Channel Myanmar

Philip Lawrence

Battle: Los Angeles (2011) 5.8
Battle: Los Angeles (2011)  စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre .....  Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Battle: Los Angeles (2011)

2011
Jingle Jangle: A Christmas Journey 2020 6.6
Jingle Jangle: A Christmas Journey 2020 ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ‌ ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck   
movie

Jingle Jangle: A Christmas Journey 2020