Channel Myanmar

Pedro Casablanc

Twin Murders: The Silence of the White City (2019) 5.5
Twin Murders: The Silence of the White City (2019)  ဇာတ်လမ်းအကျဉ်းကတော့ အလ်ဗာ မြို့မှာ ဆက်တိုက်ဆိုသလိုလူသေအလောင်းတွေတွေ့ရှိလာရတယ်။ရဲဖက်ဆိုင်ရာ စစ်ဆေးမှုတွေကအရ ဒီကွင်းဆက်လူသတ်မှုက လွန်ခဲ့တဲ့ ၂၀ ကအတိုင်းတစ်ပုံစံတည်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နှစ် ၂၀ ကလူသတ်သမားကိုထောင်ချထားတယ်တဲ့အတွက်ကျူးလွန်သူတရားခံဟာ ပထမလူသတ်သမားနဲ့ ဆက်စပ်မှုရှိလိမ့်မယ်လို့ထင်ကြပါတယ်။ အဲ့ဒါကြောင့် ရဲတပ်ဖွဲ့ဟာ စုံထောက်ဟူနိုင်းကိုပြန်ခေါပြီးလက်ရှိဖြစ်နေတဲ့အမှုကိုအဆုံးသတ်ဖို့ဆောင်ရွက်ပါတော့တယ်။ ကွင်းဆက်လူသတ်သမားရဲ့ စေ့စပ်သေချာမှုတွေကြောင့်သဲလွန်စ တစ်ခုတစ်လေတောင်မရကြပါဘူး။ နောက်တော့ ဟူနိုင်းဟာ ပထမလူသတ်သမား တာဆီယို နဲ့သဘောတူညီချက်ရအောင်ယူပြီး လိုက်လံစုံစမ်းတဲ့အခါမှာတော့.....  File size…1.57GB / 754MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Twin Murders: The Silence of the White City (2019)

Phenomena (2023) 5.3
Phenomena (2023) Phenomena (2023) ==============ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဖြစ်ရပ်မှန် စပိန် Horror Movie ဖြစ်ပါတယ်။ ဖာသာပီလွန်ဟာ ၁၉၈၇ မှာ ဟက်ပ်တာ အဖွဲ့ကို စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အချင်းရှိကြတဲ့ အဖွဲ့ဝင်တွေကို စုစည်းထားပြီး သဘာဝလွန်ဖြစ်ရပ်တွေ၊ သိပ္ပံ နည်းကျမဖြေရှင်းနိုင်တဲ့ အမှုတွေကို ဖြေရှင်းကြပါတယ်။ ဟက်ပ်တာအဖွဲ့ဆိုတာ အပြင်မှာလည်း တကယ်ရှိပါတယ်။ဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်သုံးယောက်က ဟက်ပ်တာ အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင် သုံးယောက်ဖြစ်တဲ့ Sol Blanco-Soler, Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြု ထားတာပါ။တစ်နေ့မှာတော့ ဖာသာပီလွန်ကို ရှေးဟောင်းပစ္စည်းဆိုင်တစ်ခုက ဆိုင်မှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာ ဝတ္ထုတွေပျံနေတာ၊ လူရိပ်တွေ မြင်ရတာတွေ ဖြစ်နေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။ တခြားအဖွဲ့ဝင်တွေကို မခေါ်ဘဲ ဖာသာပီလွန် တစ်ယောက် သွားစုံစမ်းရာက သတိမေ့ပြီး ဆေးရုံတက်လိုက်ရပါတယ်။ ဒါကြောင့် တခြားအဖွဲ့ဝင်တွေက ဖာသာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို သိဖို့ ရှေးဟောင်းပစ္စည်းဆိုင်ကို သွားပြီး စုံစမ်းကြပါတော့တယ်။၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အကြောက်အလန့်မရှိတဲ့ ...
movie

Phenomena (2023)

