Channel Myanmar

Peter O'Brien

Michael Collins(1996) 7.1
Michael Collins(1996) Michael Collins(1996)********************သမိုင်းကြောင်းကိုပြန်ရိုက်ကူးထားတဲ့ Biography-Warဇာတ်လမ်းကောင်လေးဖြစ်တာနဲ့အညီမင်းသားကြီး လီယံနယ်ဆန်ကလည်းပီပီပြင်ပြင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားဟာ အိုင်ယာလန်နိုင်ငံ လွတ်လပ်‌ရေးရအောင် ကြိုးပမ်းပေးခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့Michael Collinsရဲ့ အကြောင်းကိုရိုက်ကူးထားတာပါ။ ဗြိတိသျှတို့ ကိုလိုနီလုပ်ပြီး နယ်ချဲ့အုပ်ချုပ်ခဲ့တဲ့နိုင်ငံတွေထဲမှာ အိုင်ယာလန်နိုင်ငံလည်းပါခဲ့ပြီး နှစ် ၇၀၀ကျော် အုပ်စိုးခံခဲ့ရပါသတဲ့။Michael Collinsရဲ့ထူးခြားတဲ့အချက်ကတော့ ဗြိတိသျှတွေစစ်ပြေငြိမ်းရေးကမ်းလှမ်းချိန်အထိMichael Collinsဟာဘယ်သူလဲဆိုတာမသိအောင် သိုသိုဝှက်ဝှက်နေသွားနိုင်တဲ့ ထူခြားတဲ့အတွေးအခေါ်ရှိတာပါပဲ။သိုသိုဝှက်ဝှက်နေတယ်ဆိုလို့ပုန်းနေတာမဟုတ်ဘူးဗျ။ ဆုကြေးထုတ်ထားတဲ့ကြားကနေDublinမြို့ပေါ်မှာ ဝတ်စုံပြည့်ဝတ် စက်ဘီးကိုမှင်သေသေစီးပြီး ဗြိတိသျှတွေမျက်စိအောက်တင်ရှိနေခဲ့တာပါ။သူ့ရဲ့တော်လှန်ရေးလမ်းစဥ်အတွင်း ပျောက်ကျားစစ်ကိုစတင်နိုင်ခဲ့သလို အိုင်ယာလန်ကိုလည်းလွတ်လပ်တဲ့ပြည်နယ်အဖြစ်ဖော်ဆောင်ပြီး ငြိမ်းချမ်းရေးရယူနိုင်ပေးခဲ့သူပါ။ နိုင်ငံရေးဆိုတာထင်သလောက်မရိုးရှင်းမလွယ်ကူသလို ပေးဆပ်ရတဲ့အရင်းအနှီးကလည်းကြီးမားကြောင်းပြသထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ File Size :(2.6GB) and (1.1GB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:13:00 Genre : Biography, Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Michael Collins(1996)