Channel Myanmar

Peter MacKenzie

It’s Complicated (2009) 6.5
It’s Complicated (2009) ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy, Romance ရုပ်ရှင်ကို ပြန်လည်ကြည့်ရှုရင်း ဟောလီးဝုဒ် ရုပ်ရှင်တွေရဲ့ အရင်ခေတ်ကို ပြန်လည်ခံစားလိုက်ရအောင်ပါ။ယခုရုပ်ရှင်ဟာ IMDb rating 6.5, Rotten Tomatoes 59% ရရှိထားပါတယ်။ ဇာတ်လမ်းကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရင်း အတိတ်နေ့ရက်တွေကို ပြန်ခံစားလိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျိမ်းနဲ့ ဂျိတ်ခ်ဟာ ကွာရှင်းခဲ့တာ ကြာပြီဖြစ်တဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ နှစ်တွေလည်း ကြာခဲ့ပြီမို့ သူတို့ကြားမှာ မကျေမနပ်တာတွေ မရှိတော့ဘဲ အဆင်ပြေပြေနဲ့ပဲနေနေကြပါတယ်။ ဂျိတ်ခ်ဟာလည်း အက်ဂ်နက်ဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ထပ်ပြုထားပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့သား လုခ်ရဲ့ ဘွဲ့နှင်းသဘင်ကို တက်ဖို့ နယူးယော့ခ်မြို့ကိုသွားကြပါတယ်။ အဲညမှာ သူတို့နှစ်ယောက် မူးအောင်သောက်ကြပြီး ဇာတ်လမ်းကို ပြန်စမိသွားပါတယ်။ ဂျိမ်းနဲ့ ဂျိတ်ခ်တို့ကြား ဘယ်လိုရှုပ်ထွေးတာတွေ ဖြစ်လာမလဲဆိုတာ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p File size… ...
movie

It’s Complicated (2009)

2009
Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

Good Morning, Vietnam (1987) 7.3
Good Morning, Vietnam (1987) Good Morning, Vietnam (1987)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ဒီလိုပါပဲ ခရိုနော်နဲ့ ...
movie

Good Morning, Vietnam (1987)

1987
Nick of Time (1995) 6.3
Nick of Time (1995)  ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie

Nick of Time (1995)

One Hour Photo (2002)
One Hour Photo (2002) IMDb - 6.8/10 ~ RT - 81% ဆိုင် ပဲရစ်ရှ် (Robin Williams) ဟာဖလင်တွေကနေပြီး ဓာတ်ပုံကူးပေးတဲ့လုပ်ငန်းကို ၁၁ ကျော်ကြာကြာအောင်လုပ်ကိုင်နေခဲ့သူပါ။ သူ့ရဲ့အလုပ်ကိုသေချာကျွမ်းကျင်ပြီးလေးစားမှုအပြည့်လည်းရှိတဲ့အပြင် သူထုတ်သမျှဓာတ်ပုံတိုင်းကိုလည်း အရောင်လေးနည်းနည်းလွဲတာနဲ့တင်မကျေနပ်ပဲ လုံးဝကိုပြည့်စုံနေမှရမယ်ဆိုတဲ့လူမျိုးပါ။ သူရဲ့ ပုံမှန်ကာစတန်မာတွေကိုလည်း စေတနာအပြည့်နဲ့ ဓာတ်ပုံထုတ်ခတွေဈေးလျော့ပေးတတ်လေ့ရှိပါသေးတယ်။ ဆိုင်ဆီမှာ ပုံမှန်ပုံထုတ်နေကျ‌ကာစတန်မာတွေထဲမှာ ဝီလီယံနဲ နီနာ ယော့ကင်တို့မိသားစုလည်းအပါအဝင်ပဲ။ ဝီတို့ရဲ့သားလေးငယ်ငယ်လေးကတည်းကပြီး အသက်ကိုးနှစ်ပြည့်သည်အထိ ပုံတိုင်းကိုဆိုင်ပဲထုတ်ပေးခဲ့ရတာဖြစ်လို့ တစ်ကိုယ်တည်းပဲနေတဲ့ လူပျိုကြီးဆိုင်တစ်ယောက် ယော့ကင်တို့မိသားစုကိုသံယောဇဉ်ပါတွယ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုင်ကိုလာထုတ်ခိုင်းတဲ့ဓာတ်ပုံတွေထဲမှာ ဝီလီယံ ယေ့ာကင်ရဲ့ ဖောက်ပြန်နေတဲ့ ပုံတွေကိုမြင်လိုက်ရပါတယ်။တစ်ချိန်ထဲမှာပဲစာရင်းကွာဟမှုတွေကိုအကြောင်းပြပြီး ဆိုင်ကို မန်နေဂျာကအလုပ်ဖြုတ်ပစ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ယော့ကင်တို့မိသားစုကိုသံယောဇဉ်တွယ်နေတဲ့ ဆိုင်တစ်ယောက် နီနာနဲ့ သူ့သားလေးတို့ကို ဝီလီယံဖောက်ပြန်နေကြောင်းသိအောင်လုပ်ပြရင် ဘယ်လိုမျိုးလုပ်ရပ်တွေကျူးလွန်မိသွားမလဲဆိုတာကိုကြည့်ရှုရမဲ့ psychological thriller ဇာတ်ကားကောင်းတစ်ကားပါဗျ။ အော်စကာဆုရ မင်းသားကြီး Robin Williams ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် သရုပ်ဆောင်နေကျဇာတ်ရုပ်တွေကနေကွဲထွက်နေတဲ့ ဇာတ်ရုပ်ကို ...
movie

