲ့ New York's Central Park Zoo ကိုပြန်ဖို့ကြိုးစားနေကြတုန်းပါဒါပေမဲ့ Monte Carlo ကာစီနိုမှာဘဏ်ဖောက်ဖို့ကြိုးစားနေတဲ့ ပင်ဂွင်းနဲ့မျောက်တွေကို သွားခေါ်ရဖို့အကြောင်းဖန်လာပါတယ်အဲ့လိုနဲ့ ပြင်သစ်ကတိရစ္ဆာန်ထိန်းချုပ်ရေးအရာရှိမကြီး Dubois နဲ့တိုးတဲ့အခါမှာ Alex တို့မမျှော်လင့်တဲ့အခြေအနေတွေနဲ့ကြုံရပြန်ပါတယ်Alex တို့သူတို့ရဲ့အိမ်ကိုပြန်ရောက်နိုင်ပါ့မလား Dubois ကြီးကရော ဘယ်လိုတွေတားဆီးမလဲဆိုတာ အရှေ့က Madagascar 1 & ...
movie
Madagascar 3: Europe’s Most Wanted (2012)
2012
The Spirit 2008 4.8
The Spirit 2008 Director - Frank Miller ရိုက်​ကူးထားပြီး imdb 4.8 ရထားတဲ့ ဇာတ်​ကားလေးနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​ဇာတ်​ကားနာမည်​ကတော့ The spirit ပါ ဇာတ်​လမ်းလေးက action ကားလေးဖြစ်​ပေမယ့်​ comedy လေးနည်းနည်းပေါင်းထားပါတယ်​ဘာကြောင့်​ရယ်​မှန်းမသိ ဒန်​နီကို့ထ်​လို့ ခေါ်တဲ့သာမာန်​ရဲတစ်​ယောက်​ သေရာကနေ ပြန်​ရှင်​လာတဲ့အခါ ရဲအလုပ်​ကနေစွန့်​ခွာပြီး စပိရစ်​ထ်​ အဖြစ်​နဲ့ ဒုစရိုက်​တွေနှိမ်​နင်းပါတယ်​သူ့ရဲ့ အဓိက ရန်​သူက အောက်​တိုပတ်​စ်​ လို့ခေါ်ပြီး သူတို့နှစ်​ယောက်​လုံးက မသေမျိုးတွေဖြစ်​နေပါတယ်​စပိရစ်​ထ်​က ဘာကြောင့်​ မသေမျိုးဖြစ်​နေလဲ သူ့ကိုယ်​သူ နားမလည်​ခဲ့ပေမယ့်​ သူ့ရန်​သူ အောက်​တိုပတ်​စ်​ကတော့ သိနေခဲ့ပါတယ်​တစ်​ဘက်​မှာလည်း စိန်​တွေကိုမှ ကြိုက်​တတ်​တဲ့ စပိရစ်​ထ်​ ရဲ့ ငယ်​ချစ်​ဦး ဆန်​ဒ်​ဆာရပ်​ဖ်​ က မသေမျိုးဖြစ်​ရတဲ့ လျို့ဝှက်​ချက်​နဲ့ ကိုယ်​တိုင်​ပတ်​သတ်​မိနေမှန်းမသိတဲ့အခါ ဘာတွေဆက်​ဖြစ်​ကြမှာလဲသူတို့ကဘာလို့ မသေမျိုးတွေဖြစ်​နေကြတာလဲအဲ့တာတွေအားလုံးအဆုံးသတ်​ဖို့ကရော တစ်​ယောက်​သေမှဖြစ်​မယ်​ဆိုရင်​ ဘယ်​သူသေမှာလဲdown ကြည့်​လိုက်​ပါနော်​ action ကားလေးဆိုပေမယ့်​ comedy လေးနှောထားတာမို့ ကားကောင်းလေးတစ်​ကားပါ အောက်​တိုပတ်​စ်​ရဲ့လက်​ထောက်​မလေး ဖလော့စ်​နေရာကို ...