2023
1898: Our Last Men in the Philippines(2016) 7.0
1898: Our Last Men in the Philippines(2016) 1898: Our Last Men in the Philippines(2016)*****************************************ဒီဇာတ်ကားဟာ လေးရာစုနီးပါး သက်တမ်းကြာရှည်ခဲ့တဲ့ စပိန်အင်ပါယာရဲ့နောက်ဆုံးကိုလိုနီနယ်မြေဆုံးရှုံးခဲ့ရတဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ဘယ်သူမှမနိုင်နိုင်တဲ့စစ် ဘယ်သူမှ မရှုံးချင်တဲ့စစ်ပွဲလေးကို ရည်ညွှန်းရိုက်ကူးထားပါ။ဇာတ်လမ်းအစမှာ စပိန်အင်ပါယာပိုင် ဖိလစ်ပိုင်နိုင်ငံ ဘာလယ်ဆိုတဲ့ကျွန်းမြို့လေးဟာ နယ်ခံတော်လှန်ရေးသမားတွေအလစ်ငိုက်သိမ်းပိုက်တာခံရပြီး စပိန်မြို့စောင့်တပ်သားတွေဟာလည်းအားလုံးနီးပါးသတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီကိုလိုနီမြို့လေးကို ပြန်သိမ်းဖို့အတွက် ကပ္ပတိန် အန်းရစ်နဲ့ လက်ဖတင်နင် မာတင်စီရီဇိုတို့ဦးဆောင်ပြီးနောက်ထပ်တပ်စုတစ်စုကိုစပိန်ကစေလွှတ်လိုက်ပါတယ်။အဲ့ကာလဟာစပိန်အင်ပါယာရဲ့ဆုတ်ယုတ်အချိန်လည်းဖြစ်နေတာကြောင့် သူတို့တပ်စုကို ရိက္ခာအင်အား ဘာ့မှထောက်ပံ့မပေးနိုင်တော့ပါဘူး။အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ကိုတော့ဇာတ်လမ်းထဲမှာစောင့်ကြည့်ရင်းကြည့်ရှုခံစားလိုက်ပါဦး။File Size :(2.1GB) (899 MB) and (380 MB) Quality : Blu-Ray 1080p ,720p Format…mp4 Duration…01:45:00 Genre : War, Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

1898: Our Last Men in the Philippines(2016)

Under Her Control (2022) 4.8
Under Her Control (2022) Under her control / La Jefa (2022)(18+ Warning, အဖော်အချွတ် အခန်းတွေ လိင်ဆက်ဆံခန်းတွေ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ ပါဝင်တာမို့ မိသားစုနှင့်အတူ ကြည့်ရန် မသင့်တော်ပါ)၂၀၂၂ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ စပိန်စကားပြော ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Netflix ကနေ ထွက်ရှိလာတဲ့ ဥရောပ ဇာတ်ကားတွေဟာ အဆင့်အတန်းတစ်ခုအထိ ရှိတာမို့လို့ ကြည့်ရှု့ရကျိုး နပ်စေမှာပါ ဆိုဖီယာ ရည်မှန်းချက်ကြီးမားတဲ့ ကောင်မ‌လေးတစ်ယောက်ပါ။ရည်းစားဖြစ်သူ နာချိုနဲ့ အတူ စပိန်မှာ လာရောက်နေထိုင်ရင်း ဘဝကို စွန့်စားလိုသူပါ။ သူ့ရည်းစားဖြစ်သူ နာချိုကတော့ မွေးရပ်မြေကို ပြန်ပြီး သာမန်အေးဆေးတဲ့ဘဝမှာ နေထိုင်ချင်ပေမယ့် ဆိုဖီယာ့အလိုလိုက်ပြီး ဆက်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုဖီယာ အရမ်းကို လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အထက်လူကြီး ဖြစ်သူ ဘီယက်ထရစ်ဇ် ဆီကနေ သင်ယူစရာတွေ များပြားလွန်းတဲ့အတွက် အလုပ်ကို ပျော်ပျော်ကြီးလုပ်ကိုင်နေခဲ့ပါတယ်။ အလုပ်ကိုပဲ အချိန်ပေးလွန်းတဲ့အတွက် နာချိုနှင့် အဆင်မပြေဖြစ်လာပါတော့တယ်။ သို့သော် ...
movie

Under Her Control (2022)

Operation Mincemeat (2022)
Operation Mincemeat (2022)    ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ...
movie

Operation Mincemeat (2022)

Che: Part Two (2008) 6.9
Che: Part Two (2008) Che: Part Two (2008)__________IMDb - 6.9/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie

Che: Part Two (2008)

