Channel Myanmar

Peter Rnic

Basic Instinct 2 (2006)(18+) 6.5
Basic Instinct 2 (2006)(18+) Basic Instinct 2 (2006) အညွှန်း***************************(18+ Erotic  အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါ.) စုံထောက်ကားဆန်ဆန် သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို နှစ်သက်တဲ့သူတွေအတွက်ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်....တင်ပါးလွှဲထိုင်ချက်နဲ့ကမ္ဘာလောကြီးက ပုရိသအပေါင်းကို ဆွဲလှုပ်ခဲ့ဖူးတာကို အားလုံးသိကြမယ်ထင်ပါတယ်..အဲဒီ အထဲ မြန်မာက လူငယ်တွေပါ မပါတော့ ကျွန်တော်လည်းမပြောတတ်.. မင်းသမီးကတော့ 90s kid တို့အသဲစွဲ Sharon Stone ပါ.. သူ့ဇာတ်ကားတွေကြည့်ဖူးတဲ့လူတွေကတော့ သူ့ရဲ့အကြည့် သူ့ရဲ့အသံနဲ့တင်ရင်ဖိုလှိုက်မောခဲ့ရတာတွေကို ပြန်အမှတ်ရပါလိမ့်မယ် ဒီဇာတ်ကားထဲမှာလည်း သူဟာ ဆွဲ‌ဆောင်မှုရှိတဲ့ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်...စကားလုံးအသုံးအနှုန်းတွေဟာ မိသားစုနဲ့အတူကြည့်ရှုဖို့တော့ သင့်တော်မှာမဟုတ်ပါဘူးဇာတ်လမ်းအညွှန်းကက်သရင်းထရာမယ်ဆိုတဲ့အမျိုးသမီးဟာ စွန့်စားရတာကိုစွဲလမ်းနေ‌တဲ့စိတ်ရောဂါတစ်မျိုးကို ခံစားနေရတဲ့လူတစ်ယောက်ပါ... သူ့ရဲ့စွန့်စားမှုတွေကြောင့် သူ့ကိုယ်သူတင်မကဘဲ သူတစ်ပါးကိုပါအသက်သေစေတဲ့အထိဖြစ်လာတဲ့အခါမှာ သူဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်... အဲဒီအချိန်မှာ သူ့ရဲ့စိတ်အခြေအနေကို အကဲဖြတ်သုံးသပ်ဖို့အတွက် မိုက်ကယ်ဆိုတဲ့စိတ်ရောဂါကုဆရာဝန်ဆီမှာ သူကုသခဲ့ပါတယ် ဒီလိုကု‌သနေတဲ့အချိန်အတောအတွင်းမှာလည်းသူ့အနီးအနားကလူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာကြရပါတယ်... ဒီတော့ ဒီအမှုကို သေသေချာချာလိုက်လံစုံစမ်းပြီးရှာဖွေဖော်ထုတ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ ကြည့်ရှုသူအားလုံးစိတ်ထဲမှာ သို့လောသို့လောနဲ့ရင်တမမကြည့်ရှုရမယ့်ဇာတ်ကားဖြစ်တဲ့အကြောင်းကတော့ အာမခံလိုက်ပါရစေ....   File Size :(3.08GB)(0.9GB) and (338MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Mystery ...
movie

Basic Instinct 2 (2006)(18+)