Channel Myanmar

Peter Hermann

Goodnight Mommy (2022) 5.7
Goodnight Mommy (2022) Goodnight Mommy (2022) ==================== IMDb Rating - 5.7/10Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လော စိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါ ချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင် ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာ မျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူ တို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကို နှစ်ယောက် သံသယ၀င်လာကြပါတယ်။နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယ ပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေ ကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြား ထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံး တော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇ လား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ် ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက် တော့ ...
movie

Goodnight Mommy (2022)

2022
Our Idiot Brother (2011) 6.4
Our Idiot Brother (2011)  ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Our Idiot Brother (2011)

Philomena(2013) 7.6
Philomena(2013) Genre – Biography, Drama IMDB – 7.6/10နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ်သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကိုလက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာစွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကိုမွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန်တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကားအကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲသားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သားလေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကိုရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီးတစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ ...
movie

Philomena(2013)

13: The Musical (2022) 5.2
13: The Musical (2022) 13: The Musical (2022)Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ...တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။)File Size : ...
movie

13: The Musical (2022)

2022
Edge of Darkness(2010) 7.0
Edge of Darkness(2010) Edge of Darkness(2010) အညွှန်း***************************IMDb...7.0"လူတိုင်းနိုင်ငံရေးလုပ်လာကြတဲ့ အခြေအနေတစ်ခုရှိတယ် လုံးဝမဖြစ်သင့်တဲ့အဖြစ်မျိုးမှန်း သိနေတဲ့အခါမှာ ဝင်ပါရတော့တာပဲလေ ကိုယ့်ဘဝဆုံးသွားနိုင်တယ်ဆိုတာတောင်သိလျှက်နဲ့ပေါ့"ဒါကတော့ ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဂျက်ဘာ့ဂ်က ပြောခဲ့တဲ့စကားပေါ့...ဘော်စတွန်မြို့က စုံထောက် သောမတ်စ်ခရေဗင်မှာ အမ်မာခရေဗင်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်.. တစ်နေ့တော့ သူနဲ့သူ့သမီးနဲ့ အိမ်တံခါးဝကအထွက် လူတစ်ယောက်က "ခရေဗင်"လို့အော်ပြီး Shotgun နဲ့ပစ်သွားတာမှာ သူ့သမီးမှန်ပြီး ဆုံးသွားတယ်..... ခရေဗင်ဟာ စုံထောက်တစ်ယောက်ဖြစ်တဲ့အတွက် ရန်ငြှိုးရန်စတွေရှိမှာပဲလို့ရဲတွေကတွေးမိတဲ့အခါမှာ လူသတ်သမား တကယ်တမ်းသတ်ချင်တဲ့လူကစုံထောက်ခရေဗင်ပဲဖြစ်မယ်လို့ ကောက်ချက်ချလိုက်တယ်... သူ့ကိုပစ်တဲ့အချိန်မှာ သူ့သမီးကိုမှားပြီးထိသွားတယ်ပေါ့... ဒါပေမဲ့ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်မှန်းရိပ်မိတဲ့ စုံထောက်ခရေဗင်အတွက်တော့တစ်ကိုယ်တော်ထောက်လှမ်းမှုတွေလုပ်ပြီး လူသတ်သမားကို လိုက်ရှာတဲ့အခါမှာသူ့သမီးနဲ့ပတ်သက်တဲ့အကြောင်းတွေကို မထင်မှတ်စွာဘဲ ရှာဖွေတွေ့ရှိလာခဲ့ရချိန်မှာတော့...   File Size :(2.2GB) (0.9 GB) and (365 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…01:52:00 Genre : Action, Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by ...
movie

Edge of Darkness(2010)

United 93 (2006) 7.6
United 93 (2006) 9/11 ကိစ္စ ကို မှတ်မိကြအုံးမယ် ထင်ပါတယ် အမေရိကန် လေကြောင်းလိုင်းက လေယဉ် (၄) စီးအား အနုကြမ်းစီးကာ အမေရိကန်နိုင်ငံ ရဲ့ လူနေထူထပ်ပြီး တန်ဖိုးရှိတဲ့ နေရာတွေကို အသေခံ မောင်းချတိုက်ရန် စစ်သွေးကြွ အကြမ်းဖက်သမားများ က အကွက်ချ စီစဉ်ခဲ့တဲ့ ကိစ္စပါ... ဒီလေယဉ်တွေထဲမှာ United Flight 93 ခရီးသယ်တင် လေယဉ်ကြီး လဲ ပါဝင်ခဲ့ပါတယ်.... ဒီရုပ်ရှင်ကား ဟာ အကြမ်းဖက်ခံရတဲ့ လေယဉ် အမှတ် ၉၃ ရဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပြီး ခရီးသယ်များ ရဲ့ ဖုန်းအဆက်အသွယ် ပိုင်းလော့တွေ ရဲ့ သတင်းပို့ချက်တွေ အပေါ် ကိုးကားရိုက်ကူးထားတာဖြစ်ပါတယ် ရင်ထိတ်သည်းဖို ကြည့်ရှုရမှာ ဖြစ်ပြီး ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ ညို့မျက်ဝန်း ဖြစ်ပါတယ် Thit San Khant က Encode ၍ တင်တက်ပေးထားပါတယ်
movie

United 93 (2006)

2006