Channel Myanmar

Peter Arpesella

Ferrari (2023) 6.8
Ferrari (2023) Ferrari (2023) ============= IMDb Rating - 6.8/10ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို ...
movie

Ferrari (2023)

2023
4K HEVC
Eat Pray Love (2010) 5.8
Eat Pray Love (2010) Eat, Pray, Love (2010)2010 တုန်းကထွက်ရှိထားပြီး မင်းသမီး Julia Roberts ခေါင်းဆာင်မင်းသမီးအဖြစ် ပါဝင်ထားတဲ့ Eat Pray Love ဆိုတဲ့ Romantic drama ဇာတ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘဝမှာ ကိုယ်တကယ်တမ်းဘာလိုချင်မှန်းမသိပဲ သေသွားခဲ့ကြတဲ့သူတွေအများကြီးပါ။ ငါမသေခင်လေး ဒါလေးစားဖူးချင်လိုက်တာ၊ ဒီနေရာလေးရောက်ဖူးချင်လိုက်တာ၊ သူနဲ့သာစကားပြောဖြစ်ခဲ့ရင် ဆိုတဲ့ အရာတွေအများကြီးကို နောင်တရ မနေချင်ရင်‌တော့ ကိုယ်တကယ်တမ်း ဘာကိုလိုချင်လဲ ကိုယ့်ကိုကိုယ် ဘယ်သူလဲဆိုတာ အဖြေရှာရမှာပဲဖြစ်ပါတယ်။ ယခုဇာတ်ကားလေးကလဲ ကိုယ်တကယ်အလိုရှိတာဘာလဲ ကိုယ်ကဘယ်လိုလူလဲဆိုတာ အဖြေရှာနေတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လိဇဘတ် လစ်ဇ် ‌ဂေးလ်ဘတ် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ဖြစ်တဲ့အပြင် အိမ်ထောင်သက် ၈ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘဝဟာလမ်းပျောက်နေခဲ့ပြီး သူတကယ်တမ်း ဘာလိုချင်လဲ သူ့ရဲ့စိတ်ဆန္ဒက ဘာကိုအလိုရှိလဲဆိုတာ အမြဲရှာဖွေနေတဲ့သူတစ်ယောက်။ ဒါပေမဲ့ သူဟာအမြဲကိုယ်လိုချင်တာကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ သူရဲ့‌အေးစက်နေတဲ့အိမ်ထောင်ရေးကို ကျောခိုင်းခဲ့ပြီး သူတကယ်တမ်းအလိုရှိတာ ဘဝမှာဖြစ်ချင်တာတွေကို ရှာဖွေဖို့ နေရာ ၃ နေရာကိုခရီးထွက်ပြီး ရှာဖွေပါတော့တယ်။ အီတလီ၊ အိန္ဒိယနဲ့ ဘာလီ ဆိုတဲ့ နေရာ ၃ ခုမှာ သူလိုချင်တဲ့ အရာတွေကို ရှာဖွေပါတော့တယ်။ ဒီနေရာ ...
movie

Eat Pray Love (2010)