Offering to the Storm (2020) 7.2
Offering to the Storm (2020) Offering to the stormက The Bazatan Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ စုံစမ်းရေးမှူး အမာရာဆယ်လာဇာတစ်ယောက် ကလေးငယ်တွေ ရုတ်တရက်သေခြင်းဆိုပြီး ဖုံးကွယ်ထားတဲ့ ဓလေ့ရိုးရာကလေးသတ်သမားတွေရဲ့ မကောင်းမှုကြီးကို နောက်ဆုံးတစ်ခေါက် စစ်ဆေးဖို့ ပြန်လာတဲ့အခါ............. ဒီရုပ်ရှင်ကားဟာ လျှို့ဝှက်ချက်တွေ၊ စဥ်းစားစရာတွေနဲ့ အတက်အကျပြင်းထန်ပြီး Rosemary's Baby (1968)ရဲ့ ရင်ထိတ်ဖွယ်ရာ ခံစားချက်က်ို ပြန်လည်အမှတ်ရသွားစေပါတယ်။ လူသားတွေရဲ့ အလိုဆန္ဒပြည့်ဖို့နဲ့ပတ်သက်ရင် စိတ်ကူးကြည့်လို့တောင်မရတဲ့ ဆိုးရွားမှုတွေ၊ ငွေအတွက်၊ လိုချင်တာရဖို့ ဘာမဆိုပေးဆပ်ကြတဲ့ ချောက်ချားဖွယ်ရာစိတ်ဓာတ်တွေကို ပေါ်လွင်စေတဲ့ စိတ်ဝင်စားဖွယ်ရာ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ စုန်းအတတ်တွေ၊ ရှေးဒဏ္ဍာရီတွေနဲ့ အယူသီးတာတွေနဲ့ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စိတ်မခိုင်တဲ့လူတွေအတွက်တော့ သူငယ်ချင်းနဲ့ အတူကြည့်ပါ။ ဇာတ်ကားတစ်ကားလုံးက ၂နာရီကျော်ကြာပေမယ့် နောက်ဆုံးဇာတ်သိမ်း အထိ ဘာဖြစ်မလဲ ဘာဖြစ်မလဲ တဖြေးဖြေးနဲ့ ဇာတ်ကားထဲ စိတ်ရောကိုယ်နစ်သွားပြီး အချိန်ကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ပါဘူး။ တစ်ခုရှိသေးတယ်။ဇာတ်သိမ်းပိုင်းက တကယ့်အသက်ပါ။ မထင်မှတ််ထားတွေနဲ့ တကယ့်ကို ပါးစပ်အဟောင်းသာ ဖြစ်ရပါတယ်။ အမာရာနဲ့ သူ့ရဲ့လက်အောင်ငယ်သားတွေရဲ့ ဆက်ဆံရေး၊ အခက်အခဲကြုံတဲ့အခါ တစ်ယောက်ကို တစ်ယောက် ဘယ်လိုကူညီလဲ၊ အမာရာအပေါ် ဘယ်လိုယုံကြည်ပေးကြလဲဆိုတာက ကြည့်ရှုပရိသတ်တွေရဲ့ စိတ်ခံစားချက်တွေကို အမျိုးမျိုးဖြစ်ပေါ်သွားစေပါတယ်။ ဇာတ်လမ်းက rating နည်းတဲ့အထဲပါပေမယ့် ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ပုဒ်ပါ။ လူမဆန်စွာ အယူသီးတဲ့ ယဇ်ပူဇော်မှုတွေ၊ လူ့လောဘ၊ အာဃာတတွေအကြောင်း ...
movie

Offering to the Storm (2020)

