Channel Myanmar

Petra Polnišová

We’re Going to Team Building (2023) 5.0
We’re Going to Team Building (2023)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး စိတ်အပန်းပြေစေမယ့်ကားလေးပါပဲ။ဇာတ်လမ်းကိုပြောရရင်တော့ ဘယ်အလုပ်မှာမဆို ပုံမှန်အတိုင်းဆိုရင်တော့ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့ဆိုပြီး ရာထူးချခံရတာတွေ အလုပ်ထုတ်ခံရတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲကမင်းသားကတော့ အလုပ်ကြိုးစားလွန်းလို့ဆိုပြီး သူနဲ့တွဲလုပ်ရတဲ့ အလုပ်ဖော်တွေကစိတ်ညစ်ပြီး သူဌေးကိုတိုင်တဲ့အတွက် သူဌေးက သူ့ကိုရာထူးချပြီး တစ်ယောက်တစ်မျိုးဂေါက်နေတဲ့ဝန်ထမ်းတွေရှိတဲ့ မြေအောက်ခန်းထဲက call centerထဲမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူခိုင်းလိုက်ပါတယ်။အဲဒီနောက် ထိုမြေအောက်ခန်းထဲမှာပဲ သူက တဖြည်းဖြည်းပျော်လာတဲ့အချိန်မှာ မနာလိုတဲ့ဝန်ထမ်းတစ်ယောက်က သူဌေးကိုထပ်သွားတိုင်တဲ့အခါ ထိုcall centerလေးပါ ပိတ်သိမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူလည်း ထိုcall centerလေးကိုမပိတ်သိမ်းအောင် သူ့ရဲ့ဂေါက်တောက်တောက်အလုပ်ဖော်တွေနဲ့ ဘယ်လိုတစ်လွဲတွေလုပ်ပြီး တားဆီးဖို့ကြိုးစားကြလဲဆိုတာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

We’re Going to Team Building (2023)

Welcome Home, Brother! (2022)
Welcome Home, Brother! (2022)  ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲ‌လုပ်ဖို့ပြန်သွားကြ‌တာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေး‌နဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

Welcome Home, Brother! (2022)