2010
Guillermo del Toro’s Pinocchio (2022) 8.1
Guillermo del Toro’s Pinocchio (2022) Guillermo del Toro's Pinocchio (2022)သစ်သားရုပ်လေး ပီနိုခီရိုကို ဒါရိုက်တာကြီး ဂီရယ်မိုဒီတယ်ရိုရဲ့ဗားရှင်းအနေနဲ့ ထွက်လာပါပြီ။ ဒါဟာ ဂီရယ်မိုရဲ့ ပထမဆုံး ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ မူလဇာတ်လမ်းတွေနဲ့ ကွဲပြားစွာပဲ ၁၈၀၀ ခုနှစ်ကိုအခြေမခံဘဲ ပထမကမ္ဘာစစ်အပြီး အီတလီမှာ မူဆိုလီနီအာဏာရချိန် ဖက်ဆစ်အစိုးရ ၁၉၃၀ ဝန်းကျင်ကာလကို အခြေခံထားပါတယ်။ ပုံမှန် Animation မဟုတ်ဘဲ Stop Motion အမျိုးအစားမို့လည်း တစ်မျိုးလေး ဆန်းသစ်ပါသေးတယ်။ ပြီးတော့ ဒါရိုက်တာရဲ့ ထုံးစံအတိုင်း ကလေးပုံပြင်တစ်ခုကိုနည်းနည်းပိုမှောင်မိုက်တဲ့ သဘောတရားတွေနဲ့ ပြသထားတာမို့ လူကြီးပရိသတ်တွေကတော့ ပိုခံစားလို့ကောင်းပါလိမ့်မယ်။ Pan's Labyrinth ရုပ်ရှင်တုန်းကလည်း စပိန်ပြည်တွင်းစစ်ကိုအခြေခံထားသလို ဒီဇာတ်လမ်းကလည်း အီတလီရဲ့တကယ့်နိုင်ငံရေးအခြေအနေကို အခြေခံထားတာပါပဲ။ ပြီးတော့ ပန်းပုဆရာ ဂျီပတ်တိုရဲ့ သေဆုံးသွားတဲ့ သားနာမည်ကိုလည်း ကာလို အဖြစ် ထည့်သွင်းပေးထားပါသေးတယ်။ မူရင်း ပီနိုခီရိုပုံပြင်ကိုရေးခဲ့သူ Carlo Collodi ကို ဂုဏ်ပြုတဲ့သဘောဖြစ်မယ်ထင်ပါတယ်။ ၁ နာရီ ၅၇ မိနစ်အကြာရိုက်ကူးထားတာမို့ အကြာဆုံး Stop Motion ရုပ်ရှင်လည်း ဖြစ်သွားပါပြီ။ ဂီရယ်မိုရဲ့ထုံးစံအတိုင်း နိမိတ်ပုံတွေ၊ ...
movie

Guillermo del Toro’s Pinocchio (2022)

2022
Love in the Villa (2022) 5.3
Love in the Villa (2022) Love in the Villa (2022) =================အချစ်ဟာ ဆန်းကြယ်ပါတယ်။ နဖူးစာရွာလည်ဆိုသလိုမျိုး တစ်ခါတရံ ကမ္ဘာ့မြောက်ဘက်အခြမ်းကလူနဲ့ တောင်ဘက် အခြမ်းကလူလည်း ဆုံစည်းနိုင်တယ်။ ဒါပေမဲ့ ဆန်းကြယ်တဲ့ အချစ်တွေမှာ ရှုပ်ထွေးခြင်းနဲ့ ခက်ခဲခြင်းတွေက နှောင့်ယှက် တတ်စမြဲပဲမဟုတ်လား။ဒီ Love in the Villa ဆိုတဲ့ ဇာတ်ကားလေးမှာတော့ ကလေး တွေကိုစာသင်တဲ့ ဆရာမလေး ဂျူးလီဟာ ရိုမီရိုနဲ့ ဂျူးလိယက်ရဲ့ ပင်တိုင်ပရိသတ်တစ်ယောက်၊ ရူးသွပ်လွန်းလို့ အီတလီနိုင်ငံအထိ ခြေဆန့်ပြီး ခရီးထွက်ချင်သူ။ တစ်နေ့ ခရီးထွက်ဖို့ စီစဥ်ပြီးချိန်မှာ အတူမျှဝေလို့ရမယ့် ချစ်သူကလည်း အသင့်ရှိနေပါတယ်။ ခရီးမှာ ဘယ်တွေသွားမယ်၊ ဘယ်လိုသွားမယ်၊ ဘယ်လိုရိုမယ် သေချာစီစဉ် ထားတာပေါ့။ကံဆိုးချင်တော့ ခရီးမထွက်ခင်လေးတင် ချစ်သူက ပြတ်စဲသွားတဲ့အခါ အချစ်မြို့တော်ကိုသွားမယ့် ဂျူးလီတစ်ယောက် ကံဆိုးခြင်းများစွာကို ဆက်တိုက်ကြုံရင်း ငှားနေမယ့် အချစ်စံအိမ်လေးမှာ လွဲချော်မှုတစ်ခုကြောင့် ချာလီဆိုသူတစ်ဦးနဲ့ ဆုံကြတဲ့အခါ။ ဟာသလေးတွေ၊ အလွဲလေးတွေနဲ့ ချစ်ကြည်နူးခြင်းတွေ အစရှိတာတွေအားလုံးကို ဒီကားထဲမှာ စောင်ကိုက်ရင်း ကြည့်ရမှာ ဖြစ်ပါကြောင်းပြောရင်းတင်ဆက်လိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(1.95 GB) / ...
movie

