Channel Myanmar

Percy Hynes White

I Like Movies (2023) 6.8
I Like Movies (2023) I Like Movies (2023)ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလို ပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။ အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။ သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။ သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။ သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာ သူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေ လူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 915MB | 282MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar ...
movie

I Like Movies (2023)

2023
Rupture (2016)
Rupture (2016) Rupture (2016)ရနေးဆိုတဲ့ အမျိုးသမီးဟာ ကွာရှင်းခံထားရတဲ့ မိန်းမ‌တစ်ယောက်ဖြစ်ပြီး သားဖြစ်သူ အဲဗန်နဲ့အတူ ပျော်ရွှင်စွာနေထိုင်နေသူ...အမည်မသိ လူတစ်စုဟာ သူတို့ မိသားစုကို အချိန်အကြာကြီး တိတ်တခိုး စောင့်ကြည့်နေခဲ့တယ်။ ဒါကိုတော့ သူတို့မသိရှာဘူး။တစ်နေ့ ရနေးဟာ သူ့ရဲ့သားလေးကို ခင်ပွန်းဟောင်းဆီ သွားအပ်ပြီး လေထီးခုန်ဖို့ရာ ထွက်လာခဲ့တယ်။ လမ်းခုလတ်မှာ ကားဘီးပေါက်သွားတာကို လူတစ်ယောက်က ကူညီပေးသယောင်နဲ့ သူ့ကို ဖမ်းခေါ်သွားခဲ့တယ်။ဘယ်နေရာမှန်းမသိတဲ့ အဆောက်အဦးတစ်ခုဆီ ရောက်သွားပြီး ထိုလူတစ်စုဟာ သူ့ကို စမ်းသပ်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလူတစ်စုက ဘာတွေလဲ... ဘယ်လိုစမ်းသပ်မှုတွေ လုပ်သလဲ... ဘာအတွက်လုပ်ရသလဲဆိုတာတော့ အသည်းယားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 805MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Horror, Sci-Fi, ...
movie

Rupture (2016)

2016
Night at the Museum: Secret of the Tomb (2014) 6.2
Night at the Museum: Secret of the Tomb (2014) Night at the Museum: Secret of the Tomb (2014) IMDb - 6.2/10_____Rotten - 47%   ၂၀၀၆ ကတည်းက စတင်အောင်မြင်ခဲ့တဲ့ အမေရိကန်ဟာသဇာတ်လမ်းရဲ့ တတိယမြောက် ဇာတ်လမ်းတွဲဖြစ်သလို နောက်ဆုံးဇာတ်လမ်းလည်းဖြစ်တဲ့ ဇာတ်ကားသစ်အကြောင်း ပြောပြချင်ပါတယ်။၁၉၃၈ တုန်းက ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ဟာ အဖိုးတန်ရှေးဟောင်းပစ္စည်းတစ်ခုကိုရှာဖွေဖို့ အီဂျစ်ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ပါတယ်။ ဂူသင်္ချိုင်းထဲကိုကောင်လေးတစ်ယောက် ပြုတ်ကျရာကနေ သူ့ဖခင်နဲ့ အခြားရှေးဟောင်းသုတေသန ပညာရှင်တွေကို လမ်းကြောင်းရှာပေးနိုင်ခဲ့ပြီး ဖာရိုဘုရင်ရဲ့ ကမ္ပည်းထိုးထားတဲ့ရွှေချပ်ပြားကိုရှာတွေ့ခဲ့ပါတယ်။ အဲဒီနောက်တော့ ရွှေကမ္ပည်းပြားကို နှစ်ပေါင်းများစွာထိန်းသိမ်းထားပါတယ်။ယနေ့ခေတ် နယူးယောက်မြို့က သဘာဝသမိုင်းပြတိုက်ကြီးမှာ အခမ်းအနားကြီးတစ်ခုလုပ်နေပြီး ဒေါက်တာမက်ပီး တက်ရောက်လာတာကို ပြတိုက်လုံခြုံရေးဖြစ်တဲ့ လာရီဒါလေကတွေ့ပါတယ်။ Night at the  Museum အရင်ဇာတ်ကားတွေအတိုင်းပဲ ပြတိုက်က အရုပ်တွေ အသက်ဝင်ပြီး သူတို့အသက်ရှင်စဉ်ကနေခဲ့တဲ့ ပုံစံအတိုင်းနေရင်း ပြတိုက်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်နေပါတယ်။  အီဂျစ်ဂူသင်္ချိုင်းထဲက ရွှေကမ္ပည်းပြားက နယူးယောက်သဘာဝသမိုင်းပြတိုက်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပြီး အဲဒီပစ္စည်း ...
movie

Night at the Museum: Secret of the Tomb (2014)

2014
Our House (2018) 5.2
Our House (2018) အီသန် ဟာ စာကျိုးစားတဲ့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး ကျောင်း ပရောဂျက် တစ်ခု အတွက် သူငယ်ချင်းများနဲ့ စက်တစ်ခုကို တီထွင်နေခဲ့ပါတယ်... သူတို့ တီထွင်နေခဲ့တာက စက်ပစ္စည်းတွေကို ကြိုးတွေမလိုပဲ လေလှိုင်းထဲကနေ ချိတ်ဆက်တဲ့ နည်းပါ... ဒီလို လေ့ကျင့်ခန်း တွေ ပရောဂျက်တွေ ကြောင့် အချိန်မရှိ လုံးပမ်းနေရပြီး မိသားစု နဲ့ ရော မောင်နှမတွေနဲ့ပါ တစ်ဖြေးဖြေး အဆက်ပြတ်လာခဲ့ပါတယ်... တစ်နေ့သော အခါမှာတော့ ကျောင်းပရောဂျက် အတွက် စက်ကို တီထွင်နေကြရင်း ထိုညက အီသန် အိမ်မပြန်ဖြစ်ပါဘူး သူအိမ်မပြန်တဲ့ အတွက် သူ သွားကြိုရမယ့် အဒေါ်ဖြစ်သူကို မိဘ ၂ ပါး သွားကြိုကြရင်း လမ်းမှာ အက်ဆီးဒင့် တစ်ခုကြောင့် ပွဲချင်းပြီး ဆုံးပါးသွားပါတော့တယ်... ဒီလိုနဲ့ ကျောင်းကိစ္စ နဲ့ သူ့အိပ်မက်တွေကို လက်လျှော့လိုက်ပြီး အီသန် တစ်ယောက် ရရာ အလုပ်လုပ်ရင်း ညီလေး ညီမလေးတွေကို စောင့်ရှောက်နေရပါတော့တယ်... ဒါပေမဲ့ အီသန် မသိလိုက်တာကတော့ သူတို့ အိမ်ထဲကို အမျိုးအမည် ဖော်ပြမရတဲ့ တစ်ခုခု ၀င်ရောက်နေခဲ့တယ်ဆိုတာပါပဲ... ဒီရုပ်ရှင်ကားကို ဝေဇင် က ဘာသာပြန်ပေးထားပါတယ်
movie

Our House (2018)

2018