Channel Myanmar

Peter Siragusa

Cloudy with a Chance of Meatballs (2009) 6.9
Cloudy with a Chance of Meatballs (2009) ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေမိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူမရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကိုCM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာအဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီးပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။ဒါပေမဲ့ သာမန်ကလေးတွေကြားမှာသူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။တစ်နေ့မှာတော့ ဖလင့်က ...
movie

Cloudy with a Chance of Meatballs (2009)

2009
Cloudy with a Chance of Meatballs 2 (2013) 6.5
Cloudy with a Chance of Meatballs 2 (2013) Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie

Cloudy with a Chance of Meatballs 2 (2013)

2013
While You Were Sleeping(1995) 6.8
While You Were Sleeping(1995) While You Were Sleeping(1995)****************************မင်းသမီးကြီး Sandra Bullockသရုပ်ဆောင်ထားတာဆိုတော့ မကောင်းမှာစိုးရိမ်စရာမလိုပါဘူး။ ဘဝဆိုတာ ဘယ်တော့မှ ကိုယ်စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာဘူးတဲ့။ရထားဘူတာရုံမှာ အလုပ်လုပ်တဲ့ကောင်မလေးLucyဟာဘူတာရုံကိုရထားလာစီးနေကျ ကိုယ်တော်ချောတစ်ယောက်ကို ကြိတ်ကြွေနေခဲ့ပါတယ်။ ကိုယ့်ဘက်ကကြွေနေရပေမဲ့ သူက ကိုယ်ရှိမှန်းတောင် မသိပါဘူး။တစ်နေ့မှာ ထိုကိုယ်တော်ချောဟာ လူရမ်းကားတွေကြောင့် ပလက်ဖောင်းပေါ်ကနေရထားသံလမ်းပေါ်ကို ပြုတ်ကျသွားပါတယ်။ ဒီအချိန်မှာ Lucyက ကယ်ပေးပြီးဆေးရုံပို့လိုက်ပါတယ်။ ကိုယ်တော်ချော ကိုမာရနေပြီး မိသားစုတွေရောက်လာချိန်မှာLucyကို သူတို့ချွေးမလောင်းအဖြစ် ထင်မှတ်မှားသွားကြပါတယ်။Lucyလည်း အဖြစ်မှန်ကို ရှင်းပြချိန်မရလိုက်ပါဘူး။ ဒီလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာဆက်လက်စောင့်ကြည့်လိုက်ပါဦးခင်ဗျာ။ ချစ်စရာကောင်းတဲ့အချစ်မြူးကားလေးမို့ လက်မလွှတ်တမ်း ကြည့်ရှူလိုက်ကြပါဦး။File Size : (4.5GB) and (866MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama,  Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

While You Were Sleeping(1995)

The Big Lebowski(1998) 8.1
The Big Lebowski(1998) The Big Lebowski(1998)IMDB...8.1,,,,,Rotten....83%လော့စ်အိန်ဂျယ်လ်စ်မြို့မှာ Lebowski ဆိုတဲ့နာမည်နဲ့လူ(၂)ယောက်ရှိတယ်....သူတို့က နာမည်သာတူတာ ...အရည်အချင်းနဲ့ပိုင်ဆိုင်မှုကတော့ ဆီနဲ့ရေလို့ပြောရမလားပဲ...တစ်ယောက်က သန်းကြွယ်သူဌေးကြီးဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ ဘီယာလေးငုံလိုက် ဘော်ဒါတွေနဲ့ ပေါက်ကရပြောလိုက်နဲ့ ငပျင်းဘဲကြီး Lebowskiပေါ့....တစ်နေ့မှာ သူဌေးကြီး Lebowskiရဲ့အိမ်ကိုကြေးစားလူမိုက်နှစ်ယောက်က ဖျက်ဆီးဝင်ရောက်ခဲ့ပြီးတော့ ငွေညှစ်ဖို့လုပ်ပါတော့တယ်...ကံဆိုးတာကသူတို့ဝင်တဲ့အိမ်ဟာ နာမည်တူ ငပျင်းငမွဲ Lebowski   အိမ်ဖြစ်နေပါတယ်...ဒါ့ကြောင့်စိတ်တိုတိုနဲ့ အိမ်မှာရှိတဲ့ကော်ဇောကိုသေးနဲ့ပန်းသွားတယ်...ဒါက သန်းကြွယ်သူဌေးLebowskiမှာတာဝန်ရှိတယ်လို့ ယူဆပြီးတော့ ငပျင်းကြီးဟာကော်ဇောအစားတစ်ခုပြန်ပေးဖို့သွားတောင်းပါတယ်... သွားတောင်းစဉ်မှာပဲသူဟာ ပြန်ပေးဆွဲမှုတစ်ခုမှာ ပါဝင်ပတ်သက်မိပြီးတော့ ပြဿနာအားလုံးဟာ သူ့ခေါင်းပေါ်ကျလာပါတော့တယ်...ဘဲကြီးLebowskiအနေနဲ့ အရှုပ်ထုပ်တွေကြားထဲကနေ ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ရမလဲ ...ဘယ်လိုရုန်းထွက်မလဲ...ဒီကားက imdb ရော Rotten ရော လန်ထွက်နေသလို ဆုပေါင်း ၅ဆုရရှိထားပြီး အခြားဆု၁၇ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ထားပါတယ်....ကားသစ်တစ်ချို့ကြောင့်စိတ်ပျက်နေတဲ့သူတွေအတွက် ဒီကားကတော့ နင်းကန်မိုက်ကြောင်း သတင်းကောင်းပါးပါရစေ......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကMarTizasဖြစ်ပါတယ်...File Size : (950 MB) and (394 MB) Quality : Blu-Ray 720p Format…mp4 Duration…01:57:00 Genre :  Comedy, Crime, Sport Subtitle : Myanmar Subtitle ...
movie

The Big Lebowski(1998)