2020
The Legacy of the Bones (2019) 6.1
The Legacy of the Bones (2019) Netflix မှာ ထွက်ထားတဲ့ဒီဇာတ်ကားကတော့ Crime/Thriller စပိန်ကားဖြစ်ပြီးတော့Dolores Redondo ရေးထားတဲ့ Baztan Trilogy ကိုရိုက်ထားတဲ့ထဲက ဒုတိယမြောက်ကား။ပထမကားကတော့ 2017 မှာထွက်ခဲ့တဲ့ The invisible Guardian ဆိုတဲ့ကား။အဲဒီကားမှာတော့ Salazar က Serial Killer Case ကိုလိုက်ပြီးစုံစမ်းခဲ့တယ်။Trilogyရဲ့ ဒုတိယကားလို့ဆိုပေမယ့် ပထမကားကိုမကြည့်ထားလည်း ကြည့်လို့ဖြစ်တယ်။ပထမကားနဲ့ ဆက်စပ်မှုသိပ်မရှိဘူး။ (ကြည့်ထားရင်​တော့ ပိုပြီးကောင်းတာပေါ့)ဇာတ်လမ်းအစမှာတော့ စုန်းကဝေအတတ်တွေကိုလေ့လာတာတွေကြောင့်မီးရှို့ခံရတဲ့သူတွေရယ်မွေးကာစကလေးတွေရယ်ပါဝင်ပတ်သက်နေတဲ့အတိတ်တခုနဲ့ စတင်ထားတယ်။လက်ရှိခေတ်မှာတော့ Salazar ကသူ့ရဲ့မြို့ကိုပြန်ရောက်လာပြီးChurch ကျောင်းကိုဝင်ဖျက်စီးပြီး အရိုးတွေထားသွားတဲ့အမှုတခုကိုလိုက်ရတယ်။အဲဒီအမှုကိုသူလိုက်ဖို့ ရာထူးကြီးတဲ့ဘုန်းတော်ကြီးတယောက်က တောင်းဆိုထားတယ်လို့သိရတယ်။နောက်ပြီးသူဖမ်းခဲ့တဲ့ထဲကတယောက်ကသူသတ်ခဲ့တဲ့အလောင်းမြှုပ်ထားတဲ့နေရာကိုSalazar ကိုရည်ညွှန်းပြီးပေးလိုက်လို့ သွားရှာတဲ့အခါမှာတော့သူသတ်ထားတဲ့အလောင်းမှာက လက်မောင်းတဖက် ဖြတ်ထားခံရတယ်။အဲလိုပြောပြီးနောက်မှာတော့ လူသတ်သမားကTarttalo ဆိုတဲ့စာကိုရေးပြီး သတ်သေသွားတော့တယ်။နောက်ထပ်လည်း ...
movie

The Legacy of the Bones (2019)

Pain and Glory (2019) 7.7
Pain and Glory (2019) ဒါကတော့ အောင်မြင်မှုတစ်ပုံကြီးရရှိထားတဲ့ စပိန်Dramaကားကောင်းတစ်ကားပါ။ဒါရိုက်တာ Pedro Almodóvar ရိုက်ကူးထားပြီးIMDb rating 7.7နဲ့ ခရမ်းချဉ်သီးမှာ 97%ရရှိထားပါတယ်။စပိန်နိုင်ငံတွင်းဆုပေးပွဲတွေသာမကပဲ Oscarတို့Cannes film festivalတို့ Golden globesတို့မှာလည်းစကာတင်စာရင်းတွေဝင်ပြီး စုစုပေါင်းစကာတင်134ခုနဲ့ ဆု25ခုရထားပါတယ်။Lead actorကလည်း Cannes film festivalမှာ Best Actorအပါအဝင်ဆု၅ဆုရထားပြီး Oscar စကာတင်စာရင်းထဲလည်းဝင်နေပါတယ်။ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့တဲ့ဇာတ်လမ်းရေးဆရာ၊ဒါရိုက်တာဆာဗာဒါမယ်လိုရဲ့လက်ရှိအခြေအနေနဲ့ အတိတ်ကအခြေအနေအနေတွေကို ပြသထားတဲ့ Flashbacksပါ။ဆာဗာဒါဟာ အနုပညာကိုရူးသွပ်နေဆဲဖြစ်ပေမယ့်သူ့မှာဖြစ်နေတဲ့ရောဂါတွေ စိတ်ပိုင်းဆိုင်ရာခံစားနေရမှုတွေကြောင့်ရုပ်ရှင်မရိုက်နိုင်တော့ပါဘူး။ဒါပေမယ့် သူ့ရဲ့နေ့စဉ်ဘဝမှာ သူငယ်ရွယ်စဉ်ကလုပ်ဆောင်ခဲ့တဲ့အရာတွေသူ့ရွေးချယ်မှုတွေဟာ လက်ရှိသူနဲ့သူအနုပညာတွေဖြစ်လာစေတဲ့အကြောင်းကိုတွေးတောနေတာတွေကိုရိုက်ကူးပြသထားတာပါ။113မိနစ်လောက်အချိန်ပေးကြည့်ရှုလိုက်ရင် နောင်တရမယ့်ကားမဟုတ်ပါဘူး။အကြမ်းအရမ်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်တော့နည်းနည်းမြောတဲ့ကားဖြစ်မယ်ဆိုပေမယ့်ဒရမ်မာကားကောင်းတွေကြည့်ချင်တဲ့သူ‌တွေအတွက်တော့လုံးဝလက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပါပဲ။ File Size : ( 1 ...
movie

Pain and Glory (2019)