movie
The Spirit 2008
2008
[21+] Sex and Lucía (2001) 7.1
[21+] Sex and Lucía (2001)    [21+] Sex and Lucía (2001) IMDb...7.2,,Rotten...71   ဆရာကြီးပီမိုးနင်းက  ကာမသိဒ္ဓိကျမ်း ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့တယ်... ဆရာကြီးကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေဖို့ရည်ရွယ်ရေးသားခဲ့ပေမယ့် တစ်ချို့သော သူတွေအတွက် ညစ်ညမ်းစာပေသဘောမျိုးခံစားကြတာရှိတယ်... ဒီလိုပဲရုပ်ရှင်လောကမှာလည်း Lust, Caution , Rape me, Nymphomaniac စတဲ့ဇာတ်လမ်းမျိုးတွေဟာ ပညာပေးဇာတ်လမ်းတွေပါပဲ.. သိတဲ့အတိုင်း  အထက်ပါဇာတ်ကားများဟာ အတော်ပွင့်ပွင့်လင်းလင်းနဲ့ sex အခန်းပေါင်းများစွာပါလေ့ရှိတယ်... တစ်ချို့တွေကတော့ အာရုံတစ်မျိုးနဲ့ခံစားကြတယ်ပေါ့လေ... သို့ပေမယ့် ဒီလိုဇာတ်အိမ်ကောင်းကောင်း ပွင့်လင်းမြင်သာတဲ့အခန်းပေါင်းများစွာပါဝင်ဇာတ်ကားတွေကတော့ လက်ချိုးရေလို့ရပါတယ်...ဒီစာရင်းထဲမှာ  Sex and Lucía(2001) ဇာတ်ကားကို မဖြစ်မနေထည့်သွင်းရမယ်လို့ထင်ပါတယ်... ဆုပေါင်း(၁၀)ဆုရရှိခဲ့သလို ဆန်ကာတင်(၁၇)ခုစာရင်းလည်းဝင်ခဲ့ပါတယ်...ဒီကားက အထက်မှာပြောခဲ့သလိုပဲ (21+)ခန်းတွေနဲ့ အနုပညာမြောက်စွာပုံဖော်ထားပါတယ်... ကိုင်း အနုပညာမြောက်စွာခံစားတတ်တဲ့သူမျိုးတွေအတွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါသည်... အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်.... File Size : (1 GB) Quality : Blu-Ray 720p Format…mp4 Duration…02:08:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[21+] Sex and Lucía (2001)
2001
Acts of Vengeance (2017)
Acts of Vengeance (2017)  2017 ခုနှစ်ထွက်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးက IMDb မှာ ၅.၈ ရထားပါတယ် ဒီကားထဲမှာ ဖရန့်အဖြစ်တော့အားလုံးနဲ့ ရင်းနှီးနေတဲ့ မင်းသားကြီး Antonio Banderas ကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေ့နေဖြစ်သူ ဖရန့်ဗီလာရာဟာသူ့မိန်းမနဲ့ သမီးဖြစ်သူဟာဧည့်ခံပွဲတခုကိုသွားရာက အသတ်ခံလိုက်ရပါတယ်။သူကိုယ်တိုင်ကတော့ ပွဲကိုလာဖို့ကတိပေးခဲ့ပေမယ့်အလုပ်များနေတာကြောင့် မသွားဖြစ်ခဲ့ပါဘူး။ သူ့မိန်းမနဲ့သမီးလေး အသတ်ခံရတဲ့အမှုကိုသူ့ခမျာအသည်းအသန်ဖော်ထုတ်စေချင်ပေမယ့် ဘာသက်သေမှမကျန်မျက်မြင်သက်သေလည်းမရှိတာကြောင့်ခက်ခဲနေပါတယ်။ သူကြားခဲ့ရသမျှဟာ နှစ်သိမ့်စကားတွေချည်းပါပဲ။သူသာကတိအတိုင်း ပွဲကိုသွားခဲ့ရင်...ဆိုပြီး ယူကြုံးမရဖြစ်ပြီးလက်ဝှေ့ပွဲတွေမှာ အထိုးခံပြီး သူ့ကိုယ်သူအပြစ်ပေးနေပါတယ်။ ဒါပေမယ့် သူ့အမှုကို သေချာမစုံစမ်းတော့ပဲ အမှုပိတ်ခါနီးဖြစ်လာချိန်မှာတော့ဖရန့်ဟာ လူသတ်သမားကို သူကိုယ်တိုင်ဖော်ထုတ်ပါတော့တယ်။ သူတဖြည်းဖြည်း သဲလွန်စနောက်ကိုလိုက်ခဲ့ချိန်မှာတော့ လူသတ်သမားဟာသူရင်းနှီးသူဖြစ်နေပါတယ်။ ဘာကြောင့်သူ့မိန်းမနဲ့ သမီးလေးကိုသတ်တာလဲ။ လူသတ်သမားကို ဘယ်လိုခဲရာခဲဆစ် လိုက်ခဲ့ရလဲဆိုတာတော့...ပရိတ်သတ်ကြီးက ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ် :D Qty - 720p Web - dlDuration - 1hr 27 minGern - Action / ThrillSubtitle - Myanmar HardsubTranslator - Rebel HninEncoder - ...
movie
Acts of Vengeance (2017)
2017