Love in the Villa (2022)

2022
Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
Letters to Juliet (2010) 6.5
Letters to Juliet (2010) Letters to Juliet (2010) IMDb - 6.5/10_____Rotten - 41%  ကျွန်တော်တို့သူငယ်ချင်းတွေနဲ့ဆုံတွေကြတဲ့ အခါ အတော်များများမေးလေ့ရှိကြတယ် ..ဟဲ့ နင်တို့ (၂)ယောက်ဘယ်လိုကနေဘယ်လိုချစ်သွားကြတုန်းတဲ့... ချစ်ခဲ့ကြဖို့အတွက် အခက်အခဲပေါင်းများစွာကြုံခဲ့ရသလို ကြည်နူးစရာပေါင်းများစွာကြုံခဲ့ရပေမယ့် ပြန်ပြောပြဖို့ကြတော့ ဝါကျ(၃)ကြောင်းလောက်နဲ့ပြီးသွားတတ်တယ်.. ကြိုးစားပြီးပြောပေမယ့် ကိုယ်ကြုံခဲ့ရတာတွေကများသလောက်  ဖွဲ့နွဲ့ပြဖို့ခက်တော့ မြန်မြန်နိဂုံးချုပ်လိုက်ရတယ်.. ဒါတွေကို FAတွေတော့ သိပ်နားလည်မယ် မထင်ဘူး... တစ်ချို့ပြောတတ်ဆိုတတ်တဲ့သူတွေအတွက်တော့ ဇာတ်လမ်းတစ်ပုဒ်နီးပါး နားထောင်ကောင်းနေတတ်မျိုးတော့ရှိတာပေါ့လေ... ဒီလိုပဲ အချစ်စာအုပ်ကောင်းတစ်အုပ် အချစ်ဇာတ်လမ်းကောင်းတစ်ကားကို ညွှန်းဆိုဖို့ကြတော့လည်း အတော်ခက်ပါတယ်.. ကြည့်နူးစရာတွေ ကြုံရမြင်ရ ခံစားရတာတွေများပေမယ့် ညွှန်းဆိုဖို့ကြတော့ခက်ပါတယ်..ပြီးတော့ တခြားသူညွှန်းပြီးသား အချစ်ကားတွေပြန်ကြည့်ရင် ခံစားရတာ ပေါ့နေသလိုဖြစ်နေတတ်တယ်...ဒါကြောင့် ထွေထွေထူးတော့ပြောမနေတော့ပါဘူး.... ဒီအချစ်ကားနဲ့ပတ်သက်ပြီးပြောလို့ရတာက ဇာတ်လမ်းလေးက တခြားအချစ်ဇာတ်လမ်းတွေထက်ကို   ပိုစိတ်ဝင်စားဖို့လည်းကောင်း၊ကြည်နူးဖို့လည်းကောင်း၊ မြင်ရတဲ့အရာတွေကလည်း သိပ်ကိုလှ ၊ဗဟုသုတတွေလည်းရတယ်လို့ပြောပါရစေ... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...   File Size : (850 MB) Quality : Blu-Ray 720p Format…mp4 Duration…01:45:00 Genre :  Adventure, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded by Phyo Pyae
movie

Letters to Juliet (2010)

2010