One Hour Photo (2002)

42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013
Project X (2012) 6.7
Project X (2012) ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် ပေါ့ပေါ့ပါးပါး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားကို ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်။ အပျော်တွေကူးစက်လာမယ့် ဇာတ်ကားဖြစ်သလို…အနောက်တိုင်းယဉ်ကျေးမှု ..ခံယူချက်နဲ့ လွတ်လပ်မှုတွေကို တစ်စိတ်တစ်ဒေသ ခံစားရမှာပါ။ဇာတ်လမ်းကို အနည်းအကျဉ်းပြောရရင်အသက် ၁၇ နှစ်ပြည့် မွေးနေ့မှာ သောမတ်စ် တစ်ယောက် မိဘတွေကလည်း ခရီးသွားနေတုန်း သူ့သူငယ်ချင်း အနည်းငယ်နဲ့ မွေးနေ့ပါတီလေးတစ်ခု ကျင်းပဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ သူ့သူငယ်ချင်းနှစ်ယောက်က လက်မခံပဲ ဒီလို ပါတီဆိုတာ လူများရင်ကောင်းတဲ့ အကြောင်း ဖျောင်းဖျပြီး တစ်ခြားလူတွေကို ထပ်မံဖိတ်ခေါ်ပါတော့တယ်။အဲ့ဒီမှာပဲ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးရောက်လာပြီး ထိန်းမနိုင် သိမ်းမရတွေ ဖြစ်ကုန်တော့ပါတယ်။ သောမတ်စ် ရဲ့ အိမ်လည်း ရစရာမရှိအောင်ပျက်စီးသွား ပါတော့တယ်။ သူ့မိဘတွေ ပြန်ရောက်လာတဲ့ အချိန်မှာတော့ သောမတ်စ် တစ်ယောက် ဘယ်လို ဖြေရှင်းမလဲ ဘယ်လိုတွေ သောင်းကျန်းကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။မိသားစုနဲ့ကြည့်ရင်တော့ ခေါင်းခေါက်ခံရမယ့်ဇာတ်ကားပါ။  File size…(1.7 GB) and (1 GB) Quality….Extended BluRay 1080p and 720p 5.1CH Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

Project X (2012)

2012
1080p Untouched
Earth to Echo (2014) 5.8
Earth to Echo (2014)  အခုတစ်ခါတော့ ၂၀၁၄ ခုနှစ်လည်ပိုင်းလော်က ထွက်ရှိထားတဲ့စက်ရုပ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဇတ်ကားလေးက IMdb မှာ ၅.၄ ရထားပြီးတော့Stranger Things လိုခပ်ဆင်ဆင်လေးရိုက်ထားတာပါဇာတ်လမ်း အကျဉ်းလေး  တတ်ခ် ရယ် မာ့ခ်ျရယ် အဲလတ်စ် ရယ်ဟာသူတို့ နားမှာ ဆောက်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြေတူးရာမှာစပြီး သူတို့ဆီကို ထူးဆန်းတဲ့ စာတိုတွေ သူတို့ဖုန်းတွေကို ဆက်တိုက်ပို့နေရာမှအဲ့ဒီ ဆောက်လုပ်ရေးဆိုက် ရဲ့ တာဝန်ရှိသူတွေကို သွားပြရာမှာ ဒီလိုနဲ့အစိုးရပိုင်းကပါ သိပြီး ထူးဆန်းတဲ့ ဂြိုဟ်သားစက်ရုပ် ကျူးကျော်မှု တစ်ခုဆိုတာကိုသိရှိသွားပါတယ် ဒီလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက်လဲ ဒီအရှူပ်တော်ပုံထဲကနေဘယ်လိုတွေဖြစ်ကြမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - 720P BlurayDuration - 1hr 40minGern - Sci-fiEncoder - Kyaw Ye Aung  
movie

Earth to Echo (2014)

2014